ဟားခါးမြို့ အနီးတွင် မြို့သစ်စီမံကိန်း အကောင်အထည်ဖော်မည်


27 October, 2020

ချင်းပြည်နယ်ဟားခါးမြို့အနီးရှိေမြေ ၄၃ ဒသမ ၉ ဧကတွင် မြို့သစ်စီမံကိန်းအကောင်အထည်ဖော်မည်ဖြစ်ပြီးယင်းနေရာတွင် ကျူးကျော်များအတွက်ပါနေရာချပေးရန် စီစဉ်နေကြောင်းသိရသည်။

ပြည်ထောင်စုအစိုးရအဖွဲ့ကိုတင်ထားပြီးကျလာပါကအကောင်အထည်ဖော်မည်ဖြစ်သည်။
ယခုမြို့ပေါ်တွင်ရှိသောအိမ်ခြေ ၃၀၀၀ လောက်မှာအိမ်ငှားဘဝနှင့်နေသူများဖြစ်ပြီးနောက်တစ်ခုမှာအိမ် ၄၀၀၊ ၅၀၀ လောက်ကျူးကျော်များလည်းရှိနေကြောင်းသိရသည်။
ထို့ပြင်အိန္ဒိယနှင့်မလေးရှားတွင်ရှိနေသောချင်းလူမျိုးစုစုပေါင်းနှစ်သောင်းနီးပါးမှာလာမည့်နှစ်တွင်ပြန်လာမည်ဖြစ်ပြီး ယင်းတို့ကိုနေရာကွက်သစ်တွင်ချပေးထားဖို့စီစဉ်နေကြောင်းသိရသည်။
ယင်းအပြင်ဖလမ်းနှင့်ပလက်ဝမြို့နယ်များတွင်လည်းမြို့ပြစီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများကို ဆောင်ရွက်နေကာဒေသနှင့်ကိုက်ညီသောစိုက်ပျိုးရေးလုပ်ငန်းများဖွံ့ဖြိုးလာစေရေး၊ အခြေခံအဆောက်အအုံများပိုမိုကောင်းမွန်လာရေး၊အသေးစားနှင့်အလတ်စားလုပ်ငန်းများဖွံ့ဖြိုးတိုးတက်ရေးလူ့စွမ်းအားအရင်းအမြစ်များဖွံ့ဖြိုးတိုးတက်ရေးတို့ကို အလေးထားဆောင်ရွက်နေကြောင်းသိရသည်။
ချင်းပြည်နယ်အတွင်းတွင်အစိုးရအနေဖြင့်မြို့ပြစီမံကိန်း၊မြို့ပြစီမံကိန်းဖွံ့ဖြိုးတိုးတက်ရန်အရေးတကြီးဆောင်ရွက်နေကြောင်းသိရသည်။
ဟားခါး၊ ဖလမ်း၊ ပလက်၀ စသောမြို့သုံးမြို့ကို မြို့သစ်စီမံကိန်း၊ မြို့ပြစီမံကိန်းဖွံ့ဖြိုးတိုးတက်ရေးများကိုလည်းအကောင်အထည်ဖော်ရန်ရှိနေကြောင်းသိရသည်။
Source:Pyimyanmar journal

Mixed Use and Urban Read 64 times