ပဲခူးတိုင်းဒေသကြီး အစိုးရအဖွဲ့ ရုံးတော်ဝင် ဟံသာခန်းမတွ င်မေလ၂ရက်နေ့က ကျင်းပခဲ့သည့် ပဲခူးဒေသမြို့ပြစီမံကိန်းအသစ် ရေးဆွဲအကောင်အထည်ဖော်ရေးလုပ်ငန်း ညှိနှိုင်းအစည်းအဝေး ပြုလုပ်ခဲ့ကြောင်း သိရသည်။
ယင်းအစည်းအဝေးတွင် ဝန်ကြီးချုပ်မှ ဟံသာဝတီ အပြည်ပြည်ဆိုင်ရာ လေဆိပ်စီမံကိန်းကြောင့် ပဲခူးဒေသသည် International Gate-Way တစ်ခုဖြစ်လာမည်ဖြစ်ကြောင်းပြောကြားထားသည်။
ထို့ပြင် ပဲခူးဒေသ မြို့ပြစီမံကိန်းအသစ်သည် ပဲခူးမြို့တစ်ခုတည်းအတွက် မဟုတ်ဘဲ တစ်နိုင်ငံလုံးအတွက် အလွန်အရေးပါကြောင်းလည်း ပြောကြားထားသည်။
ထို့နောက် မြို့ပြစီမံကိန်းအသစ်ရေးဆွဲရာတွင် ပါဝင်သင့်သည့်အခြေခံအချက်အလက်များ (ဥပမာ-လမ်း၊ ဆေးရုံ၊ စာသင်ကျောင်း၊ စက်မှုဇုန်၊ ဟိုတယ်ဇုန်၊ အိမ်ရာ)စသည့်တို့ပါဝင်ရန် လိုအပ်ကြောင်းလဲ ပြောကြားထားသည်။
ယင်းအပြင် နောင်အနာဂတ်နှစ်၃၀အထိ မျှော်မှန်းရေးဆွဲထားရန် လိုအပ်မည်ဖြစ်ကြောင်း၊ဘုရားကြီးလမ်းဆုံရှိဈေးကိုလည်း အထပ်မြင့်ဈေးတစ်ခုအဖြစ် ကြိုတင်စီမံရေးဆွဲထားရန် လိုအပ်ပါကြောင်း ပြောကြားထားသည်။
ထို့နောက်ဟံသာဝတီ အပြည်ပြည်ဆိုင်ရာလေဆိပ်သို့လာရောက် အလုပ်လုပ်ကိုင်ကြမည့် အနယ်နယ်အရပ်ရပ်မှ ပြည်သူများအတွက်ေ နထိုင်ရာအဆောက်အအုံ ၊ဈေးများ ၊ဆေးရုံများ၊ စာသင်ကျောင်းများ စီမံဆောင်ရွက်ပေးရ မည်ဖြစ်ကြောင်းနှင့် ပဲခူးဒေသအတွက် လိုအပ်သည့်မြို့ပြစီမံကိန်း အသစ်ရေးဆွဲခြင်းသည် အလွန်အရေးပါသည့် စီမံကိန်းတစ်ခုဖြစ် ကြောင်းပြောကြားထားသည်။
ထို့ပြင် မြို့ပြနှင့်အိမ်ရာ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဒုတိယညွှန်ကြားရေးမှူးမှလည်းယခုအပတ်အတွင်း ပဲခူးဒေသပတ်ဝန်းကျင်တွင် အချက်အလက်များ စုဆောင်းသွားမည်ဖြစ်ပြီး ရရှိလာမည့် အချက်အလက်များပေါ်မူတည်ပြီး စီမံကိန်းနယ်မြေအလိုက် ပိုင်းခြား သတ်မှတ်ပေးသွားမည် ဖြစ်ကြောင်းသိရသည်။
နယ်မြေပိုင်းခြား သတ်မှတ်ခြင်းအားဖြင့် လုပ်ငန်းတူရင်းနှီးမြုပ်နှံမှုလုပ်ငန်းများ တစ်နေရာတည်းစီမံဆောင်ရွက် ပေးနိုင်မည်ဖြစ်ကြောင်းနှင့် မြို့တစ်မြို့အတွက်လိုအပ်သည့် အချက်အလက်များကို ကောင်းမွန်အောင်ရေးဆွဲပေးသွားမည် ဖြစ်ကြောင်းလည်းသိရသည်။
ထို့နောက် အစိုးရအဖွဲ့ အတွင်းရေးမှူးမှ မြို့ပြစီမံကိန်းအသစ် ရေးဆွဲအတည်ပြုပြီးမှသာေြ မယာနှင့် ပတ်သက်သည့်ကျန်ကိစ္စရပ်များအား ဥပဒေနှင့်အညီ ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းနှင့် ပဲခူးမြို့သည်လမ်းဆုံမြို့တစ်ခုဖြစ်နေသောကြောင့် ဝင်ထွက်သွားလာမှု များပြားသောကြောင့် လမ်းများ ထပ်မံဖောက်လုပ်ရန် လိုအပ်ပါက အုပ်ချုပ်ရေးကဏ္ဍအနေဖြင့် ပူးပေါင်း ဆောင်ရွက် ပေးသွားမည်ဖြစ်ကြောင်း သိရသည်။
Source:imyanmarhouse