၂၀၁၆ ခုနှစ်တွင် တည်ဆောက်ပြီးစီး၍ ၂၀၁၇ ခုနှစ်အတွင်းနေထိုင်နိုင်မည့် လူနေကွန်ဒို တိုက်ခန်းသစ်များ


27 October, 2020

ယခုဖော်ပြထားသောလူူနေကွန်ဒိုတိုက်ခန်းများသည် ၂၀၁၆ ခုနှစ်နှောင်းပိုင်းတွင်တည်ဆောက် ပြီးစီးတော့မည်ဖြစ်ပြီး ၂၀၁၇ ခုနှစ်နှစ်ဆန်းပိုင်းတွင် တိုက်ခန်းအသစ်၊ ကွန်ဒိုအသစ်၊ အခန်းများ ဝယ်ယူနေထိုင်ချင်သူများအတွက် သတင်းကောင်းပင်ဖြစ်ပါသည်။

(၁) လှိုင်မြို့နယ်တွင် Shine Construction မှတည်ဆောက်နေသည့် Golden Parami ကွန်ဒိုတွင် အခန်းအကျယ် စတုရန်းပေ ၁၇၀၀ မှ ၂၀၀၀ ကျော်အထိရှိသည့် အခန်းသစ်များပါရှိမည်ဖြစ်ပါသည်။ ခန့်မှန်းခြေ Pricing မှာ စတုရန်းတစ်ပေလျှင် ၂သိန်း၈သောင်းခန့်ရှိသည် ဟုသိရပါသည်။

(၂) ဇေကမ္ဘာကုမ္ပဏီအုပ်စုမှ ဆောက်လုပ်ပြီးစီးထားသည့် ပြည်လမ်းမပေါ်ရှိ Pyay Garden project မှာ စမ်းချောင်းမြို့နယ်တွင်တည်ရှိပြီး တာဝါနှစ်ခုတည်ဆောက်ထားပါသည်။ ထိုတာဝါနှစ်ခုအတွင်းမှ တစ်ခုသည် လူုနေအိမ်ခန်းများဖြစ်ပြီး ကျန်တာဝါတစ်ခုမှာ business tower အဖြစ် ရုံးခန်းများ ထည့်သွင်းမည်ဟု သိရှိရပါသည်။ လူနေအခန်းများ၏ အခန်းအကျယ်အဝန်းမှာ စတုရန်းပေ ၁၂၈၃ မှ ၁၄၀၄ စတုရန်းပေ ပါရှိမည်ဖြစ်ပြီး တစ်စတုရန်းပေလျှင် ကျပ်လေးသိန်းဝန်းကျင်ခန့် ကျသင့်မည် ဖြစ်ကြောင်း သိရှိရပါသည်။

(၃) ယခင်ရေကျော် market တည်နေရာတွင်တည်ရှိပြီး AMPS construction မှ တည်ဆောက် နေသည့် Yae Kyaw Complex တွင်မြေညီထပ်၌ ရေကျော် market ထားရှိမည်ဖြစ်ပြီး ပထမအလွှာတွင် City Mart ထားရှိမည်ဖြစ်ကြောင်းသိရှိရပါသည်။ ဒုတိယအလွှာတွင် ကားပါကင်၊ အားကစားခန်းမနှင့် sauna အစရှိသည့် facilities များပါဝင်မည်ဖြစ်ပြီး ဓာတ်လှေခါး နှစ်စင်း ပါဝင်သွားမည် ဟုသိရသည်။ သုံးလွှာမှ ခုနှစ်လွှာအထိ လူနေခန်းများထားရှိမည်ဖြစ်ပြီး penthouse ခုနှစ်လုံး ပါဝင်သွားမည် ဖြစ်သည်။ အခန်းအကျယ်အဝန်းများမှာ စတုရန်းပေ ၁၅၂၉ မှ ၂၃၂၄ စတုရန်းပေ ထိကျယ်ဝန်းပြီး တစ်စတုရန်းပေလျှင် တစ်သိန်းငါးသောင်း ကျော်ခန့်ရှိနိုင်ပါသည်။

(၄) Great Master Construction မှ ရန်ကင်းမြို့နယ်တွင် တည်ဆောက်နေသော Shwe Moe Kaung condominium တွင် လူနေအိမ်ခန်းများ၊ Shopping center ၊ Retail Shop House များပါဝင်သွားမည်ဟုသိရပါသည်။ ရေကူးကန်၊ အားကစားခန်းမ နှင့် အခြား facilities များပါဝင်သွားမည်ဟုလည်း သိရပါသည်။ လူနေအိမ်ခန်းအကျယ်အဝန်းများမှာ စတုရန်းပေ ၁၀၄၅ မှ ၂၃၄၃ စတုရန်းပေခန့်ကျယ်ဝန်းမည်ဖြစ်သည်။ လူနေအိမ်ခန်းပေါင်း ၃၄၄ ခန်းပါဝင်မည်ဖြစ်ပြီး ရွှေမိုးကောင်းကုမ္ပဏီမှ အခန်းပေါင်း ၁၉၀ ကိုရောင်းချသွားမည်ဖြစ်ပြီး ကျန် အခန်းပေါင်း ၁၅၄ ခန်းကို YCDC မှပိုင်ဆိုင်မည်ဟု သိရပါသည်။

၂၀၁၇ ခုနှစ် နှစ်သစ်တွင် ကွန်ဒိုတိုက်ခန်းအသစ်များရယူပိုင်ဆိုင်နိုင်စေကြောင်း Yangon Builders Guide မှ ဆုမွန်ကောင်းတောင်းအပ်ပါသည်။

Residential Read 47 times