တိုင်းဒေသကြီးနှစ်ခုကို ချိတ်ဆက်မည့် အမြန်လမ်းတစ်ခု ထပ်မံဖောက်လုပ်မည်


11 December, 2020

ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးကို ချိတ်ဆက်မည့် အမြန်လမ်းတစ်ခု ထပ်မံဖောက်လုပ်ရန် မေလ ၃ ရက်က ပဲခူးတိုင်းဒေသကြီးအစိုးရအဖွဲ့ တော်ဝင်ဟံသာခန်းမတွင် တိုင်းဒေသကြီးနှစ်ခုမှ ဝန်ကြီးချုပ်တို့ တွေ့ဆုံဆွေးနွေးမှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

 ရန်ကုန်တိုင်းဒေသကြီးနှင့် ပဲခူးတိုင်းဒေသကြီးတို့သည် တစ်ခုနှင့်တစ်ခု အမှီပြုပြီး ကုန်းလမ်းကြောင်းအရ ချိတ်ဆက်မှုအများဆုံးဖြစ်သောကြောင့် ဝေါမြို့မှ စစ်တောင်းတူးမြောင်းအတိုင်း ရန်ကုန်တိုင်းဒေသကြီးနှင့် ချိတ်ဆက်မည့် အမြန်လမ်းတစ်ခု ထပ်မံဖောက်လုပ် မည်ဖြစ်သည့်အပြင် ကဝမြို့နှင့် လှည်းကူးမြို့သို့ ဆက်သွယ်သော (သပြု-ဒါးပိန်)လမ်းကိုလည်း နောင်တစ်ချိန်တွင် သီလဝါအထိ ချိတ်ဆက်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

"ခရမ်း-သုံးခွ-သနပ်ပင်လမ်းကိုလည်း မြေပြင်အခြေအနေ ကွင်းဆင်းဆောင်ရွက်နေပါတယ်။ မကြာခင် ကုန်းတွင်းထွက်ပေါက်တစ်ခုအဖြစ် အကောင်အထည်ပေါ်လာမှာဖြစ်သလို ရန်ကုန်တိုင်းဒေသကြီးနဲ့ ပူးပေါင်းပြီး လမ်းကွန်ရက် ထပ်မံတိုးချဲ့ဆောင်ရွက်သွားမှာပါ" ဟု  ပဲခူးတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးဝင်းသိန်းက ပြောသည်
ထို့ပြင် ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့အနေဖြင့်  ပဲခူးတိုင်းဒေသကြီးနှင့် နီးကပ်လျက်ရှိသော လှည်းကူးမြို့ကိုလည်း အဆင့်မြှင့်တင်ရန် အမြန်လမ်းမကြီးဘေးတွင် Green City တစ်ခုအား အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိသောကြောင့်  ပဲခူးတိုင်းဒေသကြီး အတွက်လည်း တစ်ဖက်တစ်လမ်းမှ လူမှုစီးပွားဘဝများ မြှင့်တင်ပေးရန် အထောက်အပံ့ ဖြစ်စေနိုင်ကြောင်း သိရသည်။

 ပဲခူးမြို့သည် အပြည်ပြည်ဆိုင်ရာ လမ်းကွန်ရက်များ၏ ဆုံချက်ဗဟိုတွင် တည်ရှိနေ၍ မကြာမီအချိန်အတွင်း ဖွံ့ဖြိုးတိုးတက်လာနိုင်မည်ဖြစ်ကြောင်းနှင့် လမ်းကွန်ရက်များ၊ အမြန်လမ်းမကြီးများ၊ဖောက်လုပ်ရာတွင် ဖြတ်သန်းသွားလာရာလမ်းတစ်လျှောက်ရှိ မြို့များတွင် မြို့ရှောင်လမ်းများ ထည့်သွင်းဆောင်ရွက်မဖြစ်ကြောင်း သိရသည်။
 

Infrastructure and Zones Read 86 times