Myat Mingalar Residence စီမံကိန်းကို အမှတ် ၃၁၃ ပြည်လမ်း၊ ရန်ကုန်မြို့ တွင် တည်ဆောက်လျှက် ရှိကြောင်း သိရသည်။
ယင်းစီမံကိန်းတွင် အထပ်ပေါင်း ၁၆ ထပ်ပါဝင်ပြီး တစ်လွှာတွင် ၄ ခန်းဖြင့် အခန်းပေါင်း ၄၈ ခန်းပါဝင်ပါသည်။
ထိုစီမံကိန်းကို စင်ကာပူနိုင်ငံမှ Winstudio Architects မှဒီဇိုင်းရေးဆွဲပေးထားပြီး Myanmar Seilone construction မှ တာဝန်ယူဆောက်လုပ်ပေးကြောင်းသိရသည်။
ယင်းစီမံကိန်းတွင် အခန်းအမျိုးအစားလေးမျိုးပါဝင်ပြီး roof gardens နှင့် ကိုယ်ပိုင်ရေကန်များနှင့် penthouses လေးခုပါဝင်မည် ဖြစ်သည်။
ယင်းအဆောက်အဦး၏ မြေညီထပ် နှစ်ထပ်တွင် ကားပါကင်ပါဝင်မည်ဖြစ်ပြီး ၃ လွှာတွင် ရေကူးကန်၊ အားကစားခန်းမ အစရှိသည့် facilities များပါဝင်သည် ဟုသိရသည်။
ထိုအဆောက်အဦး၏ အပေါ်ထပ် လေးလွှာမှစ၍ လူနေအိမ်ယာများဖြစ်ကြောင်းသိရသည်။
ထိုအဆောက်အဦး၏ အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၂,၀၀၀ ကျော်ထိရှိပြီး အခန်းpricing မှာ စတုရန်းတစ်ပေလျှင် ၃ သိန်းကျော်ရှိကြောင်းသိရသည်။
ငွေပေးချေမှုမှာ ၅၀ ရာခိုင်နှုန်းကို အရင်ပေးချေရမည်ဖြစ်ပြီး ကျန် ၅၀ ရာခိုင်နှုန်းကို ပေးချေရန်ညှိုနှိုင်းပေးမည် ဟုသိရသည်။
This is an original writing of Myanmar Builders Guide based on information sourced from Myanmar Seilone construction website, phone, winstudio architects.