နေပြည်တော် တန်ဖိုးနည်း ၁၀ နှစ်အရစ်ကျဖြင့် ရောင်းမည်


02 November, 2020

 

နေပြည်တော်ကောင်စီနယ်မြေ၊ရွှေနံ့သာရပ်ကွက်ရှိရှေ့ပြေးစီမံကိန်းအဖြစ်တည်ဆောက်ထားသည့် တန်ဖိုးနည်းအိမ်ရာအခန်းပေါင်း၈၀ကို၁၀နှစ်အရစ်ကျစနစ်ဖြင့်ဇူလိုင်လတွင်ရောင်းချပေးမည်ဖြစ် ကြောင်းသိရသည်။

မကြာခင်ဇူလိုင်လဆန်းပိုင်းတွင်ရောင်းချသွားမည့်နေပြည်တော်ရှိတန်ဖိုးနည်းအိမ်ရာအခန်းပေါင်း၈၀ကိုဝယ်ယူသူများအနေဖြင့်အိမ်ခန်းတန်ဖိုး၏၃၀ရာခိုင်နှုန်းကိုကနဦးပေးသွင်းပြီး၁၀နှစ်အထိအရစ်ကျစနစ်ဖြင့်ရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနနှင့်ရွှေနံ့သာတန်ဖိုးနည်းအိမ်ရာစီမံကိန်းမှာမကြာခင်ရောင်းချတော့မည်ဖြစ်ကြောင်းသိရသည်။

ယခုရောင်းချမည့် အခန်းပေါင်း ၈၀အပြင်နောက်ထပ်အခန်းပေါင်း ၄၇၆ ခန်းပါဆောက်လုပ်မည်ဖြစ်ပါသည်။

ထို့ပြင်ပထမဆုံးရောင်းချမည့်အခန်းပေါင်း၈၀ကိုအကြမ်းအားဖြင့်ကျပ်သိန်း၁၀၀သတ်မှတ်ထားပြီးအပေါ်ထပ် အောက်ထပ်အလိုက်ဈေးနှုန်းကွာခြားမှုများရှိနိုင်ကြောင်းသိရသည်။

Kumudra journal

Public Housing Read 117 times