ထားဝယ်အထူးစီးပွားရေးဇုန်စီမံကိန်းသစ်


01 August, 2019

ပြန်လည်စတင်တော့မည့် ထားဝယ်အထူးစီးပွားရေးဇုန် စီမံကိန်းသစ်ကို ဂျပန်၊ထိုင်းနှင့်မြန်မာတို့က ပူးပေါင်းအကောင်အထည်ဖော်မည်ဖြစ်ကြောင်း၊၎င်းစီမံကိန်းသစ်နှင့်ပတ်သက်ပြီး သုံးနိုင်ငံကိုယ်စားလှယ်များ ယခုနှစ်မကုန်မီတွေ့ဆုံ ဆွေးနွေးမည်ဖြစ်ကြောင်း သိရသည်။

 အသစ်ပြင်ဆင်ထားသော အဆိုပြုချက်ကို ရက်ပိုင်းအတွင်း ဂျပန်စီးပွားရေး၊ ကုန်သွယ်ရေးနှင့် စက်မှုဝန် ကြီးဌာန၏ ဂျပန်စီးပွား ရေးဆိုင်ရာသတင်းစာရှင်းလင်းပွဲတွင် ကြေညာမည်ဖြစ်ကြောင်း သိရသည်။

 ထားဝယ်အ ထူးစီးပွားရေးဇုန်ကို အိန္ဒိယကဲ့သို့ ဈေးကွက်များအတွက်ရည်ရွယ်၍ ပို့ကုန်အခြေစိုက်စခန်း တစ်ခုဖြစ်လာဖို့ ပြန်လည်ပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။

 ၎င်းစီမံကိန်းကို၂၀၁၅ ခုနှစ်တွင် ဂျပန်၊ထိုင်းနှင့်မြန်မာ သုံးနိုင်ငံကြားသဘောတူညီချက် ရေးထိုးခဲ့ပြီး မူလအစီအစဉ်မှာ အကြီးစားစက်မှုလုပ်ငန်းများနှင့် ဓာတုပစ္စည်းထုတ်လုပ်ရေးအတွက် အာရုံစိုက်ခဲ့သည့် စီမံကိန်းလည်းဖြစ်သည်။ယခု မွမ်းမံပြင်ဆင်ထားသည့် စီမံကိန်းသစ်ကို ၂၀၃၀ တွင်အပြီးအကောင်အထည် ဖော်ဖို့ရည်မှန်းထားကြောင်း သိရသည်။

 စီမံကိန်းသစ်အကောင်အထည်ဖော်ရာတွင် အသေးစားစက်မှုလုပ်ငန်းများနှင့် ရေကြောင်းသယ်ယူပို့ဆောင်ရေး ဆိပ်ကမ်းတည်ဆောက်ရေးကို ဦးစားပေးမှာဖြစ်ပြီး ကုန်တင်ပို့မှုလမ်းကြောင်း ဖြစ်လာမှာဖြစ်ကြောင်း သိရသည်။

 အရှေ့တောင်အာရှတွင် ဩဇာလွှမ်းမိုးမှုပိုမိုရရှိရေးအတွက် ဂျပန်အစိုးရသည် အခွင့်အရေးတစ်ခုအဖြစ် ထားဝယ်အထူးစီးပွားရေးစီမံကိန်းအပေါ် ရှုမြင်ထားပြီး၊ဗီယက်နမ်၊ကမ္ဘောဒီးယားနှင့်ထိုင်းကိုဖြတ်ပြီးမြန်မာနိုင်ငံက တဆင့် အိန္ဒိယသမုဒ္ဒရာကိုလမ်းပွင့်မည့် စီးပွားရေးစင်္ကြံလမ်းဖြစ်ဖို့ရည်ရွယ်ထာားကြောင်း သိရသည်။

Infrastructure and Zones Read 75 times