အာရှဒေသ အလှပဆုံး တောင်ပေါ် ၉ မြို့စာရင်းတွင်မြန်မာနိုင်ငံက တောင်ပေါ်မြို့လေးတစ်မြို့လည်း ပါဝင်နေ


03 December, 2020

UK နိုင်ငံအခြေစိုက် Post Magazineတွင် ဖော်ပြနေသော သွားရောက်လည်ပတ်ရန် သင့်တော်သည့် အာရှဒေသ အလှပဆုံး တောင်ပေါ် ၉ မြို့စာရင်းတွင်

ပြင်ဦးလွင်မြို့အား နံပါတ် ၃ နေရာတွင် ထည့်သွင်း ဖော်ပြခဲ့ကြောင်း သိရသည်။

အာရှဒေသအလှပဆုံး တောင်ပေါ်မြို့စာရင်းများကို အိန္ဒိယနိုင်ငံရှိကိုလိုနီနယ်မြေဖြစ်ခဲ့သော Shimla၊ဖိလစ်ပိုင် နိုင်ငံ အတွင်း ၁၉ဝဝ ပြည့်နှစ်ကတည်ဆောက်ခဲ့သည့် Baguio၊မြန်မာနိုင်ငံတွင် ကိုလိုနီခေတ်လက်ရာမာျးဖြစ်သော ဘုရား၊

တရုတ်ဘုံကျောင်း၊ခရစ်ယာန် ဘုရားကျောင်းများ ရှိရာ မေမြို့ ဟု လူသိများသော ပြင်ဦးလွင်မြို့၊အရှေ့တီမောရှိ ပင်လယ်ရေမျက်နှာပြင်အထက် ၁၄ဝဝ မီတာတွင်တည်ရှိသော Maubisse၊

မလေးရှားနိုင်ငံရှိ Cameron Highlands၊ဗီယက်နမ်နိုင်ငံရှိ ပြင်သစ်အငွေ့အသက်များလွှမ်းခြုံထားရာ Da Lat၊သီရိလင်္ကာမှ ရေတံခွန်နှင့် ထင်ရှူးတောများ ရှိရာ Nuwara Eliya၊

အင်ဒိုနီးရှားနိုင်ငံ ဂျကာတာမြို့တောင်ဘက်ရှိ ဒတ်ချ်အငွေ့အသက်များ လွှမ်းခြုံထားရာ Bogor နှင့် ပါကစ္စတန်နိုင်ငံရှိ Murree ကို အစဉ်လိုက် ဖော်ပြခဲ့ခြင်း ဖြစ်ကြောင်းသိရသည်။

ထို့ပြင် Asia Correspondent သတင်း Website တွင် ဖော်ပြသော ကမ္ဘာ့ အမြင့်ဆုံး ဗုဒ္ဓဆင်းတုတော် ခုနှစ်ဆူစာရင်းတွင် မြန်မာနိုင်ငံ မုံရွာမြို့ရှိလေးကျွန်းစကြာ ရပ်တော်မူ ဗုဒ္ဓရုပ်ပွားတော်သည် ဒုတိယနေရာတွင် ပါဝင်ခဲ့ကြောင်း သိရသည်။

ကမ္ဘာ့အမြင့်ဆုံး ဆင်းတုတော်များအားလုံးသည် အာရှဒေသတွင်းတည်ရှိခြင်းဖြစ်ကာ တရုတ်နိုင်ငံ၊ဟီနန်းပြည်နယ်ရှိ Spring Temple ဗုဒ္ဓရုပ်ပွားတော်သည် အမြင့်ပေ ၅ဝ၂ ပေ ဖြင့် အမြင့်ဆုံးဖြစ်ကာ မုံရွာမြို့၊

ဗောဓိ တစ်ထောင်ရှိ အမြင့်ပေ ၃၈၁ ပေရှိသော လေးကျွန်းစကြာဗုဒ္ဓ ရုပ်ပွားတော် သည် ဒုတိယနေရာတွင် ရှိကြောင်းသိရသည်။

ဂျပန်နိုင်ငံမှ ယူရှီကို ဒိုင်ဘူဆူ ဗုဒ္ဓရုပ်ပွားတော်သည်အမြင့်ပေ၃၆၇ ပေဖြင့် တတိယမြောက် ဆင်းတုတော်ဖြစ်ကာ တရုတ်နိုင်ငံမှ ဧကရာဇ် ယန်နှင့် ဟန်ရုပ်တုများမှာ အမြင့်ပေ ၃၄၈ ပေဖြင့် စတုတ္ထမြောက်နေရာတွင် တည်ရှိသည်။

ပဉ္စမမြောက်နေရာတွင် ဂျပန်နိုင်ငံ ဆင်ဒိုင်ဒိုက်ကန်နိုဗုဒ္ဓဘာသာဘုန်းတော်ကြီးကျောင်းရှိအမြင့်ပေ ၃၃ဝ ဆင်းတုတော်ဖြစ်သည်။

ဆဋ္ဌမမြောက်နေရာတွင် အမြင့်ပေ ၃၂၅ပေ ရှိ တရုတ်နိုင်ငံ၊ဝေ့ကျန်းပြည်နယ်မှ ကွမ်ရင်မယ်တော်ရုပ်တု ဖြစ်ကာ ထိုင်းနိုင်ငံ အန်ထောင်းခရိုင်ရှိ ဗုဒ္ဓရုပ်ပွားတော်ကြီးသည် အမြင့်ပေ ၃ဝ၂ ပေဖြင့် သတ္တမမြောက်နေရာတွင် ရှိကြောင်းသိရသည်။

Region Tips Read 133 times