မြန်မာ့ အိမ်ခြံမြေ ဈေးကွက် အခြေအနေ


17 November, 2020

မြန်မာနိုင်ငံအိမ်ခြံမြေ စျေးကွက် တွင်နိုင်ငံခြားမှ ရင်နှီးမြှုပ်နှံနေကြသော်လည်း စျေးကွက်ကတော့ နှေးကွေးနေဆဲပင်ဖြစ်သည်။

အမျိုးမျိုးသော ဆောက်လုပ်ရေးစက်မှုလုပ်ငန်းများဖြစ်သော မြန်မာနိုင်ငံ အိမ်ခြံမြေဝန်ဆောင်မှုအသင်း(MRESA) နှင့် မြန်မာနိုင်ငံဆောက်လုပ်ရေးလုပ်ငန်းရှင်များအသင်း (MCEA) သည်

လက်ရှိမြင့်မားနေသော ပစ္စည်းဥစ္စာပိုင်ဆိုင်မှု အခွန်ပြန်လည်သုံးသပ်ရန် အတွက် တိုက်တွန်းခဲ့သည်။

တန်ဖိုးနည်းအိမ်ရာများသည်လည်း သာမန်ပြည်သူများအတွက် လက်လှမ်းမမီသကဲ့သို့ဖြစ်နေသည်။

အလယ်အလတ်လူတန်းစားများအတွက် ရန်ကုန်ရှိ apartment များ၊ကွန်ဒိုများသည် ကျပ်သိန်းပေါင်း ၁ဝဝဝကျော်ရှိနေပြီး လက်ရှိအခွန်နှုန်းများမှာ လည်း ၃ဝရာခိုင်နှုန်းခန့် ရှိနေသည်။

၂ဝ၂ဝ-၂ဝ၂၁ နှစ်ကုန်ပိုင်းခန့်တွင် မြန်မာနိုင်ငံအစိုးရမှ တန်ဖိုးနည်းအိမ်ရာများကို တစ်သိန်း ရှစ်သောင်းခန့် တည်ဆောက်ပေးရန်ရှိပြီး စျေးနှုန်းတန်ဖိုးကိုလည်း

တန်ဖိုးနည်း ဆိုသည်အတိုင်း တန်ဖိုးနည်းနည်းဖြင့် နေထိုင်နိုင်ရန် တည်ဆောက်ပေးမည်ဟု ရည်ရွယ်ထားသည်။

အိမ်ခြံမြေ နှင့် ဆောက်လုပ်ရေးလုပ်ငန်းနှစ်ခုစလုံးတွင် လက်ရှိတွင် အေးနေသည်။ဆောက်လုပ်ရေးကဏ္ဍတွင်ဆောက်လုပ်ရေးနှောင့်နှေးမှုများရှိနေသေးသည်။

အိမ်ခြံမြေကဏ္ဍတွင် လည်းဝင်ငွေများလျှော့ကျနေသည့်အတွက် လျှော့စျေးများဖြင့် စျေးလျှော့ရောင်းနေသည်။

အစိုးရမှ တန်ဖိုးနည်းအိမ်ရာတည်ဆောက်ရန်အတွက် developer များအား ဖိအားပေးခဲ့သော်လည်း စျေးကွက်မြင့်တက်နေခြင်းကြောင့် မအောင်မြင်ခဲ့ပေ။

လူနေအိမ်များဝယ်ယူမှုသည် ဝယ်လိုအားနှေးကွေးနေစဉ်ရုံးခန်းအဆောက်အဦများမှာ ဝယ်လိုအား ကြီးမားလာသည်။

ပြီးခဲ့သည့်နှစ်ကတည်းက ရုံးခန်းများ၏ငှားရမ်းခမှာ ပျမ်းမျှအားဖြင့် တစ်စတုရန်းမီတာလျှင် အမေရိကန်ဒေါ်လာ 45 $ဖြစ်သည်။

Real Estate & Properties Read 178 times