နေပြည်တော် တန်ဖိုးနည်း အိမ်ရာ


27 October, 2020

နေပြည်တော်ရှိ ဧက၁၀ဝကျယ်ဝန်းသော မြေ ပေါ်တွင် တန်ဖိုးနည်းအိမ်ရာစီမံ ကိန်းတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။

ထိုစီမံကိန်းတွှင် လူနေအ ခန်းပေါင်း ၂၁၄၄ခန်းနဲ့ ပန်းခြံ၊ ကျောင်း၊ စိမ်းလန်းမြေ၊ လမ်းတွေမီးတွေနဲ့ စနစ်ကျတဲ့ မြေအသုံးချ စီမံကိန်းများလည်းပါဝင်မည်ဟု သိရသည်။

ယင်းစီမံကိန်းကို ၂၀၁၇ ခုနှစ်ဧပြီလတွင် စတင်ဆောက်လုပ်ရန်ခန့်မှန်းထားကြောင်းသိရသည်။

ထိုအိမ်ရာစီမံကိန်းကို ဒက္ခိဏသီရိမြို့ပတ်လမ်းနှင့် ရာဇဌာနီလမ်းကြားရှိ ရန်အောင်မြေကြိုးဝိုင်းအတွင်းရှိ မြေဧက ၁၀၀ တွင်တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းဆောက်လုပ်ရာတွင် တစ်ဧကလျှင် လူဦးရေ ၁၀၇ ယောက်နှုန်းနှင့် အိမ်ခန်းတန်ဖိုးကျပ်သိန်း ၁၀၀ အောက်မှ အမြင့်ဆုံးကျပ်သိန်းလေးရာတန်ဖိုးအတွင်း သတ်မှတ်ဆောက်လုပ်မည်ဖြစ်သည်။

နေပြည်တော်သည် အစိုးရရုံးစိုက်ရာမြို့ဖြစ်သောကြောင့် အငြိမ်းစားဝန်ထမ်းများနှင့် ပြည်သူများကိုလည်း ဦးစားပေးရောင်းချရမည်ဖြစ်သည်။

အဆောက်အဦးမှာ မြေဧက၏ ၃၁ ရာခိုင်နှုန်းသာပါဝင်မည်ဖြစ်ပြီး လမ်းနေရာ၊ ပန်းခြံ၊ စိမ်းလန်းမြေနေရာ၊ ဈေးနေရာ၊ စာသင်ကျောင်းနေရာ၊ ရုံးခန်း၊ နှင့် ထရန်စဖော်မာတပ်ဆင်သော နေရာများကို ထည့်သွင်းဆောက်လုပ်မည်ဖြစ်သည်။

တည်ဆောက်မည့် ဒီဇိုင်းအရစီမံကိန်းမြေကို အိမ်ရာအဆောက်အအုံအတွက် ၃၁ ဧက၊ လမ်းအတွက် ၂၂ ဧက၊ ပန်းခြံနှင့် စိမ်းလန်းမြေအတွက် ၃၄ ဧက၊ ဈေးနေရာအတွက် ၆.၄၇ ဧက၊ စာသင်ကျောင်းအတွက် ၃ ဧက၊ ရုံးခန်းအတွက် ၁.၃၇ ဧက နှင့် ထရန်စဖော်မာနေရာအတွက် တစ်ဧကခွဲ စသည်ဖြင့် အကွက်ချစီစဉ်ထားသည်ဟုသိရသည်။

အခန်းအကျယ်အဝန်းပေါ်မူတည်၍ pricing လေးမျိုးခွဲခြားရောင်းချသွားမည်ဖြစ်ကြောင်းသိရသည်။

နေပြည်တော်သည် ဝန်ထမ်းအများဆုံးတည်ရှိသောမြို့ဖြစ်သောကြောင့် တန်ဖိုးနည်းအိမ်ရာတွေ လျှောက်ထားသည့်အခါ လက်ရှိဝန်ထမ်းထက် အငြိမ်းစားဝန်ထမ်းများကို ပိုပြီး ဦးစားပေးသွားမည်ဖြစ်ကြောင်းသိရသည်။

စီမံကိန်းထဲအတွက် မြေယာပေးလိုက်ရသည့် လယ်သမားများအတွက်လည်း ထည့်သွင်းစဉ်းစားပေးသွားမည် ဟုသိရသည်။

နေပြည်တော်ဧက ၁၀၀ တန်ဖိုးနည်းအိမ်ရာဆောက်လုပ်မည့် အမျိုးအစား၊ အကျယ်အဝန်းနှင့် Pricing တို့ကိုအောက်ပါအတိုင်းဖော်ပြပေးလိုက်ပါသည်။

အထပ်ပေါင်းလေးထပ်ပါဝင်သည့် လေးခန်းတွဲအဆောက်အအုံ ၁၂ လုံးပါဝင်မည်ဖြစ်ပြီး စတုရန်းပေ ၈၆၅ လျှင် ကျပ်သိန်း ၄၀၀ ဝန်းကျင်ရှိမည်ဖြစ်ကြောင်းသိရသည်။

ယင်းစီမံကိန်းတွင် ၁၂ ခန်းတွဲ လေးထပ်အဆောက်အဦးခုနှစ်လုံးပါဝင်မည်ဖြစ်ပြီး စတုရန်းပေ ၃၂၄ စတုရန်းပေရှိမည်ဖြစ်ပြီး ကျပ်သိန်း ၁၀၀ ဝန်းကျင်ကျသင့်နိုင်ပါသည်။

ရှစ်ခန်းတွဲ လေးထပ်အဆောက်အဦး ၁၃ လုံးပါဝင်မည်ဖြစ်ပြီး စတုရန်းပေ ၄၀၀ ရှိမည်ဖြစ်ပြီး ကျပ်သိန်း ၂၀၀ ဝန်းကျင်ရှိမည်ဖြစ်ကြောင်းသိရသည်။

လေးခန်းတွဲ လေးထပ်အဆောက်အဥိး ၇၅ လုံးပါဝင်မည်ဖြစ်ပြီး စတုရန်းပေ ၆၅၀ ရှိပြီး ကျပ်သိန်း ၃၀၀ ဝန်းကျင်ရှိမည်ဖြစ်ကြောင်းသိရသည်။

Source:kumudra journal

Public Housing Read 298 times