နေပြည်တော် ကောင်စီနယ်မြေဖွံံ့ဖြိုးတိုးတက်ရေးအတွက် ကျပ် ဘီလျံ ၆ဝ ကျော်သုံးစွဲမည်


17 October, 2019

၂၀၁၉-၂၀၂၀ ဘဏ္ဍာနှစ်တွင် နေပြည်တော်ကောင်စီနယ်မြေဖွံ့ဖြိုးရေးအတွက်ကျပ်၆၄ ဘီလျံခန့်သုံးစွဲမည်ဖြစ်ပြီး ပျဉ်းမနားမြို့နယ်အတွက် ၁၀ ဘီလျံကျော်သုံးစွဲမည်ဖြစ်ကြောင်းပျဉ်းမနားမြို့နယ်ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်ဦးသန်းစိုးအောင်ကယခုကဲ့သို့ပြောကြားခဲ့သည်။

“ဒီနှစ် ကျွန်တော်တို့ တိုးပြီးတော့တောင်းဆိုကြရင်းနဲ့ ဒီနှစ်ဆိုရင် နေပြည်တော်တစ်ခုလုံးအတွက် ၆၄ ဘီလျံလောက် သုံးစွဲပါမယ်။ အဲဒီလိုပဲ ပျဉ်းမနားအတွက်က ကျွန်တော်တို့က ၁၀ ဒသမ ၅ ဘီလျံလောက် နေပြည်တော်ကောင်စီ ဘတ်ဂျက်နဲ့ သုံးစွဲပါမယ်။ ဒီသုံးစွဲတဲ့ နေရာမှာလည်း ဒီလိုတွေ့ဆုံတဲ့ပွဲတွေ ၊ ရပ်ကျေးတွေမှာလည်း ရပ်ကျေးတွေနဲ့ တွေ့ဆုံတယ်။

သူတို့တင်ပြဆွေးနွေးလာတဲ့ အပိုင်းတွေမှာ မြို့နယ်ဖွံ့ဖြိုးရေး ကော်မတီ နဲ့ အထွေထွေ အုပ်ချုပ်ရေး ဦးဆောင်ပြီးတော့ ကျွန်တော်တို့ ညှိနှိုင်းတိုင်ပင် ကြပါတယ်။ အဲဒီရလာတဲ့ ရလဒ်အပေါ်မှာ ဦးကျော်မြင့်ဦး (အမျိုးသားလွှတ်တော်ကိုယ်စားလှယ်) နဲ့ ကျွန်တော်နဲ့ ညှိနှိုင်းတိုင်ပင်ပြီး ဘယ်ဟာကတော့ အကောင်းဆုံးဖြစ်သင့်တယ်ဆိုတဲ့ အနေအထားတွေ ကျွန်တော်တို့ တင်ပြပါတယ်။

တင်ပြတာ ကျွန်တော် ပျဉ်းမနားမြို့နယ်အတွက် လိုအပ်တဲ့ ၃၃ ဘီလျံဆိုတာ ကျွန်တော် တစ်ဝက်လောက်ပဲ တင်ပြတယ်။ ဒါတောင်မှပဲ ၁၀ ဘီလျံကျော်ပဲရတယ်"ဟု ပြောကြားခဲ့သည်။

ယခုလက်ရှိ ပျဉ်းမနားမြို့နယ်အတွင်း လမ်းပန်းဆက်သွယ်မှုခက်ခဲနေဆဲဖြစ်တဲ့ တောင်ပေါ်ဒေသတွေအတွက် ပြည်ထောင်စုလမ်းမကြီး ဖောက်လုပ်ဖို့တင်ပြထားပြီး တောင်ပေါ်ဒေသကျေးရွာအုပ်စုများတွင်လျှပ်စစ်မီးရရှိရေးအတွက်ဆောင်ရွက်မှုများလည်းပြုလုပ်နေကြောင်း ၎င်းကဆိုသည်။

Local Read 48 times