မြောင်းမြတံတားအသစ်တည်ဆောက် နေမှုတွင် ပင်မတံတားကြီးရှိ စတီးသံပေါင် များ တပ်ဆင်မှုများကို စတင်ပြုလုပ်နေပြီဖြစ် ပြီး လုပ်ငန်းပြီးစီးမှုအရ ၆၅ ရာခိုနှုန်းကျော် ထိ ပြီးစီးနေပြီဖြစ်ကြောင်း သိရသည်။
မြောင်းမြတံတားအသစ်မှာ မြောင်းမြ ကြိုးတံတားအဟောင်း မကျိုးပျက်မီ ၂၀၁၇ ခုနှစ်မေ၁ ရက်မှစတင်ကာ မြောင်းမြတံတား အသစ်စီမံကိန်းအား ကြိုးတံတားအဟောင်း ၏ ရေစုန်ဘက်အခြမ်း ၄၆ ပေအကွာတွင် စတင်တည်ဆောက်နေခဲ့ပြီး စတင်တည် ဆောက်စဉ်က Balance Cantilever Method ဖြင့်ဆောင်ရွက်ရန် ရည်ရွယ်ထားခဲ့ ပြီး တည်ဆောက်ချိန်မှာ နှစ်နှစ်ခန့် ကြာမြင့် မည်ဖြစ်ကြောင်း၊ မြောင်းမြကြိုးတံတားမှာဧပြီ၁ရက်တွင် ပျက်ကျခဲ့ပြီးနောက် ဒေသခံ ပြည်သူများအနေဖြင့် နှစ်နှစ်ခန့်အထိအခက် အခဲများ မကြုံတွေ့ရစေရေးအတွက် တစ်နှစ် အတွင်း တည်ဆောက်ပြီးစီးနိုင်သည့် Steel Truss Type အမျိုးအစားအား ဂျပန်နိုင်ငံ JFE ကုမ္ပဏီနှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန တို့ ပူးပေါင်းထူထောင်ထားသည့် J& M Steel Solution မှ အသေးစိတ်ဒီဇိုင်းအသစ် ရေးဆွဲကာ တံတားဒီဇိုင်းအသစ်အား ပြောင်း လဲတည်ဆောက်နေခြင်းဖြစ်ပြီး နိုဝင်ဘာ ၃ ရက်မှ စတင်ကာ ပင်မတံတားကြီးရှိ စတီး သံပေါင်များကို မြောင်းမြမြို့ ဘက်ကမ်းတွင်စတင်တပ်ဆင်နေပြီဖြစ်ကြောင်း သိရသည်။
“အခုက ပင်မတံတားအပိုင်းမှာ စတီး သံပေါင်တွေ တပ်ဆင်တာပေါ့။ လုပ်ငန်းပြီး စီးမှုရာခိုင်နှုန်းအရဆို၆၅ရာခိုင်နှုန်းကျော်ပြီး စီးနေပြီ။ ရည်မှန်းထားတဲ့ အချိန်အတွင်းမှာ ပြည့်ပြည့်ဝဝအကောင်ထည်ဖော်နိုင်တယ်။ ဧပြီလဆန်းပိုင်းမှာ လုပ်ငန်း အားလုံးပြီးစီးဖို့ ရည်မှန်းထားပါတယ်၊ ပြည်ထောင်စုရဲ့ အစီအမံတိုင်း ကျွန်တော်တို့တိုင်း ဒေသကြီးကလည်း ပံ့ပိုးကူညီဆောင်ရွက်ပေး နေပါတယ်”
ဟု ဧရာဝတီတိုင်း ဒေသကြီး အစိုးရအဖွဲ့ဝင်လျှပ်စစ်၊လမ်းပန်းနှင့် စက်မှုဝန်ကြီး ဦးဝင်းဌေးက ပြောကြားသည်။
ဧရာဝတီတိုင်းဒေသကြီးအတွင်းရှိခံနိုင် ရည်အားကျဆင်းလာသော ကြိုးတံတားများ ဖြစ်သည့်လပွတ္တာပင်လယ်လေးကြိုးတံတား၊ ဝါးခယ်မကြိုးတံတား၊ ရွှေလောင်းကြိုးတံတား နှင့် ကျွန်းကုန်းကြိုးတံတားတို့ကိုလည်း ကြိုး တံတားပုံစံမှ သံကူကွန်ကရစ်တံတားပုံစံများ အဖြစ် ပုံစံပြောင်း ပြင်ဆင်နိုင်ရန် ဆောင်ရွက် နေပြီး ပုသိမ်မြစ်ကူးတံတား အသစ်စီမံကိန်း ကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်း သိရသည်။