Myat Waddy Residence


26 October, 2020

Myat Waddy Residence သည် သာယာဝတီလမ်း၊ ဗဟန်းမြို့နယ်မှာ တည်ဆောက်မည့် ရေကူးကန်ပါ အလတ်စား ကွန်ဒိုလေးတစ်ခုဖြစ်ပါတယ်။

အဆောက်အဦးမှာ ၁၂ ထပ်ရှိပြီး လူနေတိုက်ခန်း စုစုပေါင်း ၃၉ ခန်းပါဝင်ပါသည်။မြေကြီးမှာ ဂရန်မြေအမျိုးအစားဖြစ်ပြီး အကျယ်အဝန်းမှာ ဝ.၂၄ ဧကရှိ၍ အဆောက်အဦးမှာ ဝ.၁၆ ဧက နေရာယူမည်ဖြစ်သည်။

အဆောင်အယောင်များအနေဖြင့် ကွန်ဒို faciliticies များဖြစ်သည့် ကားပါကင် ၄ ထပ်၊  ရေကူးကန် နှင့် အားကစားခန်းမ တို့ ပါဝင်သည်ဟု သိရသည်။

လက်ရှိတွင် စီမံကိန်းခွင့်ပြုချက်အား ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီတွင် ခွင့်ပြုချက်တင်ထားပြီး အတိအကျကို ခွင့်ပြုချက်ရမှသာ သိရမည်ဟုဆိုသည်။

ဆောက်လုပ်ရေးကို developer ဖြစ်သည့် Myanmar Seilone ကုမ္ပဏီမှပင် တာဝန်ယူ ဆောက်လုပ်မည်ဖြစ်ပြီး ဆောက်လုပ်ရေးကာလ နှစ်နှစ်ခွဲ ကြာမည်ဟု သိရပါသည်။

Promotion နှင့် marketing စာရွက်များကို UK မှ Wild Dog Design မှ လုပ်ဆောင်ပေးထားပါသည်။

Residential Read 113 times