ဒလမြို့နယ်တွင်ပင်လယ်ဆိပ်ကမ်းတည်ဆောက်ပြီး အထူးစီးပွားရေးဇုန်သစ်တစ်ခုအကောင်အထည်ဖော်မည်


02 November, 2020

ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိ ဒလမြို့နယ်တွင်ပင်လယ်ဆိပ်ကမ်းတည်ဆောက်ပြီး အထူးစီးပွားရေးဇုန်သစ်တစ်ခုအကောင်အထည်ဖော်တည်ဆောက်မည်ဖြစ်ကြောင်း ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှပြောကြားသည်။


ရန်ကုန်မြို့မြန်မာနိုင်ငံကုန်သည်များနှင့်စက်မှုလက်မှုလုပ်ငန်းရှင်များအသင်းချုပ်တွင် မေ ၂၀ ရက်ကကျင်းပသောအစိုးရတာဝန်ရှိသူများနှင့် စီးပွားရေးလုပ်ငန်းရှင်များဆဋ္ဌမအကြိမ်မြောက်တွေ့ဆုံပွဲတွင် ပြောကြားခဲ့ခြင်းဖြစ်သည်။
သီလဝါမှလှိုင်သာယာကိုကုန်းလမ်းကြောင်းကသယ်မည်ဆိုပါက မိုင် ၄၀ လောက်ရှိသော်လည်း ရေလမ်းကြောင်းကနေသယ်မယ်ဆိုပါက ၂၂ မိုင် လောက်သာရှိပါသည်။

ကုန်စည်စီးဆင်းမှုပိုပြီး မြန်ဆန်စေရန်ပင်လယ်ဆိပ်ကမ်းတည်ဆောက်လို့ရသည့်နေရာများတွင်ဆိပ်ကမ်းများ တည်ဆောက်ပြီး စီးပွားရေးဇုန်များပြုလုပ်မည်ဖြစ်သည်။

လက်ရှိကာလတွင်ဒလမြို့နယ်မှာပင်လယ်ဆိပ်ကမ်းတစ်ခုတည်ဆောက်မှာဖြစ်ပြီး အထူးစီးပွားရေးဇုန်တစ်ခုကို အကောင်အထည်ဖော်မည်ဖြစ်ကြောင်းသိရသည်။
ရန်ကုန်မြို့တွင် အထူးစီးပွားရေးဇုန်များတည်ဆောက်မည်ဆိုပါကနိုင်ငံတကာရင်းနှီးမြှုပ်နှံမှုများပိုမို ဝင်ရောက်လာမည်ဖြစ်သဖြင့် အထူးစီးပွားရေးဇုန်များပိုမိုတည်ဆောက်ရန် ပြည်ထောင်စု လွှတ်တော်သို့ တင်ပြမည်ဖြစ်ပြီး ပြည်ထောင်စုအက်ဥပဒေနှင့်အညီအကောင်အထည်ဖော်ဆောင်ရွက်မည်ဖြစ်ကြောင်း သိရသည်။

ထို့ပြင်နိုင်ငံ၏ ထုတ်ကုန်ကဏ္ဍတိုးတက်လာသည်နှင့်အမျှ နိုင်ငံတကာရင်းနှီးမြှုပ်နှံမှုတိုးတက်လာမည်ဖြစ်ပြီး ဆိပ်ကမ်းများတွင်လည်းကုန်စည်များစွာထုတ်လုပ်နိုင်ရန်လိုအပ်သောကြောင့် ရန်ကုန်တိုင်းဒေသကြီးအတွင်း တွင်အထူးစီးပွားရေးဇုန်များတည်ဆောက်နိုင်မည်ဆိုပါကနိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများကို ဖြန့်ကြက် ဆောင်ရွက်နိုင်မည်ဖြစ်ကြောင်းရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်မှပြောသည်။
ကုန်ထုတ်လုပ်ရောင်းချမှုလုပ်ငန်းအများစုတွင်ကုန်ကျစရိတ်၏ ၃၀ ရာခိုင်နှုန်းမှာသယ်ယူပို့ဆောင်ရေးစရိတ် ဖြစ်နေခြင်းကြောင့်ထိုကုန်ကျစရိတ်များကို အသက်သာဆုံးလျှော့ချနိုင်မည့်နည်းလမ်းတစ်ခု ဖြစ်သည့် ရန်ကုန်တိုင်းဒေသကြီးအတွင်းရှိကုန်စည်သင်္ဘောများဝင်ရောက်နိုင်မည့် ဆိပ်ကမ်းများကိုလည်း တည်ဆောက်မည်ဖြစ်ကြောင်းသိရသည်။
လက်ရှိအချိန်တွင်ရန်ကုန်မြို့လယ်ကောင်နှင့် ဒလမြို့နယ်အကြား ဆက်သွယ်ပေးမည့် ရန်ကုန်-ဒလ မြစ်ကူးတံတားကိုကိုရီးယားအစိုးရ၏ ချေးငွေဖြင့်တည်ဆောက်ရန်ဆောက်လုပ်ရေးလုပ်ငန်းများ စတင်ဆောင်ရွက်နေပြီး လာမည့် ၂၀၂၀ ပြည့်နှစ်တွင်အပြီးတည်ဆောက်မည်ဖြစ်ကြောင်း ဆောက်လုပ်ရေး ဝန်ကြီးဌာနထံမှသိရသည်။

Source:imyanmarhouse

Infrastructure and Zones Read 47 times