၂ဝ၁၈ခုနှစ် ဇန်နဝါရီလ စာရင်းအရ မြန်မာနိုင်ငံတွင် ဂျပန်နိုင်ငံ မှ အမေရိကန်ဒေါ်လာ သန်း ၇၉ဝကျော် ရင်းနှီးမြှုပ်နှံထားပြီး ဂျပန်မှ နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုပြုလုပ်နေသည့်
နိုင်ငံပေါင်း ၄၆နိုင်ငံ တွင် မြန်မာနိုင်ငံသည် အဆင့် ၁ဝတွင် ရပ်တည်နေကြောင်း မြန်မာနိုင်ငံကုန်သည် များနှင့် စက်မှုလက်မှု လုပ်ငန်းရှင်များ အသင်းချုပ် ဒုတိယဥက္ကဋ္ဌမှပြောကြားခဲ့ကြောင်းသိရသည်။
ယင်း ရင်းနှီးမြှုပ်နှံမှုများတွင် လုပ်ငန်းပေါင်း ၁ဝ၁ ခုရှိပြီး တနိုင်ငံလုံးအတိုင်းအတာအရ ၁ ဒသမ ၅ ရာခိုင်နှုန်း ရှိကာ ကုန်သွယ်မှု ပိုင်းတွင်ဂျပန်နိုင်ငံသည် မြန်မာနိုင်ငံ၏ တတိယကုန်သွယ်ဖက်နိုင်ငံဖြစ်ကြောင်း သိရသည်။
ဂျပန်နိုင်ငံအနေနှင့် မြန်မာနိုင်ငံ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ပညာရေး၊ကျန်းမာရေး၊သဘာဝဘေးအန္တရာယ် ကာကွယ်ရေးစသော ကဏ္ဍများတွင် အကူအညီ များပေးခဲ့သည်။
ယခင်က မြန်မာနိုင်ငံအပေါ်တင်ရှိနေသည့် ကြွေးမြီအမေရိကန်ဒေါ်လာ ၄၇ဝ ဘီလီယံကိုလည်း လျှော်ပေးခဲ့သည်။လူမှုဘဝ ပြောင်းလဲရေးကိုလက်တွေ့ ခံစားနိုင်စေရန်အတွက် ကိုလည်းရန်ကုန်-မန္တလေး ရထားလမ်းပြုပြင်ရေး၊ရန်ကုန်-မန္တလေးရေကြောင်းသွားလာမှုအဆင့်မြှင့်တင်ရေးစသည့် လုပ်ငန်းများနှင့် အခြားသော ဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများတွင်လည်း အထူးအာရုံစိုက်ပြီး အကူအညီ များပေးနေကြောင်းသိရသည်။
ထို့အပြင် ရခိုင်ဒေသပြန်လည်ထူထောင်ရေးနှင့် သီလဝါအထူးစီးပွားရေးဇုန်စီမံကိန်းအကောင်အထည်ဖော်ဆောင် ရွက်ရာတွင်လည်း ဝိုင်းဝန်းကူညီပူးပေါင်းဆောင်ရွက်မှုများ ပြုလုပ်ခဲ့ေကြောင်းသိရသည်။
မြန်မာ-ဂျပန် ကုန်သွယ်မှု ပမာဏသည် ၂ဝ၁၆-၂ဝ၁၇ ခုနှစ်တွင် အမေရိကန်ဒေါ်လာ သန်းပေါင်း ၂ဝ၃၁ ဒသမ ၇၉၁ရှိခဲ့ပြီး ၂ဝ၁၇-၂ဝ၁၈ ခုနှစ်အရောက်တွင် အမေရိကန်
ဒေါ်လာ ၁၂၄၁ ဒသမ ၇၅၆သန်းရှိခဲ့သော်လည်း သွင်းကုန်ပမာဏသည် အမေရိကန်ဒေါ်လာ ၆၅ဝ ဒသမ ၅၃သန်းရှိပြီး ပို့ကုန်သည် အမေရိကန်ဒေါ်လာ ၅၉၁ ဒသမ ၂၄၃သန်းဖြစ်သည့်အတွက်
မြန်မာနိုင်ငံမှ ဂျပန်သို့ပို့ကုန် ပမာဏထက် ဂျပန်သည် မြန်မာနိုင်ငံကို တင်သွင်းသည့် ကုန်ပစ္စည်းများသည် ပိုမိုများပြားနေသည်ကို တွေ့ရှိရသည်။
ဂျပန်-မြန်မာ Corporation Forum အရ ဂျပန်းယန်းငွေ ၈ဝဝဘီလီယံ အထောက်အပံ့ပေးထားသည့်အတွက်လည်း နှစ်နိုင်ငံကြား ဘက်စုံပူးပေါင်းဆောင်ရွက်နိုင်သည့် လုပ်ငန်းများစွာ ရှိနေသည်။
ထို့ကြောင့် ဂျပန် စီးပွားရေးလုပ်ငန်းရှင်များ အနေဖြင့် ၂ဝ၁၈ ခုနှစ်အတွင်းမှာ ပို၍ ကုန်သွယ်မှု၊ရင်းနှီးမြှုပ်နှံမှုနှင့် ဝန်ဆောင်မှုလုပ်ငန်းများအပြင် လျှပ်စစ်နှင့် စွမ်းအင် စီမံကိန်း၊သယ်ယူပို့ဆောင်ရေးလုပ်ငန်း၊အဝေးမြေးလမ်းမကြီးနှင့်
မီးရထားလမ်းစီမံကိန်း၊ရေကြောင်းသယ်ယူပို့ဆောင်ရေးလုပ်ငန်းများ၊လေယာဉ်ကွင်းများတည်ဆောက်ရေးစသည့် အကြီးစား စက်မှုလုပ်ငန်းများတွင် လာရောက်ရင်းနှီးမြှုပ်နှံကြရန်ဖိတ်ခေါ်ကြောင်း သိရသည်။
မကြာမီ ပြဋ္ဌာန်းခဲ့သည့် မြန်မာနိုင်ငံ၏ တစ်ခုတည်းသော ရင်းနှီးမြှုပ်နှံမှု ဥပဒေနှင့် လုပ်ထုံးလုပ်နည်းများ၊စည်းကမ်းချက်များသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံသူများအတွက်
ပွင့်လင်းမြင်သာပြီးရှင်းလင်းထူးခြားသော အခွင့်အရေးများစွာ ရရှိနိုင်မည်ဖြစ်ကာ နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများအနေဖြင့် အခွန်ပေးဆောင်ရာတွင် နိုင်ငံသား၊နိုင်ငံခြားသားခွဲခြားထားခြင်းမရှိဘဲ
တန်းတူပေးဆောင်၍ ရနိုင်သည့်အပြင် ရင်းနှီးမြှုပ်နှံမှု ပြုရာတွင်လည်း နှစ် ၇ဝ ခွင့်ပြုထားပြီးဖြစ်ကြောင်းလည်း သိရသည်။