စစ်တွေ လေဆိပ် အဆောက်အအုံသစ်


27 October, 2020

ရခိုင်ပြည်နယ်စစ်တွေလေဆိပ်တွင်လေယာဉ်ခြောက်စီးအထိတစ်ပြိုင်တည်းဝန်ဆောင်မှုပေးနိုင်ရန် အဆင့်မြှင့်တင်တည်ဆောက်နေသည့်လေဆိပ်အဆောက်အအုံသစ်ကိုမတ်လကုန်၌ ဖွင့်လှစ်မည်ဖြစ်ေ ကြာင်းသိရသည်။

လက်ရှိစစ်တွေလေဆိပ်တွင် လေယာဉ်နှစ်စီးလောက်ကိုသာစီမံခန့်ခွဲမှု လုပ်ပေးနိုင်သေးပါသည်။
ယခုအဆောက်အအုံကိုအဆင့်မြှင့်ပြီးသည်နှင့် လေယာဉ်ခြောက်စီးလောက်အထိကိုတစ်ပြိုင်နက်တည်းစီမံခန့်ခွဲမှုပြုလုပ်ပေးနိုင်တော့မည်ဖြစ်ကြောင်းသိရသည်။
ယင်းအဆောက်အအုံကိုယခုနှစ်မတ်လကုန်တွင် စတင်ဖွင့်လှစ်ရန်စီစဉ်ထားကြောင်းသိရသည်။
လက်ရှိတွင် စစ်တွေလေဆိပ် ၌ အထွက်ခရီးသည် ၁၀၀ နှင့် အဝင်ခရီးသည် ၅၀ ကျော်သာတစ်ပြိုင် တည်း ဝန်ဆောင်မှုပေးနိုင်ပြီးအဆင့်မြှင့်ထားသည့် လေဆိပ် အ ဆောက်အအုံသစ် ဖွင့်လှစ်ပြီးပါကအထွက်ခရီးသည် ၂၀၀ နှင့် အဝင် ခရီးသည် ၂၀၀ တို့ကိုတစ်ပြိုင်တည်းစီမံခန့်ခွဲကာ ဝန်ေ ဆာင်မှု ပေးနိုင်မည်ဖြစ်ကြောင်းသိရသည်။
လေဆိပ်အဆောက်အအုံသစ်တွင်ခရီးသည်များလုံခြုံ ရေးအတွက် X-Ray စက်များ၊ CCTVများထားရှိပေးမည် ဖြစ်ကြောင်းသိရသည်။
ဖျော်ဖြေရေးအတွက် တီဗီတွေနဲ့ ခရီးစဉ် စောင့်နေချိန်မှာအေးအေးဆေးဆေးအနားယူနိုင်ဖို့ Airconစနစ်များတပ်ဆင်ပေးထားမည်ဖြစ်ကြောင်းသိရသည်။
ခရီးသည်များအားလုံးကိုဘေးကင်းလုံခြုံမှုရှိပြီးအဆင်ပြေရန့် အဆင့်မြှင့်တင်ပေးထားသည်ကိုတွေ့ရသည်။ နိုင်ငံတစ်ဝန်းရှိခရီးစဉ်များကိုပြည်တွင်းအခြေစိုက်လေကြောင်းလိုင်းပေါင်းဆယ်ခုကပြေးဆွဲလျက်ရှိပြီးစစ်တွေ လေဆိပ်အဆောက်အအုံသစ်ဖွင့်လှစ်ပြီးပါကတစ်နှစ်လျှင် ခရီးသည်တစ်သန်းခန့်အထိလက်ခံ၍ဝန်ဆောင်မှုပေးနိုင်မည် ဖြစ်ကြောင်းသိရသည်။
Source:imyanmarhouse

Infrastructure and Zones Read 50 times