ထိုစီမံကိန်းကို ကချင်ပြည်နယ် မြစ်ကြီးနား-ပူတာအို-မချမ်းဘော မြို့နယ်များသို့ ဆက်သွယ်ထားသော မလိခတံတားကို တံတားဦးစီးဌာန တံတားအထူးအဖွဲ့(၁) မှဆောက်လုပ်လျက်ရှိကြောင်းသိရသည်။
မလိခတံတားကို ၂၀၁၃ ခုနှစ်ကစတင်ဆောက်လုပ်ခဲ့ပြီး တံတားအရှည် ပေ ၈၄၀ ရှိပါသည်။
သံကူကွန်ကရစ်ပေ ၅၀ နှစ်ခန်းနှင့် ပေ ၇၀ နှစ်ခန်း၊ ဘေလီကြိုးဆိုင်းနှစ်ခန်းစီနှင့် သံကူကွန်ကရစ်တာဝါတိုင် ကြိုးထိန်းခုံများတည်ဆောက်ပြီးနေပြီး ဘေလီကြိုးဆိုင်းတပ်ဆင်ခြင်းလုပ်ငန်းကိုလည်း စတင်ဆောင်ရွက်နေပြီဖြစ်ကြောင်းသိရသည်။
ယခုအချိန်တွင် တံတား၏ ၈၀ ရာခိုင်နှုန်းဆောက်လုပ်ပြီးစီးနေပြီး ၂၀၁၇ ခုနှစ် မတ်လကုန်အပြီးတည်ဆောက်ရန် ခန့်မှန်းထားကြောင်းသိရသည်။
ထိုတံတားကြီးသည် မြစ်ကြီးနား၊ ပူတာအိုမြို့နယ်နှင့် တောင်ပေါ်မြို့များဖြစ်သည့် ခေါင်လန်ဖူး၊ မချမ်းဘော၊ နောင်မွန်း၊ ပန်နန်ဒင်မြို့နယ်များကို ဆက်သွယ်ပေးထားသော အဓိကကျသည့် တံတားဖြစ်ကြောင်းသိရသည်။
ယခင်တည်ဆောက်ထားသောကြိုးတံတားမှာ တစ်တန်အောက်ယာဉ်များသာ ဖြတ်သန်းသွားလာနိုင်သောကြောင့် သယ်ယူပို့ဆောင်သည့် ကုန်တင်ယာဉ်များသည် မလိခမြစ်ကို ကူးတို့ဖောင်ဖြင့် သွားလာနေရသည်။
ယခုတံတားကြီး ပြီးစီးသွားပါကမြစ်ကြီးနားမှ လာသောကုန်ပစ္စည်းများနှင့် မော်တော်ယာဉ်များကို အချိန်တိုအတွင်း ပေးပို့သွားလာနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
Source:Myanmar Alin