မြောင်းမြတံတားသစ်တည်ဆောက်ခြင်းလုပ်ငန်းတွင် သံဘောင်တပ်ဆင်ခြင်းလုပ်ငန်းကို လာမည့် ဇန်နဝါရီလလယ်တွင် အပြီးတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
သံပေါင်တပ်ဆင်ခြင်းလုပ်ငန်းအားလုံးကို ခန့်မှန်းခြေဇန်နဝါရီလ ၁၅ ရက်တွင်ပြီးစီးအောင်စီမံချက်ချဆောင်ရွက်နေပြီး ဇန်နဝါရီလ ၁၆ ရက်တွင် ပင်မတံတားသံပေါင်တွင် တပ်ဆင်မည့် ကြိုတင်ထုတ်လုပ်ထားသော ကျောက်ပြား ၇၆ ချပ်ကို တပ်ဆင်သွားမည်ဖြစ်ကြောင်း သိရသည်။
"မြောင်းမြတံတားသစ်စီမံကိန်းကို ၂ဝ၁၉ ခုနှစ် မတ်လကုန်တွင် အများပြည်သူအသုံးပြုနိုင်ရန်အတွက် ဆောက်လုပ်ရေးဝန်ကြီးဌာန၊တံတားဦးစီးဌာနရဲ့ လမ်းညွှန်ချက်နှင့်အညီ တည်ဆောက်ရေးအဖွဲ့ ၁ က အင်ဂျင်နီယာများ၊ကျွမ်းကျင်လုပ်သားများနှင့် လုပ်ဆောင်လျက်ရှိပါတယ်။"
ဟု ဆောက်လုပ်ရေးဝန်ကြီးဌာနမှ တာဝန်ရှိသူတစ်ဦးမှပြောကြားသည်။
မြောင်းမြတံတားသစ်တွင် တပ်ဆင်မည့် တံတားသံပေါင်များကို ဂျပန်နည်းပညာဖြင့် သာကေတရှိ J & M Steel Solution စက်ရုံမှ လည်းကောင်း၊PC Compo Girder ယက်မများကို I & H စက်ရုံမှလည်းကောင်း တံတားသစ်တွင် တပ်ဆင်မည့် လက်ရန်းများကို အမှတ်-၂ သံမဏိစက်ရုံ(မြောင်းတကာ)မှ လည်းကောင်း၊Decking Slab ကျောက်ပြားများ ကြိုတင်ထုတ်လုပ်ထားခြင်းဖြစ်ကြောင်း သိရသည်။