စက်မှုဇုန် အသစ်များ ထပ်မံ အကောင်အထည်ဖော်မည်


27 October, 2020

ရန်ကုန်တိုင်းရှိစက်မှုဇုန်များသည် အရည်အသွေးလိုအပ်ချက်များစွာရှိနေခြင်းကြောင့် စက်မှုဇုန်အသစ်များကိုထပ်မံအကောင်အထည်ဖော်တည်ဆောက်မည်ဟုစီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာနမှပြောကြားသည်။

ရန်ကုန်တိုင်းရှိစက်မှုဇုန်များသည် စတင်တည်ထောင်စဉ်ကပင်ကောင်းမွန်သည့်ဖွဲ့စည်းတည်ဆောက်မှုမရှိခဲ့ခြင်း ကြောင့်လက်ရှိအချိန်တွင်ရှိပြီးသားစက်မှုဇုန်များကိုအရည်အသွေးမြှင့်တင်ရန်ခက်ခဲသောကြောင့် စက်မှုဇုန်အသစ်များကိုထပ်မံအကောင်အထည်ဖော်ရန် စီစဉ်ရခြင်းဖြစ်ကြောင်းသိရသည်။

စက်မှုဇုန်အသစ်များကိုအကောင်အထည်ဖော်ရာတွင်ငွေကြေးအရင်းအနှီးလုံလောက်သည့်လုပ်ငန်းရှင်များကိုသာဆောင်ရွက်ခွင့်ပြုမည်ဟုသိရသည်။

စက်မှုဇုန်များအကောင်အထည်ဖော်တည်ဆောက်ရာတွင်လုပ်ငန်းလုပ်ကိုင်လိုသူတစ်ဦးချင်းကို မြေငှားရမ်းပြီးရရှိလာသောငွေကြေးဖြင့် တည်ဆောက်ရေးလုပ်ငန်းများလုပ်ကိုင်မည့် အစီအစဉ်ကိုအစိုးရကလက်ခံမည် မ ဟုတ်ကြောင်း၊အမှန်တကယ်ရင်းနှီးမြှုပ်နှံပြီးအကောင်အထည်ဖော်တည်ဆောက်နိုင်သည့်ငွေကြေးအရင်းအနှီးရှိသူကိုသာစက်မှုဇုန်များတည်ထောင်ခွင့်ပေးမည်ဟုသိရသည်။

စက်မှုဇုန်အသစ်များထပ်မံအကောင်အထည်ဖော်မည်ဖြစ်သော်လည်းမည်သည့်အချိန်တွင်အကောင်အထည် ဖော်မည်ကိုဝန်ကြီးကပြောကြားခဲ့ခြင်းမရှိပေ။
စက်မှုဇုန်များတည်ထောင်ရန် ရင်းနှီးမြှုပ်နှံမှုငွေကြေးပမာဏများခြင်းကြောင့် ပြည်တွင်းလုပ်ငန်းရှင်များထက် ပြည်ပလုပ်ငန်းရှင်များသာလုပ်ကိုင်နိုင်သည့်အခြေအနေမျိုး ဖြစ်နေသည်ဟုလှိုင်သာယာစက်မှုဇုန် စီမံခန့်ခွဲမှုကော်မတီနာယကပြောကြားသည်။
ရန်ကုန်တိုင်းတွင် စက်မှုဇုန်များကို ၁၉၉၄ ခန့်တွင်လယ်မြေများ၌ စတင်အကောင်အထည်ဖော်ခဲ့သည်။ ထိုစဉ်ကမြို့ရွာနှင့် အိုးအိမ်ဖွံ့ဖြိုးရေးဦးစီးဌာနကတစ်ကွက်ချင်းစီရောင်းချပြီးရင်းနှီးမြှုပ်နှံမည့်လုပ်ငန်းရှင်ကမြေဖို့ခြင်း၊ မြောင်းဖောက်ခြင်းတို့ လုပ်ကိုင်ခဲ့ရသည်ဟုလှိုင်သာယာစက်မှုဇုန်မှထုတ်ကုန်လုပ်ငန်းရှင် တစ်ဦးမှ ပြောကြားသည်။
လက်ရှိ၌မြန်မာနိုင်ငံတွင်စက်မှုဇုန်အသစ်များအကောင်အထည်ဖော်ရာ၌ရင်းနှီးမြှုပ်နှံမှုပြုလုပ်ရန်ဟောင်ကောင်နှင့်တောင်ကိုရီးယားနိုင်ငံတို့မှစီးပွားရေးလုပ်ငန်းရှင်များကစိတ်ဝင်စားနေကြောင်းမြန်မာနိုင်ငံရင်းနှီးမြှုပ်နှံမှုကော်မရှင်အတွင်းရေးမှူးမှပြောကြားသည်။

Infrastructure and Zones Read 41 times