Naing Group Office Tower II


13 November, 2020

Naing Group Office Tower II အား အနော်ရထာလမ်းနှင့် ဆူးလေဘုရားလမ်းထောင့်တွင် တည်ရှိပြီး Naing Group မှ တည်ဆောက်နေကြောင်း သိရသည်။

၂ဝ၁၈ နှစ်စပိုင်းခန့်တွင်ပြီးစီးနိုင်မည်ဟုခန့်မှန်းထားကြောင်း သိရသည်။

Naing Group မှ မြေပိုင်ဆိုင်ပြီး ဒီဇိုင်းများသည်လည်း Naing Group မှ ဖြစ်သည်။          

Office Tower ဆိုပေမဲ့ လူနေအိမ်ခန်းများပါ ထည့်သွင်းတည်ဆောက်ထားကြောင်း သိရသည်။

တာဝါမှာ ၁၂ထပ်အမြင့်ရှိပြီး တစ်လွှာတွင် ကိုးခန်းပါဝင်ကြောင်း သိရသည်။

အခန်းတစ်ခန်း၏အကျယ်အဝန်းမှာ စတုရန်းပေ ၈ဝဝကျော်မှ ၁၆ဝဝကျော်ထိ ကျယ်ဝန်းသည်။

ဓာတ်လှေကား သုံးစင်းတပ်ဆင်ပေးမည်ဖြစ်ပြီး ကားထားရာတွင် အဆင်ပြေစေရန် Basement ၂ထပ်ပါဝင်ကြောင်း သိရသည်။

Facility အနေဖြင့် ရေကူးကန်၊အားကစားခန်းမနှင့် ချွေးထုတ်ခန်းများ ပါဝင်သည်။

အခန်းတစ်ခန်းတန်ဖိုးမှာ ၁စတုရန်းပေလျှင် လေးသိန်းခွဲမှ လေးသိန်းခုနှစ်သောင်း ဝန်းကျင်ခန့် ခန့်မှန်းထားကြောင်း သိရသည်။

Naing Group

Residential Read 60 times