နောင်ချိုမြို့ရှောင်ကားလမ်းနှင့် ဂုတ်တွင်းတံတား စီမံကိန်း


02 August, 2019

 နောင်ချိုမြို့ရှောင်ကားလမ်းနှင့် ဂုတ်တွင်းတံတား စီမံကိန်းသည် မန္တလေး-လားရှိုး-မူဆယ် ပြည်ထောင်စုကားလမ်းမကြီး AH-14 ၏ မိုင်တိုင်အမှတ် ၇၂/၅ မှ ( ၉၂/၅ )အထိ ၁၃ ဒသမ ၅ မိုင်ရှိပြီး တံတားအရှည်မှာ ၈၈၇ မီတာရှိပါသည်။

အဆိုပါတံတားနှင့် မြို့ရှောင်လမ်းကို ဆောက်လုပ်ရေးဝန်ကြီးဌာန လမ်းဦးစီးဌာနမှ မန္တလေး-လားရှိုး-မူဆယ် ကားလမ်းအား BOT စနစ်ဖြင့် ဌားရမ်းလုပ်ကိုင်ဆောင်ရွက်နေသော Oriental Highways Company Limited က တာဝန်ယူ တည်ဆောက်သွားမည်ဟဟု သိရှိရပါသည်။

တံတားနှင့် မြို့ရှောင်လမ်း တည်ဆောက်ဖောက်လုပ်ရာတွင် ဖြတ်သန်းရမည့် ကျေးရွာအုပ်စုများမှာ နောင်ချိုမြို့နယ်မှ လုံရုံး ကျေးရွာအုပ်စု၊ ငုက္ခလေးကျေးရွာအုပ်စု၊ နားရှိုးရပ်ကွက်၊ တောင်ရပ်ကွက်၊ မျက်ချင်းနုကျေးရွာအုပ်စု၊ ကုန်းစံကျေးရွာအုပ်စုနှင့် ကျောက်မဲမြို့နယ်မှ ပင်ပေါကျေးရွာအုပ်စု၊ နောင်ပိန်ကျေးရွာအုပ်စု၊ ပင်တိန်ကျေးရွာအုပ်စုတို့ ဖြစ်ပါသည်။

 တံတားနှင့် မြို့ရှောင်လမ်းစီမံကိန်းအတွင်းသို့ နောင်ချိုနှင့် ကျောက်မဲမြို့နယ်တို့မှ လယ်မြေနှင့် ယာမြေ ၄၇၉ ဒသမ ၄၁ ဧက ပါဝင်သွားမည်ဖြစ်သောကြောင့် တောင်သူပေါင်း ၂၉၀ တို့အား မြေယာလျော်ကြေး၊ သီးနှံလျော်ကြေး၊ အဆောက်အအုံနှင့် ရေတွင်းများအတွက်လျော်ကြေး စသည်ဖြင့် စုစုပေါင်း ပေးလျော်ရမည့် ငွေများမှာ ငွေကျပ်သိန်းပေါင်း ခြောက်သောင်းကျော် ဖြစ်ပါသည်။

ယခုအခါ လျော်ကြေးလုပ်ငန်းစဉ်များအတွက် သက်ဆိုင်ရာက လျော်ကြေးကော်မတီများ ဖွဲ့စည်းဆောင်ရွက်လျက်ရှိသည်ဟု သိရပါသည်။

 အဆိုပါ နောင်ချိုမြို့ရှောင်လမ်းနှင့် ဂုတ်တွင်းတံတား တည်ဆောက်ပြီးစီးသွားလျှင် မန္တလေး-လားရှိုူး-မူဆယ် ပြည်ထောင်စုလမ်းမကြီး AH-14 ပေါ်တွင် ကွေ့ပေါင်း ၂၁ ကွေ့ရှိပြီး ချောက်ကမ်းပါးများပေါများသည့် ဂုတ်တွင်းကားလမ်းမှ သွားစရာမလိုတော့ဘဲ တံတားပေါ်မှ ကားများ အန္တရာယ်ကင်းစွာဖြင့် ဖြတ်သန်း မောင်းနှင်နိုင်တော့မည်ဖြစ်ပါသည်။

Infrastructure and Zones Read 168 times