(New Mandalay Resort City) တည်ဆောက်ခွင့်ရ  အဖွဲ့သုံးဖွဲ့ ယခုလကုန်နောက်ဆုံးထား တင်ပြရမည်


06 December, 2020

  မန္တလေးတိုင်းဒေသကြီး ပြင်ဦးလွင်မြို့အနီး ဧရိယာ ၁ဝ,ဝဝဝ ဧကခန့်တွင် တည်ဆောက်မည့် မန္တလေးမြို့သစ်စီမံကိန်း (New Mandalay Resort City)၏ Master Plan ကို စီမံကိန်း တည်ဆောက်ခွင့် ရရှိခဲ့သည့် အဖွဲ့သုံးဖွဲ့က ယခုလကုန်နောက်ဆုံးထား တင်ပြရမည်ဖြစ်ကြောင်း မြို့ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနမှ သိရသည်။

စိတ်ဝင်စားမှုအဆိုပြုလွှာ
xxxxxxxxxxxxxx

        ယင်းစီမံကိန်းတည်ဆောက်ရန် အတွက် စိတ်ဝင်စားမှုအဆိုပြုလွှာများကို ဖေဖော်ဝါရီလဆန်းပိုင်းက ခေါ်ယူခဲ့ခြင်းဖြစ်ပြီးရွှေတောင်ကုမ္ပဏီအပါအဝင်ဆောက်လုပ်ရေးကုမ္ပဏီသုံးခုကို နောက်ဆုံးအဆင့်အဖြစ် ရွေးချယ်ခဲ့ခြင်းဖြစ်သည်။

Master Plan နောက်ဆုံးတင်ပြရမည့်နေ့
xxxxxxxxxxxxxx

        ရွေးထားသည့် အဖွဲ့သုံးဖွဲ့ကို Master Plan ရေးဆွဲခိုင်းထားပါတယ်။ထိုအထဲတွင် Detial Plan,Financial Plan များ အားလုံးပါတယ်။ဒီ Master Plan ပေါ်မူတည်ပြီးမှ သက်ဆိုင်ရာဇုန်အလိုက်ကို တာဝန်ပြန်ခွဲဝေပေးမယ်။Master Plan ကတော့ နိုဝင်ဘာ ၃ဝ ရက်နောက်ဆုံးထားပြီး တင်ခိုင်းထားသည် ဟု သိရတယ်။

Master Plan ရေးဆွဲမှုပြီးစီးလျှင်
xxxxxxxxxxxxxx

        Master Plan တင်ပြမှုပြီးစီးပါက Request for Proposal (RFP) တင်သွင်းရမည်ဖြစ်ကာ ထိုအဆင့်ပြီးစီးပါက  လာမည့် ၂ဝ၁၉ ခုနှစ်ထဲတွင် တည်ဆောက်မှုများ စတင်နိုင်မည်ဟု ခန့်မှန်းထားကြောင်း၊ထို့ပြင် Master Plan ရေးဆွဲမှုပြီးစီးမှသာ စီမံကိန်းကုန်ကျစရိတ် ကိုထုတ်ပြန်နိုင်မည်ဖြစ်ကြောင်း သိရသည်။
 
တည်ဆောက်မှုကာလသတ်မှတ်
xxxxxxxxxxxxxx

        ဧက ၁ဝ,ဝဝဝ ခန့်ရှိသော အဆိုပါစီမံကိန်းကို လူမှုစီးပွားဖွံ့ဖြိုးရေး၊မြို့ပြ ဖွံ့ဖြိုးရေးနှင့် သဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးအခြေခံသည် Green,Clean, and Smart City အဖြစ် အပိုင်းလိုက်အကောင်အထည်ဖော်ဆောင်ရွက်သွားမည်ဖြစ်ကာ တည်ဆောက်မှုကာလ ၁၅ နှစ်ခန့် သတ်မှတ်ထားကြောင်း သိရသည်။

Region Read 130 times