စစ်တွေမြို့တွင် တည်ဆောက်မည့် မေယုဈေးသစ်ကြီး


27 October, 2020

ရခိုင်ပြည်နယ် စစ်တွေမြို့တွင် မတ်လ ၁၅ ရက်နေ့နံနက် ၉ နာရီတွင် မေယုအဆင့်မြင့်ဈေးသစ်ကြီးတည်ဆောက်ရန် ပန္ဒက်တင်မင်္ဂလာအခမ်းအနားပြုလုပ်ခဲ့ကြောင်းသိရသည်။

မေယုအဆင့်မြင့်ဈေးသစ်ကြီးကို Western Shining Star Public ကုမ္ပဏီမှ တာဝန်ယူတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
မေယုဈေးသစ်ကြီးတွင် ပင်မသုံးထပ်ဆောင် Shopping mall တစ်ခုနှင့် နှစ်ထပ်အာရ်စီ Shop House များ၊ မော်တော်ဆိုင်ကယ်များ၊ ကားများရပ်နားရန်နေရာနှင့် အများပြည်သူအပန်းဖြေနေရာနှင့် အများပြည်သူအပန်းဖြေနေရာများအပြင် သန့်ရှင်းသပ်ရပ်သောရေ၊ မီး၊ မိလ္လာစနစ်များပါဝင်မည်ဖြစ်ကြောင်းသိရသည်။
ထို့ပြင် ပင်မShpping mall ၏မြေညီထပ်တွင် ဆိုင်ခန်းပေါင်း ၂၆၈ ခန်းပါဝင်ပြီးယခင်မေယုဈေးသူဈေးသားများ၏ ဆိုင်ခန်း ၁၄၄ ခန်းကိုနေရာချထားပေးမည်ဖြစ်ကြောင်း၊ shopping mall ၏ ပထမထပ်တွင် ဆိုင်ခန်း ၁၀၈ ခန်းနှင့် ဒုတိယထပ်တွင် Multi Purpose Hall၊ Furniture Showroom၊ အားကစားကွင်း၊ အများပြည်သူအပန်းဖြေနေရာနှင့် ခေတ်မီစားသောက်ခန်းများပါဝင်မည်ဖြစ်ကြောင်းနှင့် Shopping Mall ၏ ပတ်လည်တွင် Shop House များဖြင့် တည်ဆောက်သွားမည်ဖြစ်ကြောင်းသိရသည်။
ယင်းမေယုအဆင့်မြင့်ဈေးသစ်ကြီးကိုရခိုင်ပြည်နယ်အစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် စစ်တွေမြို့နယ် စည်ပင်သာယာရေးအဖွဲ့ပိုင်မေယုဈေးနေရာတွင် Western Shining Star Public ကုမ္ပဏီနှင့် Golden Green Energy ကုမ္ပဏီတို့မှ တာဝန်ယူတည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
Source:Myawaddy newspaper

Infrastructure and Zones Read 38 times