ယင်း Apartment သည်အမှတ်(၁၅၂၆) ၊ မြင်တော်သာလမ်း၊သာကေတမြို့နယ် ၊ ရန်ကုန်မြို့တွင် ဆောက်လုပ်လျှက်ရှိကြောင်းသိရသည်။
ထို Project ကို ၂၀၁၆ခုနှစ်တွင်ဆောက်လုပ်ပြီးစီးခဲ့၍နေထိုင်ခွင့်လျှောက်ထားကြောင်းသိရပါသည်။ ယင်း Apartment ကို MKT Construction Design အဖွဲ့မှ ဒီဇိုင်းရေးဆွဲ၍ MKT Construction မှ ဆောက်လုပ်ခြင်းဖြစ်သည်။
ပေ၄၀ x ပေ၆၀ကျယ်ဝန်းသောမြေပေါ်တွင် MyinTawThar Apartment ကိုဆောက်လုပ်မည်ဖြစ်ပြီး Hall Type အမျိုးအစားဖြစ်ကြောင်းသိရပါသည်။ အထပ်ပေါင်း(၈)ထပ်ရှိမည် ဖြစ်ပြီးတစ်လွှာလျှင်(၂)ခန်းပါဝင်မည်ဖြစ်သည်။
Penthouse (၁)ခန်းလည်းပါဝင်ကြောင်းသိရပါသည်။ အခန်းများမှာ စတုရန်းပေ (၁၀၂၆)ကျယ်ဝန်းမည်ဖြစ်ပြီး Penthouse မှာစတုရန်းပေ (၁၈၅၆)ကျယ်ဝန်းကြောင်းသိရပါသည်။ ဓာတ်လှေခါး(၁)စီးပါဝင်မည်ဟုသိရသည်။
Pile Foundation ၊ Own Meter ၊ Own Motor ၊ 1000 Litre Steel Tank စသည့် Facilities များလည်းပါဝင်ကြောင်းသိရပါသည်။
အခန်းများဧ။်မူရင်းဈေးနှုန်းမှာမြေညီထပ်တစ်ခန်းလျှင် ကျပ်သိန်း(၁၂၃၀) ၊ 5th Floor မှ 7th Floor အထိ တစ်ခန်းလျှင် ကျပ်သိန်း(၁၀၂၅)နှင့် Penthouse ကျပ်သိန်း(၁၈၀၀)တို့ဖြစ်ကြောင်းသိရပါသည်။
အောက်တိုဘာလ၁၃ရက်နေ့ မှ ၁၅ရက်နေ့အထိ တပ်မတော်ခန်းမတွင်ကျင်းပပြုလုပ်မည်ဖြစ်သော The 5th Housing & Living 2017 ပြပွဲတွင်ဝယ်ယူမည်ဆိုပါကမြေညီထပ်တစ်ခန်းလျှင်
ကျပ်သိန်း(၁၀၄၅) ၊ 5th Floor မှ 7th Floor အထိ တစ်ခန်းလျှင် ကျပ်သိန်း(၈၆၀)နှင့် Penthouse ကျပ်သိန်း(၁၅၃၀) ဖြင့် ဝယ်ယူရရှိနိင်မည်ဖြစ်ကြောင်းသိရပါသည်။
ငွေပေးချေမှုစနစ်မှာပထမဦးဆုံးစာချူပ်ချုပ်ဆိုဆိုခြင်းကျပ်၁၀သိန်းပေးချေရမည်ဖြစ်ပြီးကျန်ရှိငွေကိုနှစ်လအတွင်း၅၀%စီပေးချေရမည်ဖြစ်ကြောင်းသိရပါသည်။