၈၈ နောက်ပိုင်းဖော်ဆောင်ခဲ့သော ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့သစ်များ ပြန်လည်အဆင့် မြှင့်တင်မည်


01 August, 2019

ဒဂုံမြို့သစ်လေးမြို့နယ်နှင့် လှိုင်သာယာ ၊ ရွှေပြည်သာယာမြို့နယ် တ့ိုသည်တပ်မတော်အစိုးရတာဝန်ယူခဲ့ ပြီး ၈၈ နောက်ပိုင်းတွင် ဖော်ဆောင်ခဲ့သောမြို့သစ်ခြောက်မြို့နယ်ဖြစ်သည်။ယခုအခါ အဆိုပါမြို့သစ်များကို ပြန်လည်အဆင့်မြှင့်တင်မှုများ လုပ်ဆောင်မည်ဖြစ်ကြောင်း သိရသည်။

 အခြေခံအဆောက်အအုံ မပြည့်စုံသေးသည့် ၎င်းမြို့နယ်တို့ရှိ နေရာများတွင် လိုအပ်သည့် ရေ၊ မီး၊ လမ်း များကို ဆိုင်ရာ လုပ်ထုံးလုပ်နည်းနဲ့အညီ သက်ဆိုင်ရာ ဘဏ္ဍာနှစ်အလိုက် ဆောင်ရွက်ပေးသွားဖို့လည်း စီစဉ် ထားကြောင်း၊၂၀၁၉-၂၀၂၀ မှာလည်း သက်ဆိုင်ရာ လွှတ်တော်ကိုယ်စားလှယ်များနှင့် ညှိနှိုင်းပြီး လိုအပ်သည့် လမ်းများ ပြန်ခင်းခြင်း၊၊လိုအပ်သည့်လမ်းများ ဖောက်ဖို့အတွက်ကိုလည်း လျာထားချက်တွင်ပါပြီးဖြစ်၍ ယခင် အစိုးရလက်ထက်ကတိုးချဲ့ခဲ့သော မြို့သစ်များတွင် လိုအပ်သည့် အခြေခံအဆောက်အအုံများ ဆက်လက်ဆောင်ရွက်ဖို့ရှိပါကြောင်း ရန်ကုန်မြို့တော်စည်ပင်သာယာရေးကော်မတီ တွဲဖက်အတွင်းရေးမှူးကပြောထားကြောင်း သိရသည်။

 ယခင်အစိုးရလက်ထက်က မြို့သစ်စီမံကိန်းများအဖြစ် အကွက်ရိုက်ချထားပေးခဲ့သော်လည်း ယနေ့ အချိန်ထိ လယ်ကွင်းအနေဖြင့်သာ ကျန်ရှိနေသည့် နေရာအများအပြား ရှိနေကြောင်း၊ မြေပုံပေါ်မှာ မြိုပြနဲ့အိမ်ရာဖွံ့ဖြိုး ရေးဦးစီးဌာနက အကောင်အထည်ဖော်ခဲ့တဲ့ ဝန်ထမ်းတွေအပါအဝင် လူပုဂ္ဂိုလ်တစ်ဦးချင်းကို လူနေထိုင်ခွင့်မြေချပါမစ်တွေ ပေးထားတာ ၉၅ ရာခိုင်နှုန်းလောက်ရှိပြီး တကယ့်မြေပြင်တွင် လယ်ကွင်းများအဖြစ် မြင်တွေ့နေရကြောင်း၊ယင်းနေရာများတွင် ပါမစ်ရထားသူများ၏ နှစ် ၆၀ မြေငှားဂရန်များအဖြစ် ပြောင်းလဲလျှောက်ထားမှုကိုလည်း ရန်ကုန်မြို့တော် မြေယာစီမံခန့်ခွဲမှုဌာနက လုပ်ထုံးလုပ်နည်းနှင့် စိစစ်ခွင့်ပြုပေးလျက် ရှိကြောင်း သိရသည်။

 အခြေခံအဆောက်အအုံမရှိသဖြင့် မြို့သစ်များ၏ အချို့သောနေရာများတွင် နေအိမ်များအစား လယ်ယာလုပ်ကိုင်သူများ ရှိနေခြင်းနှင့် ပါမစ်ပိုင်ဆိုင်မှု အရှုပ်အရှင်းများ ရှိနေခြင်းကြောင့် ရပ်ကွက်အချို့တွင် ပါမစ်ပျောက်ဆုံးသူမှ မြေငှားဂရန် လျှောက်ထားခြင်းအား ပိတ်ထားကြောင်း ရန်ကုန်မြို့တော်စည်ပင်ထံမှ သိရသည်။

Local Read 33 times