ပညာရှင်များ၏ စစ်ဆေးမှုအရ ဧရာဝတီတိုင်းဒေ သကြီး မြောင်းမြ-လပွတ္တာကား လမ်းရှိ ပင်လယ်လေး(လပွတ္တာ) ကြိုးတံတားသည် ကြံ့ခိုင်မှုအား နည်းနေပြီဖြစ်၍ မြောင်းမြကြိုးတံ တားကဲ့သို့ ပျက်စီးမှုမဖြစ်ပေါ်မီ တန် ၆ဝ ခံနိုင်ဝန်ရှိသော တံတားတစ်စင်း တည်ဆောက်ပေးရန် မြောင်းမြ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဒေါက်တာစိုးမိုးသူ က လွှတ်တော်သို့ တင်ပြသည်။
နိုဝင်ဘာ ၁၃ ရက်က ကျင်းပ သည့် ပြည်သူ့လွှတ်တော်အစည်း အဝေးတွင် ပင်လယ်လေးကြိုးတံ တားကို လုံခြုံစိတ်ချရသော ကြိုး တံတားအသစ် တစ်စင်းအဖြစ် မည်သည့်အချိန်၌ ဆောက်ပေး မည်ကို သိလိုကြောင်း ဒေါက်တာ စိုးမိုးသူက မေးမြန်းခဲ့သည်။
အဆိုပါတံတားကို ၁၉၉၆ တွင် စတင်တည်ဆောက်ခဲ့ပြီး ၁၉၉၈ က ဖွင့်လှစ်ခဲ့ကြောင်း၊ မူလခံနိုင်ဝန် ၃၆ တန်ရှိပြီး ယခုနှစ် ဧပြီက ပျက်ကျခဲ့သည့် မြောင်းမြကြိုးတံတားဟောင်း တည်ဆောက် သည့် နည်းပညာဖြင့်ပင် တည်ဆောက်ထားခြင်း ဖြစ်ကြောင်း မြောင်းမြအမတ်က ပြောသည်။
မြောင်းမြကြိုးတံတားပြတ် ကျပြီးချိန်တွင် ပင်လယ်လေးကြိုး တံတားကို တရုတ်၊ ဂျပန်နှင့် မြန် မာပညာရှင်များ စစ်ဆေးရာ ယင်းတံတား၏ကြံ့ခိုင်မှု အားနည်း ကြောင်း စစ်ဆေးတွေ့ရှိခဲ့သည် ဟု ၎င်းက ဆိုသည်။
ဒေါက်တာ စိုးမိုးသူသည် လွန်ခဲ့သည့် ၂ နှစ်က လွှတ်တော် အစည်းအဝေးတွင် ယခုပြတ်ကျခဲ့ သော မြောင်းမြကြိုးတံတားအစား တံတားအသစ်တည်ဆောက်ပေး ရန်လည်း မေးမြန်းခဲ့သေးသည်။
‘‘မေးခွန်းမေးမြန်းကြိုးစားခဲ့ ပေမယ့် အချိန်မီပြီးစီးအောင် မ ဆောင်ရွက်နိုင်ခဲ့တာကြောင့် အ ဖြစ်ဆိုးနဲ့ ကြုံတွေ့ခဲ့ရပြီး အပြစ်မဲ့ ပြည်သူနှစ်ဦး အဖြစ်ဆိုးနဲ့ ကြုံခဲ့ရ ပါတယ်’’
ဟု ဒေါက်တာစိုးမိုးသူက ပြောသည်။
မြောင်းမြအမတ်၏မေးမြန်း မှုအပေါ် ဆောက်လုပ်ရေးဝန်ကြီး ဌာန ဒုတိယဝန်ကြီး ဦးကျော်လင်း က လွှတ်တော်သို့ လာရောက်ရှင်း လင်းဖြေကြားသည်။
အဆိုပါပင်လယ်လေးကြိုး တံတား၏မူလခွင့်ပြုအလေးချိန် သည် ၃၆ တန်ဖြစ်သော်လည်း ၂၀၀၈ နာဂစ်မုန်တိုင်း တိုက်ခတ် ပြီးချိန်တွင် ပြန်လည်ထူထောင် ရေးလုပ်ငန်းများအတွက် တန်ပို ယာဉ်ကြီးများ ဖြတ်သန်းသွားလာ မှုကြောင့် တံတားခံနိုင်ဝန် ကျဆင်း လာကြောင်း၊ ထို့ကြောင့် တန် ၂၀ ထိသာ ခွင့်ပြုခဲ့ကြောင်း၊ မြောင်းမြကြိုးတံတားကျိုးကျပျက်စီးမှုဖြစ် ပွားပြီးနောက် ယင်းတံတားကို စစ် ဆေးရာ ပင်လယ်လေးတံတားခံ နိုင်ဝန်ကြံ့ခိုင်မှုကို လက်ရှိခွင့်ပြု ထားသည့် တန် ၂၀ အောက်လျှော့ချကာ ၁၄ တန်အထိ ခွင့်ပြုထား သည်ဟု ရှင်းပြသည်။
ယင်းတံတားအသစ် တည် ဆောက်ရန် လိုအပ်နေ၍ ၂၀၁၈- ၁၉ ဘဏ္ဍာရေးနှစ်အတွင်း စတင် တည်ဆောက်မည်ဖြစ်ပြီး ဖြည့် စွက်ရန်ပုံငွေတောင်းခံချိန်တွင် လုံ လောက်သည့် ရန်ပုံငွေထပ်မံရရှိ နိုင်ရေး ပြည်သူ့လွှတ်တော်ကိုယ် စားလှယ်များက ခွင့်ပြုပေးရန် ဒု ဝန်ကြီးက မေတ္တာရပ်ခံတောင်းဆို သည်။ ယင်းခွင့်ပြုငွေရရှိပါက ၂၀၁၉ စက်တင်ဘာလကုန်တွင် အပြီးတည်ဆောက်မည်ဟု ၎င်း က ပြောသ