ထို ကွန်ဒိုသည် အမှတ်(၂၉)၊ရှမ်းရိပ်သာလမ်း၊ စမ်းချောင်းမြို့နယ် ရန်ကုန်တိုင်းဒေသကြီးတွင်တည်ရှိပြီး Ngapali Constructionမှ တည်ဆောက်နေကြောင်းသိရသည်။
၂ဝ၁၇ နှစ်ကုန် ၂ဝ၁၈ နှစ်စ ပိုင်းခန့်တွင်ပြီးစီးနိုင်မည်ဟု ခန့်မှန်းထားသည်။
မြေဧက ဝ ဒသမ ၂ ဧကပေါ်တွင်တည်ဆောက်ထားပြီး ဂန္ဓဝင် ဗိသုကာ ကုမ္ပဏီမှ ဒီဇိုင်းရေးဆွဲပေးထားကြောင်းသိရသည်။
အထပ်ပေါင်း ၆ထပ်ရှိပြီး တစ်လွှာတွင် လေးခန်းဖွဲ့စည်းတည်ဆောက်ထားကြောင်းသိရသည်။
Pent House တစ်ခန်းပါဝင်လည်းပါဝင်သည်။
အခန်းအကျယ်အဝန်းမှာ စတုရန်းပေ၁၇၄၈ ပတ်လည်ခန့်ကျယ်ဝန်းသည်ဖြစ်ကြောင်းသိရသည်။
ကားထားရာတွင်လွယ်ကူစေရန်ကားပါကင် Basement တစ်ထပ်ပါဝင်ပြီး ဓာတ်လှေကား ၂စင်း တပ်ဆင်ပေးထားမည်ဖြစ်ကြောင်းသိရသည်။
အခန်းတန်ဖိုးမှာ တစ်စတုရန်းပေလျှင် တစ်သိန်းခွဲ ဝန်းကျင်ခန့် ခန့်မှန်းထားကြောင်းသိရသည်။
ငွေပေးချေမှုမှာ ၆လ သို့မဟုတ်၇လ အရစ်ကျပေးချေနိုင်ပြီး BCC မကျသေးလျှင် ကိုယ်တိုင် လာရောက်ပေးသွင်းရမည်ဖြစ်သည်။
BCC ကျပြီးလျှင် ဘဏ်နှင့်ချိတ်ဆက်ပေးမည်ဖြစ်ကြောင်းသိရသည်။
ငွေပေးချေမှုမှာ ပထမအရစ်အနေဖြင့် ၃ဝရာခိုင်နှုန်း၊ ကျန်လများတွင် ၁ဝရာခိုင်နှုန်း၊BCC ကျပြီးလျှင် ၁ဝရာခိုင်နှုန်း ပေးသွင်းရမည်ဖြစ်ကြောင်းသိရသည်။
Ngapali Construction