ကားလမ်းကူးလေးလမ်းသွားတံတားနှင့် ချိတ်ဆက်သွားမည့် သာကေတတံတားသစ်


12 November, 2020

ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ(JICA)နှင့်ဆောက်လုပ်ရေးဝန်ကြီးဌာန၊တံတားဦးစီး ဌာနတို့ပူးပေါင်းတည်ဆောက်နေသည့် ပုဇွန်တောင်ချောင်းဖြတ် သာကေတတံတားသစ်ကို ၂ဝ၁၈ခုနှစ်တွင် ပြီးစီးရန်လျာထားပြီး ယင်းတံတားနှင့်ဆက်စပ်မည့် ကားလမ်းကူး လေးလမ်းသွားတံတား၊ရထားလမ်းကူးတံတား တို့နှင့် ချိတ်ဆက်သွားမည်ဖြစ်ကြောင်း ဆောက်လုပ်ရေးဝန်ကြီးဌာနထံမှ သိရသည်။

လက်ရှိတွင် ပုဇွန်ဆောင်ချောင်းဖြတ်တံတားသစ်ကို ဂျပန်နိုင်ငံ၏ နည်းပညာဖြင့် တည်ဆောက်လျက်ရှိပြီး မြန်မာနိုင်ငံတွင် နည်းပညာအသစ်ဖြင့် တည်ဆောက်နေသည့်တံတားဖြစ်ကြောင်း သိရသည်။

ဆောက်လုပ်ရေးဝန်ကြီးဌာနမှ လည်း ဂျပန်နိုင်ငံမှ ပညာရှင်များနှင့် ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး အဆိုပါချောင်းကူးတံတားနှင့် ဆက်စပ်ချိတ်ဆက်သွားမည့် ကားလမ်းကူးခုံးကျော်တံတား ကို လေးလမ်းသွား တံတားအဖြစ်တည်ဆောက်အကောင်အထည်ဖော်လျက်ရှိကာ မင်္ဂလာစျေးအထိ မီးပွိုင့်မရှိဘဲ တောက်လျှောက်မောင်းနှင်နိုင်မည့် ရထားလမ်းကူး ခုံးကျော်တံတားနှင့်လည်း ချိတ်ဆက်ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

သာကေတချောင်းကူးတံတားပုံစံသည် မြန်မာပြည်တွင် ယခုမှ စတင်တည်ဆောက်သော Extradosed တံတားပုံစံဖြစ်ပြီး ယခင်က တည်ဆောက်ခဲ့သော ကြိုးတံတား၊ကြိုးဆိုင်းတံတားများနှင့်ပုံစံမတူကြောင်း သိရသည်။

ကားလမ်းကူးတံတားကို လေးလမ်းသွားအဖြစ် ဆောင်ရွက်နေကြောင်း၊တံတားသစ်ပြီးသည့်အခါကားလမ်းကူး တံတား၊ရထားလမ်းကူးတံတားများနှင့်ချိတ်ဆက်သွားမည်ဖြစ်ကြောင်း သိရသည်။

ပုဇွန်တောင်ချောင်းဖြတ် သာကေတတံတားသစ်ကို ဂျပန်နိုင်ငံအစိုးရ၊ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ၏ကူညီထောက်ပံ့မှုဖြင့်တည်ဆောက်နေခြင်းဖြစ်ပြီး ယင်းမှာ ပြန်လည်ပေးဆပ်ရန် မလိုသည့် ကြောင်း သိရသည်။

ယင်းတံတားတည်ဆောက်မှု ခန့်မှန်းကုန်ကျငွေစရိတ်မှာ ဂျပန်ယန်းသန်း၃၃၆ဝခန့်ဖြစ်ပြီး ဂျပန်နိုင်ငံ၏အကူအညီဖြင့် တည်ဆောက်ခြင်းဖြစ်သည်။

တံတားသစ်တည်ဆောက်ပြီးစီးပါကလက်ရှိတံတားဟောင်းကိုဖျက်သိမ်းသွားမည် ဖြစ်ပြီး သာကေတချောင်းကူးတံတားနှင့် ဆက်စပ်နေသည့်

ကားလမ်းကူးနှင့် ရထားလမ်းကူး ခုံးကျော်တံတားများနှင့် ချိတ်ဆက်သွားမည်ဖြစ်ကာ သာကေတချောင်းကူးတံတားသစ်ကို လေးလမ်းသွားအဖြစ်တည်ဆောက်သွားမည်ဖြစ်ကြောင်း သိရသည်။

အသစ်တည်ဆောက်ပြီးစီးမည့်တံတားတွင်ယာဉ်ခံနိုင်ဝန်အား ၄၅တန်မှ အရေးပေါ်လိုအပ်ပါက တန် ၆ဝအထိဖြတ်သန်းနိုင်မည်ဖြစ်ပြီး

ရန်ကုန်မြို့တွင်း နှင့် သီလဝါ အထူးစီးပွားရေးဇုန်သို့ အလျင်မြန်ဆုံး ချိတ်ဆက်ပေးနိုင်မည့် လမ်းကြောင်းဖြစ်ကြောင်း သိရသည်။

News Watch

Infrastructure and Zones Read 59 times