နေပြည်တော် ဘူတာကြီးတည်ဆောက်ရေးစီမံကိန်းမှ ကျန်ရှိလုပ်ငန်းမှ တွဲစစ်ဆေးခြင်းအမိုးလုပ်ငန်းကို လာမည့် ဘဏ္ဍာနှစ်တွင် အလျားပေ ၆ဝဝ အထိ ပြီးစီးအောင်ဆောင်ရွက်ဖို့ လျာထားတယ်လို့ ပို့ဆောင်ရေးနှင့် ဆက် သွယ်ရေးဝန်ကြီးဌာန ဒုတိယဝန်ကြီးဦးကျော်မျိုးက ဩဂုတ်၂၁ ရက်ကကျင်းပသည့် ပြည်ထောင်စုလွှတ် တော်အစည်းအဝေး၌ ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ၏ လေ့လာတွေ့ရှိချက်နှင့်သဘောထားမှတ်ချက် အစီရင်ခံစာကို ပြန်လည်ရှင်းလင်းတင်ပြရာတွင် ပြောကြားသွားခြင်းဖြစ်သည်။
မြန်မာ့မီးရထားက၂ဝဝ၆ ခုနှစ်က နေပြည်တော်ဘူတာကြီး တည်ဆောက်ရေးစီမံကိန်းကို စတင်ဆောင်ရွက်ခဲ့သည်။မူလက စီမံကိန်းကို နေပြည်တော်အင်္ဂါရပ်နှင့်ကိုက်ညီအောင်ဆောင်ရွက်ဖို့ လျာထားခဲ့သော်လည်း ဘူတာကြီးဖွံ့ဖြိုးတိုး တက်လာမှုအခြေအနေပေါ်မူတည်ပြီး မဖြစ်မနေဆောင်ရွက်ဖို့လိုအပ်သည့် လုပ်ငန်းများကိုသာ ၁ဝဝ ရာခိုင်နှုန်းပြီးစီးအောင် ဦးစားပေးဆောင်ရွက်နိုင်ခဲ့ကြောင်း ပြောထားသည်။
ထို့ကြောင့် စီမံကိန်း၏ကျန်ရှိသည့် လုပ်ငန်းများအနက် တွဲစစ်ဆေးခြင်းလုပ်ငန်းများဆောင်ရွက်နိုင်ဖို့ တွဲ စစ်ဆေးခြင်း အမိုးအလျားပေ ၁ဝဝဝ တည်ဆောက်ခြင်းကို မဖြစ်မနေဆောင်ရွက်ပေးဖို့ လိုအပ်ကြောင်း၊ယင်း ကြောင့် ဘဏ္ဍာငွေရရှိမှုအပေါ်မူတည်ပြီး ၂၀၁၇-၂၀၁၈ ဘဏ္ဍာရေးနှစ်မှ စတင်ဆောင်ရွက်ခဲ့ပြီး ၂၀၁၈-၂၀၁၉ ဘဏ္ဍာရေးနှစ်အထိ စုစုပေါင်းအလျားပေ ၄၅၀ ဆောင်ရွက်ပြီးဖြစ်ကြောင်း၊လာမည့် ၂၀၁၉-၂၀၂၀ ဘဏ္ဍာရေး နှစ်တွင် အလျားပေ ၁၅၀ ထပ်မံတည်ဆောက်ဖို့ လျာထားသည့်အတွက် လာမည့်ဘဏ္ဍာနှစ်တွင် စုစုပေါင်းပေ ၆ဝဝ အထိပြီးစီးမှာဖြစ်ပါတယ်။ကျန်ရှိသည့် အလျားပေ ၄ဝဝ ကို ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးရန် ဆက်လက် လျာထားဆောင်ရွက်သွားမှာဖြစ်ကြောင်းေြာထားသည်။
အဆိုပါ တည်ဆောက်ရေးစီမံကိန်းအတွက် မူလလျာထားချက်အရ ဆောင်ရွက်ရန်ကျန်ရှိသည့် လုပ်ငန်း များမှာ တွဲစစ်ဆေးခြင်းအမိုး၊ရထားစီးခရီးသည်များ နားနေစောင့်ဆိုင်းရုံများ၊ ရပ်ဝန်းလမ်းများ၊ အထောက်အကူ ပြု စက်ရုံအလုပ်ရုံများနှင့်ပလက်ဖောင်းတည်ဆောက်ခြင်းလုပ်ငန်းများဖြစ် သိရသည်။
တွဲစစ်ဆေးခြင်း အမိုးတည်ဆောက်ခြင်း လုပ်ငန်းမှလွဲလို့ ကျန်ရှိတဲ့လုပ်ငန်းများမှာ အရေးတကြီး မလိုအပ်သေးသဖြင့် ဆက်လက်မဆောင်ရွက်သေးကြောင်း သိရသည်။
၂၀၁၇-၂၀၁၈ဘဏ္ဍာရေးနှစ် တွဲစစ်ဆေး ခြင်းအမိုးလုပ်ငန်း ပေ ၁၅၀ အတွက် ကျပ် ဘီလီယံ ဝဝ၃၆ သုံး စွဲခဲ့ပြီး အချိန်ကာလကြာ မြင့်လာသည်နှင့်အမျှ ကုန်ဈေးနှုန်း ကြီးမြင့်လာခြင်းကြောင့် စီးပွားရေးတွက်ခြေကိုက်မှု ပြန်လည်စိစစ်ကာ လုပ်ငန်းစီမံချက်များ ပြန်လည်ရေးဆွဲသင့်ကြောင်း ပြည်သူ့ငွေစာရင်း ပူးပေါင်းကော်မတီ အတွင်းရေးမှူးဦးခင်မောင်သန်းက ပြောထားသည်။
ပြည်ထောင်စုစာရင်းစစ်ချုပ်၏ အစီရင်ခံစာအရပြန်လည်ဆန်းစစ်သင့်သည့် စီမံကိန်းများတွင်ပို့ဆောင် ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာန၊မြန်မာ့မီးရထား၏ နေပြည်တော်ဘူတာတည်ဆောက်ရေး စီမံကိန်းပါဝင်နေပြီး တည်ဆောက်ရေးလုပ်ငန်းများကို အဆင့်လေးဆင့်နှင့်အကောင်အထည် ဖော်ဆောင်ရွက်မှာဖြစ်ပြီး ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်တွင် ပြီးစီးဖို့ခန့်မှန်းထားကြောင်းသိရသည်။