ငွေကျပ် ၆၁ ဘီလီယံ အကုန်ကျခံ တည်ဆောက်နေတဲ့ အဆင့်မြင့်မင်္ဂလာစျေးသစ် ၅၃ ရာခိုင်းနှုန်းပြီးစီး


01 January, 2020

ရန်ကုန်မြို့ရှိ အဆင့်မြင့်မင်္ဂလာဈေးသစ်တည်ဆောက် လျက်ရှိရာ ယခုအခါ ဈေးသစ်တည်ဆောက်ပြီးစီးမှု ၅၃ ရာခိုင်နှုန်းဆောင်ရွက်ပြီးစီးနေပြီဖြစ်ကြောင်း အဆင့်မြင့်မင်္ဂလာဈေးသစ်တည်ဆောက်ရေးစီမံကိန်း လုပ်ငန်းခွင်မှ သိရသည်။

 

ဈေးသစ်တည်ဆောက်သည့် စီမံကိန်းဧရိယာ၊ အတွင်း မြေအောက်ထပ် နှစ်ထပ်အပါအဝင် အထပ်မြင့် ၁၅ ထပ်ရှိသည့် ဈေးသစ်အဆောက် အအုံကို ဆောက်လုပ်မည်ဖြစ်ပြီး တည်ဆောက်ရေး စီမံကိန်းအတွက် ငွေကျပ် ၆၈ ဘီလီယံအကုန်ကျခံ တည်ဆောက်နေကြောင်း၊ မြေညီထပ်နေရာ၌ ဘဏ်များ၊

 

စားသောက်ဆိုင်များနှင့် အဆင့်မြင့်စူပါ မားကက်ကိုပါ ထည့်သွင်းဆောက်လုပ်သွားမည်ဖြစ်ပြီး မြေအောက်ထပ် နှစ်ထပ်အပါအဝင် ခြောက်ထပ် မှ ၁၃ ထပ်အထိကို ယာဉ်အစီးရေ ၇၀၀ကျော် ရပ်နားနိုင်မည့် ယာဉ်ရပ်နားရာကားပါကင် နေရာပါဝင်မည်ဖြစ်ကာ ကိုးထပ်နှင့် ၁၀ ထပ်တွင် ဆိုင်ခန်းများနှင့် ကုန်လှောင်ရုံများပါဝင်မည်ဖြစ်၍

 

၁၁ ထပ်မှ ၁၃ ထပ်အထိကို ရုံးခန်းများထည့်သွင်း ပါဝင်ဆောက်လုပ်မည်ဖြစ်ကြောင်း၊ စီမံကိန်းအတွင်း ရှိ ဆောက်လုပ်ရေးကုမ္ပဏီမှရရှိမည့် အထပ်မြင့် ငါးထပ်မှ ရှစ်ထပ်အထိကို ဆိုင်ခန်းပေါင်း ၁၀၀၀ ကျော် ထည့်သွင်းဆောက်လုပ်မည်ဖြစ်ပြီး မြေညီ ထပ်မှ လေးထပ်အထိကို ယခင်မင်္ဂလာဈေးမီးလောင် ကြောင့် ဈေးအတွင်း ဆိုင်ခန်းများရမ်းကာရောင်းချနေကြသည့်

 

ဈေးသူ၊ ဈေးသားများအတွက် ရန်ကုန်မြို့တော် စည်ပင်သာယာရေးကော်မတီမှ စီမံခန့်ခွဲကာ ဆိုင်ခန်းနေရာများ ပြန်လည်နေရာချ ထားပေးမည်ဖြစ်ကြောင်း သိရသည်။

 

ယခုအခါ အထပ်မြင့် ခြောက်လွှာအထိဆောက် လုပ်ပြီးစီးပြီဖြစ်၍ အထပ်မြင့် ခုနှစ်လွှာရှိ လုပ်ငန်း များအား ဆက်လက်ဆောင်ရွက်နေသောကြောင့် လာမည့်ဒီဇင်ဘာလကုန်ပိုင်း၌ အဆောက်အအုံ တစ်ခုလုံးရှိ အထပ်များ၏ အကြမ်းထည်လုပ်ငန်းများအား အပြီးသတ်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း နှင့် အဆင့်မြင့်မင်္ဂလာဈေးသစ်အား လာမည့် ၂၀၂၁ ခုနှစ် မေလတွင် ဖွင့်လှစ်နိုင်ရန်စီစဉ်ထားကြောင်း သိရသည်။

Local Read 53 times