၎င်းပရောဂျက်ကို ကျောက်ကာလမ်းဘေး ၊ မုံရွာစီးပွားရေးတက္ကသိုလ်အနောက်ဘက် ၊ နန္ဒဝန်အိမ်ရာရပ်ကွက် ၊ မုံရွာမြို့တွင်ဆောက်လုပ်နေခြင်းဖြစ်သည်။
ယင်းစီမံကိန်းကို ၂၀၁၅ ခုနှစ် ဇွန်လတွင်စတင်ခဲ့၍ ၂၀၁၉ ခုနှစ် ဖေဖော်ဝါရီလတွင်ပြီးစီးမည်ဟုခန့်မှန်းကြောင်းသိရပါသည်။
ယင်းပရောဂျက်ကို Original Group ဒီဇိုင်းအဖွဲ့မှဒီဇိုင်းဆွဲ၍ Original Group မှတာဝန်ယူဆောက်လုပ်ခြင်းဖြစ်ပါသည်။
၅၁ ပေ x ၁၀၇ ပေကျယ်ဝန်းသောမြေပေါ်တွင်ဤပရောဂျက်ကို Pile Foundation ဖြင့် ဆောင်ရွက်မည်ဖြစ်ပါသည်။
တစ်လွှာလျှင် ၄ ခန်းပါဝင်သော ၅ ထပ်တိုက်နှစ်လုံးကိုယင်းပရောဂျက်တွင်ထည့်သွင်းဆောက်လုပ်မည်ဖြစ်ပါသည်။
အခန်းများဧ။်အကျယ်အဝန်းမှာစတုရန်းပေ ၅၁၅ ပေဖြစ်သည်ဟုသိရပါသည်။
တစ်ခန်းလျှင်တစ်စီးရပ်နားနိင်သောကားပါကင်ပါဝင်မည်ဖြစ်ကြောင်းလည်းသိရပါသည်။
အခန်းဈေးနှုန်းမှာ မြေညီထပ်ကျပ်သိန်း ၂၄၃ သိန်းနှင့် ၅ လွှာကျပ်သိန်း ၁၇၁ သိန်းဖြစ်ကြောင်းသိရပါသည်။
ငွေပေးချေမှုစနစ်မှာစာချုပ်ချုပ်ဆိုပြီးပြီးချင်း ၁၀ % ၊ ၁ လအကြာတွင် ၁၀ % ၊ နောက်ထပ် ၁ လအကြာတွင်နောက်ထပ် ၁၀ % ပေးချေရမည်ဖြစ်ပြီးကျန်ရှိသော ၇၀ % ကို ၂ နှစ်အရစ်ကျပေးချေရမည်ဖြစ်သည်။
အရစ်ကျစနစ်တွင် ပထမနှစ်ကိုအတိုးမဲ့ဖြစ်၍ဒုတိယနှစ်တွင်အတိုး ၁၃%ပေးချေရမည်ဖြစ်ကြောင်းလည်းသိရပါသည်။