မီးရထားလမ်းစီမံကိန်းအတွက် ရထားသစ်များ ပံ့ပိုးရန် ဂျပန်ကုမ္ပဏီများနှင့် စာချုပ်ချုပ်ဆိုပြီးစီးခဲ့


18 November, 2020

မြန်မာနိုင်ငံတွင် အကောင်အထည်ဖော်နေဆဲ မီးရထားလမ်းစီမံကိန်း တစ်ခုအတွက် ခေတ်မီ ရထားသစ်များအားပံ့ပိုးပေးရန် အမေရိကန်ဒေါ်လာ ၆၄ သန်းတန်သော စာချုပ်တစ်ရပ်ကို ဂျပန်ကုမ္ပဏီများက ချုပ်ဆိုခဲ့ကြသည်ဟု သိရသည်။

၎င်းတို့အနေဖြင့် မြန်မာ့မီးရထား သို့ခရီးသည်တင်ရထား ၂၄စင်းပံ့ပိုးပေးသွားမည်ဖြစ်ကြောင်း ထိပ်တန်းကုန်သွယ်ရေးလုပ်ငန်း Marubeni နှင့် မီးရထား ထုတ်လုပ်ရေးကုမ္ပဏီ Niigata Transys တို့မှ ကြေညာခဲ့ကြောင်း သိရသည်။

နိုင်ငံ၏ စီးပွားရေးသည်လျင်လျင်မြန်မြန် တိုးတက်လျက်ရှိသော်လည်း မြန်မာနိုင်ငံသည်မီးရထားလမ်း သက်တမ်းရင့်နေသော ပြဿနာနှင့် ကြုံတွေ့နေရသည်။

ရန်ကုန်-မန​္တလေးရထားလမ်းအဆင့်မြှင့်တင်ရေး ဂျပန်နိုင်ငံ၏ ODA ချေးငွေအစိတ်အပိုင်းမှ ဝယ်ယူ၍ ပထမအဆင့် ရန်ကုန်-တောင်ငူလမ်းပိုင်းတွင် အသုံးပြုမည်ဖြစ်ကြောင်း သိရသည်။

***သင်စိတ်ဝင်စားနိုင်သော လွန်ခဲ့သော နှစ်ပေါင်း ၅ဝဝဝကျော် ကတည်းက ခေတ်မီနေသော မြို့ပြတစ်ခု***

ချေးငွေနှင့် ဝယ်လိုက်ခြင်းသည် မြန်မာနိုင်ငံအတွက်သီးသန့်ဒီဇိုင်း လုပ်၍ ရောင်းချမည်ဖြစ်ပြီး ယခင်ကဲ့သို့အဟောင်းများ မဟုတ်တော့ကြောင်း သိရသည်။

ယင်း ရထား ၂၄စီးအတွက် ကန်ဒေါ်လာ ၆၄သန်းအသုံးပြုမည်ဖြစ်ပြီး ကျန်အစီးရေများအား ဂျပန်နိုင်ငံ၏ ချေးငွေအရ ဆက်လက်ဝယ်ယူမည်ဖြစ်ကြောင်း သိရသည်။

ရန်ကုန်-တောင်ငူရထားလမ်းပိုင်းသည် လက်ရှိတွင် ခုနှစ် နာရီကျော်မောင်းနှင် ရပြီ ရထားလမ်းအဆင့်မြှင့်တင်ပြီးပါက သုံးနာရီခွဲခန့်သာ ကြာမြင့်မည်ဖြစ်ကြောင်းသိရသည်။

ရန်ကုန်မှ မန္တလေး သို့ရှစ်နာရီဖြင့် သွားရောက်နိုင်မည့် ရထားလမ်းအဆင့်မြှင့်တင်မှုစီမံကိန်းအတွက် ဂျပန်နိုင်ငံမှ ကူညီပေးမည် ဖြစ်ကြောင်း ဂျပန်နိုင်ငံခြားရေး ဝန်ကြီး မှ

မြန်မာနိုင်ငံခရီးစဉ်တွင်ပြောကြားခဲ့ကြောင်း သိရသည်။ယင်းစီမံကိန်းကို ရန်ကုန်-တောင်ငူနှင့် တောင်ငူ-မန္တလေးပိုင်းဟူ၍ အပိုင်းနှစ်ပိုင်းခွဲခြားထားသည်။

ရန်ကုန်-တောင်ငူ ရထားလမ်းပိုင်းအတွက် ဂျပန်ချေးငွေ ယန်းဘီလီယံ ရဝ(ကန်ဒေါ်လာ သန်း ၆၃ဝကျော်)ကုန်ကျမည်ဖြစ်ပြီး လက်ရှိတွင်ချေးငွေအဖြစ် ဂျပန်ယန်းဘီလီယံ ၄ဝကျော် ရရှိထားသည်။

ယင်းရထားလမ်းပိုင်းအား ရန်ကုန်-ပဲခူး၊ပဲခူး-ညောင်လေးပင်၊ညောင်လေးပင်-တောင်ငူ ဟူ၍ အပိုင်းသုံးပိုင်း ခွဲခြားထားသည်။ထိုအပိုင်းများအလိုက်

ကုမ္ပဏီများမှ ရထားလမ်း အဆင့်မြှင့်တင်ခြင်းနှင့် အချက်ပြမီးများတပ်ဆင်ခြင်း လုပ်ကိုင်ခွင့်ရမည်ဖြစ်သည်။ယင်းကုမ္ပဏီများအား ၂ဝ၁၆ နှစ်လယ် တွင် တင်ဒါခေါ်ယူခဲ့သည်။

တောင်ငူ-မန္တလေးရထားလမ်းပိုင်းကို အပိုင်းလေးပိုင်းခွဲခြားရန်စီစဉ်ထားပြီး လက်ရှိတွင် လုပ်ငန်းဖြစ်နိုင်ခြေ ရှိ/မရှိ လေ့လာနေကာ ပထမအဆင့် ဂျပန်ယန်း ရ၅ ဘီလီယံ(ကန်ဒေါ်လာ ၆၇၅သန်းကျော်)

ရရှိရန် သဘောတူထားသည် ဟု သိရသည်။

ထိုပမာဏသည် စီမံကိန်း တစ်ခုလုံးအတွက်မဟုတ်ပဲစီမံကိန်း၏ အစိတ်အပိုင်းတစ်ခုအတွက်သာဖြစ်ပြီး ချေးငွေထပ်မံ ရရှိဦးမည်ဖြစ်ကြောင်းသိရသည်။

Marubeni သည် ထိုခေတ်မီ ရထားများအား ၂ဝ၂ဝ တွင် စတင်ပေးပို့သွားရန်စီစဉ်နေပြီး ပြုပြင်ထိန်းသိမ်းရေးအတွက် အင်ဂျင်နီယာများကို လေ့ကျင့်ပေးသွားမည်ဖြစ်ကြောင်း သိရသည်။

Source:Thutastar and 7day daily

Local Read 62 times