သာကေတတံတားအသစ်သည် ယခုလက်ရှိတည်ရှိနေသော သာကေတတံတားဟောင်းဘေးတွင် ယှဉ်လျှက် ဂျပန်မှ လာ၍တည်ဆောက်နေသည့် တံတားတစ်စင်းဖြစ်ပါသည်။
တံတားအသစ်သည် တံတားအဟောင်းနှင့် အပြိုင်ပုဇွန်တောင်ချောင်းကိုဖြတ်၍ မင်္ဂလာတောင်ညွန့် နှင့် ဒေါပုံမြို့နယ်တို့ကို ဆက်သွယ်ပေးမည်ဖြစ်သည်။
ထိုတံတားသည် သီလဝါအထူးစီးပွားရေးဇုံ ရန်ကုန်မြို့တွင်းမှ သွားလာရေးလွယ်ကူစေရန်ရည်ရွယ်ပြီး ဂျပန်နိုင်ငံချေးငွေဖြင့် တည်ဆောက်နေခြင်းဖြစ် သည်။
တံတားဆောက်ရန်အတွက် တင်ဒါ ခေါ်အဆင့်ဆင့် ဆောင်ရွက်ခဲ့ရာ ဂျပန်ချေးငွေဖြစ်၍ တင်ဒါကို ဂျပန် များသာအကြုံးဝင်ပြီး ဂျပန်နိုင်ငံမှ Tokyu Construction, Toyo Construction နှင့် IHI Infrastructure Systems တို့ ပူးပေါင်းထားသည့် အဖွဲ့က ဆောက်လုပ်ရေးကန်ထရိုက်ကို ရရှိခဲ့ပြီး Nippon Koei က အကြံပေးအနေဖြင့် ဆောင်ရွက်မည်ဖြစ်သည်။
ပါဝင်သည့် company များအကျဉ်း
Company | Role |
Ministry of Construction | Tenderer |
Tokyu Construction | Contractor |
Toyo Construction | Contractor |
IHI Infrastructure System | Contractor |
Suntech Myanmar | Koden Test |
Nippon Koei | Consultant |
JICA | Financing |
တံတားသည် လေးလမ်းသွားဖြစ်မည်ဖြစ်ပြိး တံတားအရှည်မှာ ၂၅၃ မီတာနှင့် အကျယ်မှာ ၂ဝ.၅ meter ရှိသည်။ ဖောင်ဒေးရှင်းကို Steel Pipe Sheet Pile စနစ်ဖြင့် ချမည်ဖြစ်ပြီး တံတားထုထည်ကို ကွန်ကရစ် ဖြင့် ဆောက်လုပ်သွားဖြစ်သည်။
ထိုကုမ္ပဏီတို့သည် တံတားကို ၁၉ ရက် မေလတွင် မဏ္ဍပ်တင်ဆောာင်ရွက်ခဲ့ပြီး ၂ဝ၁၈ ခုနှစ်တွင် အပြီးတည်ဆောက်မည်ဟု သိရှိရပါသည်။
တံတားတည်ဆောက်ရာတွင်လဲ ဂျပန်ပစ္စည်းများကိုသာ အဓိက အသုံးပြုပြီး တည်ဆောက်လျှက်ရှိ ကြောင်းသိရှိရသည်။
ဤသို့ တည်ဆောက်ရန်အတွက် မှအချို့သော အသုံးပြုသောစ္စ္စ္စည်း များဖြစ်သည့် submersible pump နှင့် generator များကို Suntech Myanmar က supply လုပ်ပေးထားသည့်အပြင် Ultrasonic Drilling Monitor နည်းပညာကိုအသုံးပြု ကာ piling လုပ်ရာတွင်အရေးပါသည့် Koden Test ကိုလည်းတာဝင်ယူ ဆောင်ရွက်ပေးနေသည်ဟုသိရသည်။
ဤတံတားကိုတည်ဆောက်ရန်အတွက် မြန်မာနိုင်ငံမှ ပြည်သူ့ဆောက်လုပ်ရေးလုပ်ငန်းနှင့် ဂျပန် အပြည်ပြည်ဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးအေဂျင်စီ (JICA) နားလည်မှုစာချွန်လွှာကို ၂ဝ ရက် ဇူလိုင်လ ၂ဝ၁၂ တွင် ရေးထိုးခဲ့ပါသည်။
ဂျပန်နိုင်ငံက တံတားဆောက်ရန်အတွက် ချေးငွေ ဂျပန် ယန်း ၄.၂ ဘီလီယံကို ၂ဝ၁၄ ခုနှစ်တွင် အတည်ပြုပြီး မြန်မာနိုင်ငံဆောက်လုပ်ရေးဝန်ကြီးဌာနနှင့် ချေးငွေ စာချုပ်ချုပ်ဆိုခဲ့ပါသည်။
ထိုချေးငွေအားမြန်မာနိုင်ငံအစိုးရမှ နှစ် ၄ဝ အတွင်းအတိုးနှုန်း ဝ.ဝ၂% ဖြင့် နှစ်စဉ်ပေး ဆပ်ရမည်ဖြစ်ပြီး ပထမဆယ်နှစ်အတွင်း ပေးဆပ်စရာမလိုပေ။
Supplier
Company | Item | Brand |
Suntech Myanmar | Generator | Denyo |
Suntech Myanmar | Submersible pump | Tsunami |
Suntech Myanmar | Ultrasonic Drilling Monitor | Koden |