စီမံကိန်း အကောင်အထည်ဖော်ရန် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်


20 November, 2020

ရန်ကုန်မြစ်အနောက်ဘက်ကမ်းရှိ မြေပေါ်တွင် တည်ဆောက်မည့် ရန်ကုန်မြို့သစ်စီမံကိန်း ဆောင်ရွက်ရန် ကျပ် ၁ဝ ဘီလီယံဖြင့် မတည်ရင်းနှီးမြှုပ်နှံမည်ဖြစ်ပြီး စီမံကိန်း  ကောင်အထည်ဖော်ရန် ပြည်တွင်း၊ ပြည်ပ ရင်းနှီးမြှုပ်နှံမည့် လုပ်ငန်းရှင်များကို ဖိတ်ခေါ်သွားမည်ဖြစ်ကြောင်း New Yangon Development Company Limited (NYDC) မှ ဥက္ကဋ္ဌဖြစ်သူ မှ ပြောကြားသည်။

အဆိုပါမြို့သစ်စီမံကိန်း ဖော်ဆောင်ရန် တင်ဒါခေါ်ယူသည့်အခါ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်ကြောင်း ရန်ကုန်မြို့သစ်ဖွံ့ ဖြိုးရေး ကုမ္ပဏီလီမိတက် New Yangon Development Company Limited (NYDC) ဖွဲ့စည်းထူထောင်ခြင်း အခမ်းအနား ကျင်းပသည့်ပွဲတွင် ၎င်းက ပြောကြားခဲ့ခြင်းဖြစ်သည်။

ကုမ္ပဏီများနှင့်ဒီဇိုင်းထုတ်မည်။ တွက်ချက်ရမည်။ကုန်ကျစရိတ်ကို မှတ်ထား ပြီးလျှင် တင်ဒါခေါ်မည်။ တင်ဒါခေါ်သည့် အခါ မည်သူမဆို ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ ဒီဇိုင်းများ တွက်ချက်မှုများအတွက် တင်ဒါအောင်တဲ့သူမှ ပြန်ပေးရသည်။

ထိုအတွက် တင်ဒါမအောင်သည့်သူများသည်အကုန်အကျခံစရာ မလိုတော့ ကုန်ကျစရိတ်လည်း မရနိုင်တော့ကြောင်း ၎င်းက ဆိုသည်။

မြို့သစ်တည်ဆောက်ရေးလုပ်ငန်း ပထမအဆင့်နှင့်ဆက်စပ်သည့် အခြေခံအဆောက်အအုံ လုပ်ငန်းဆောင်ရွက်ရန် အမေရိကန်ဒေါ်လာ ၁ ဒသမ ၅ သန်းကျော် ကုန်ကျမည်ဟု ခန့်မှန်းထားပြီး ယင်းလုပ်ငန်းများတွင် ရွာမြို့နယ် ၅ ခု၊ တံတား ၂ စင်း၊ ၂၆ ကီလိုမီတာအရှည် ပင်မလမ်းကြောင်းများ၊ ၁ဝစတုရန်းကီလိုမီတာရှိ စက်မှုဇုန်၊ လျှပ်စစ်ဓာတ်အား ထုတ်လုပ်မှုစက်ရုံ၊ လျှပ်စစ်ဓာတ်အားဖြန့်ဖြူးရေး အဆောက်အအုံများနှင့် ရေဆိုးထုတ်စက်ရုံများ ပါဝင်မည်ဖြစ်ကြောင်း ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် New Yangon Development Company Limited (NYDC) ထံမှ သိရသည်။

ရန်ကုန်မြို့သစ်စီမံကိန်းမှ အလုပ်အကိုင် ၂ သန်းကို ဖော်ထုတ်ပေးနိုင်ရန် ရည်ရွယ်ထားကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် New Yangon Development Company Limited (NYDC) ဖွဲ့စည်းထူထောင်ခြင်း အခမ်းအနားတွင် ပြောကြားခဲ့သည်။

NYDC ကို အထူးကုမ္ပဏီများ အက်ဥပဒေနဲ့ ဖွဲ့စည်းတည်ထောင်ခဲ့ပြီး ရန်ကုန်တိုင်းအစိုးရအဖွဲ့က ၁ဝဝ ရာခိုင်နှုန်း ပိုင်ဆိုင်သည်။ ထိုစီမံကိန်းက အလုပ်အကိုင်အခွင့်အလမ်းတွေအပြင် ဒေသခံ စီးပွားရေးလုပ်ငန်းတွေ၊ နိုင်ငံတကာက စီးပွားရေးကုမ္ပဏီတွေကိုလည်း ဆွဲဆောင်နိုင်ပြီးတော့ အခြေခံအဆောက်အဦနှင့်လူတန်းစားအားလုံးအတွက် တန်ဖိုးသင့် နေထိုင်စရာတွေလည်း ပါဝင်သည်ဟု ၎င်းက ဆိုသည်။

ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ်မှ ရန်ကုန်မြို့သစ် ဖွံ့ဖြိုးရေးကုမ္ပဏီလီမိတက် (NYDC) ဖွဲ့စည်းထူထောင်ကြောင်း မတ်လ ၃၁ ရက်က ထုတ်ပြန်ကြေညာခဲ့ပြီး NYDC ၏ ရည်မှန်းချက်မှာ ရန်ကုန်မြစ်၏ အနောက်ဖက်ရှိ မြေနေရာကို ဖွံ့ဖြိုးတိုးတက်လာစေရန် ဆောင်ရွက်ခြင်းဖြင့် စီးပွားရေး၊ နေအိမ်များနှင့်အလုပ်အကိုင်များ တိုးတက်လာစေရန် ဖြစ်ကြောင်းနှင့် အဆိုပါ ဖွံ့ ဖြိုးရေးလုပ်ငန်းသည် ရန်ကုန်မြို့သစ်ဟု အမည်တွင်မည်ဖြစ်ကာတည်ဆောက်မှုပြီးစီးပါက ယင်းဒေသသည် စင်ကာပူနိုင်ငံ အရွယ်အစားထက် နှစ်ဆကျယ်ဝန်းမည် ဖြစ်ကြောင်း NYDC ထံမှ သိရသည်။

NYDC ကို ဒါရိုက်တာဘုတ်အဖွဲ့က စီမံခန့်ခွဲမည်ဖြစ်ပြီး ၎င်းသည် ယင်းကော်ပိုရေးရှင်း၏ အမြင့်ဆုံး အာဏာပိုင်အဖွဲ့ဖြစ်ကြောင်းနှင့် နိုင်ငံတကာစံနှုန်းများနှင့်ကိုက်ညီသည့် ကောင်းမွန်သော စီမံအုပ်ချုပ်မှုနှင့် အကောင်းဆုံးလုပ်နည်း လုပ်ဟန်များအတိုင်း လိုက်နာဆောင်ရွက်ရန် အစိုးရအဖွဲ့ဝင်ဝန်ကြီးများနှင့် နိုင်ငံတကာမှ ဂုဏ်သတင်းကျော်ကြားသည့် လွတ်လပ်သော ဒါရိုက်တာများ ပါဝင်သည်။

ရန်ကုန်မြစ် အနောက်ဘက်ကမ်းရှိ မြေပေါ်တွင်တည်ဆောက်မည့် အနောက်တောင်မြို့သစ်စီမံကိန်းကို ကြည်မြင်တိုင်၊ ဆိပ်ကြီးခနောင်တိုနှင့် တွံတေးမြိုနယ်ရှိ လယ်မြေဧက နှစ်သောင်းကျော်တွင် ပြုလုပ်မည်ဖြစ်ကြောင်းသိရသည်။

Source:imyanmar House

Local Read 43 times