မြင်းခြံသံမဏိစက်ရုံစီမံကိန်းကိုတပ်မတော်အစိုးရလက်ထပ်တွင် မြန်မာ့စီးပွားရေးကော်ပိုရေးရှင်း MEC မှ စတင်ထူထောင်ခဲ့ပါသည်။နောင်အစိုးရအသစ်လက်ထက် ၂၀၁၂ ခုနှစ်တွင် စက်မှုဝန်ကြီးဌာန၏လက်အောက်သို့ ပြောင်းရွှေ့ခဲ့ပြီးအမှတ် ၁ သံမဏိစက်ရုံ (မြင်းခြံ) ဟုပြောင်းခေါ်ခဲ့ပါသည်။
Background and companies
တည်နေရာမှာ မန္တလေးတိုင်း မြင်းခြံမြို့နယ် ဆားခါးရွာအနီးတွင် တည်ရှိပြီးမြေဧက ၁၀၄၃ ပေါ်တွင် တည်ရှိပါသည်။ စီမံကိန်းကိုအဆင့် ၁၊ အဆင့် ၂၊ တိုးချဲ့အဆင့် ၂ နှင့် အဆင့် ၃ ဟူ၍ ဆောက်လုပ်မည်ဖြစ်ပါသည်။
ပထမအဆင့်တွင် steel billets နှင့် steel slabs တို့ကိုထုတ်လုပ်မည်ဖြစ်ပြီး ဒုတိယအဆင့်တွင်မူ ကုန်ကြမ်းများ ဖြစ်သည့် direct reduction iron (DRI) များစတီးလိပ်ပြားများထုတ်လုပ်မည်ဖြစ်သည်။
တိုးချဲ့အဆင့် ၂ တွင် galvanized zinc coated coil များ၊ အမိုးပြားများ ထုတ်လုပ်မည်ဖြစ်ပြီးအဆင့် ၃ တွင် သံမဏိဘောင်များ၊ မီးရထားလမ်းများ၊ ဖိအားမြင့်ပိုက်များထုတ်လုပ်မည်ဖြစ်သည်။
Company | Phase |
Contract
|
Danieli C.Sp.A | Phase 1 | Euro 129 million |
Danieli India | Phase 2 | Euro 570 million |
Danieli India | Phase 2A | Euro 45 million |
Danieli (Changshu) Metallurgical Equipment and Services | Phase 3 | Euro 502 million |
ပထမအဆင့်အတွက် စာချုပ်ကိုအီတလီနိုင်ငံ Danieli C.Sp.A နှင့် စာချုပ်ချုပ်ဆိုခဲ့ပြီးစာချုပ်တန်ဖိုးယူရို ၁၂၈.၅ သန်း ဖြစ်ပါသည်။ဒုတိယအဆင့်နှင့် တိုးချဲ့ဒုတိယအဆင့် တို့အတွက် အိန္ဒိယနိုင်ငံမှ Danieli India ဖြင့် စာချုပ်ချုပ်ဆိုခဲ့ပြီးစာချုပ်တန်ဖိုးမှာယူရိုသန်း ၅၇၀ နှင့် ၄၅ သန်းအသီးသီးကုန်ကျမည်ဖြစ်သည်ဟုသိရသည်။
တတိယအဆင့်ကိုတရုတ်နိုင်ငံမှ Danieli (Changshu) Metallurgical Equipment and Services နှင့် စာချုပ် ချုပ်ဆိုခဲ့ပြီးစာချုပ်တန်ဖိုးမှာယူရိုသန်း ၅၀၂ သန်းကုန်ကျမည်ဟုသိရသည်။
စီမံကိန်းကိုအီတလီနှင့် ရုရှားနိုင်ငံနည်းပညာတွေနှင့် ဆောင်ရွက်ပေမယ့် လိုအပ်သည့် ငွေကြေးကို တရုတ်နိုင်ငံဖွံ့ဖြိုးရေးဘဏ် (China Development Bank-CDB) မှ အတိုးနှင့် ချေးယူခဲ့ကြောင်းသိရပါသည်။
Production capacity
မြင်းခြံသံမဏိစက်ရုံစီမံကိန်းကို ၂၀၀၅ ခုနှစ် မေလ ၁၆ ရက်နေ့တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၀ ပြည့်ခုနှစ် မတ်လ ၂၁ ရက်နေ့တွင် စီမံကိန်း၏ ပထမအဆင့်ကို ဖွင့်လှစ်နိုင်ခဲ့ပါသည်။ တခြားအဆင့် များကိုလည်း ဆက်လက်အကောင်အထည်ဖော်လျှက်ရှိကြောင်းသိရသည်။
ပထမအဆင့်တွင် ဆောက်လုပ်ရေးတွင် အသုံးပြုမည့် သံချောင်း၊ သံပြားလုပ်ဖို့အတွက် အဓိကကုန်ကြမ်းဖြစ်သည့် steel billets နှင့် steel slabs ကို နှစ်စဉ်တန်ချိန် နှစ်သိန်းခန့် ထုတ်လုပ်ရန်အတွက် ဆောက်လုပ်ထားသောစက်ရုံ ဖြစ်ပါသည်။သို့သော်လည်းလက်ရှိထုတ်လုပ်သည့်ပမာဏမှာတန် ၃ သောင်းမျှသာရှိသည်ဟုသိရသည်။
Phase 1 | Capacity |
Steel billets and slab | 200,000 ton per year |
Phase 2 | Capacity |
Direct reduction iron | 450,000 ton per year |
Steel slab | 200,000 ton per year |
Hot Roll Coil | 200,000 ton per year |
Hot Roll Sheet | 50,000 ton per year |
Cold Roll Coil | 100,000 ton per year |
Phase 2A | Capacity |
Galvanized and A1-Zinc coated coil | 150,000 ton per year |
Colour coated coil | 75,000 ton per year |
Slit coil | 20,000 ton per year |
Profile and formed section sheet | 20,000 ton per year |
Phase 3 | Capacity |
Steel section and round | 380,000 ton per year |
Steel rail | 300,000 ton per year |
Big diameter welded pipe | 130,000 ton per year |
Medium diameter welded pipe | 28,000 ton per year |
လက်ရှိတွင် စတီးထုတ်လုပ်ရန်အတွက် ကုန်ကြမ်းများအနေဖြင့် (Scraps) ပြင်ပမှ ဝယ်ရသလောက် ရှာဝယ်နေရပြီး သက်တမ်းလွန်မော်တော်ယာဉ် ၂၉,၀၀၀စီးကျော် ကရတဲ့ သံတိုသံစ ၃၂,၀၀၀တန်ခန့်ကိုသာကုန်ကြမ်းဖြစ် အသုံးပြုနေရကြောင်းသိရပါသည်။
နောင်အခါတွင် မြင်းခြံသံမဏိစက်ရုံ၏ ကုန်ကြမ်းများကိုတောင်ကြီးပင်းပက် သံမဏီကုန်ကြမ်းရုံမှ ထွက်ရှိသည့် ကုန်ကြမ်းများကိုအသုံးပြုရန် ရည်ရွယ်ထားပါသည်။
Ultility supply
မြင်းခြံသံမဏိစက်ရုံမှ လိုအပ်သော လျှပ်စစ်ဓာတ်အားကို သပြေဝပင်မဓာတ်အားခွဲမှ အလျားမိုင် ၇၀ ခန့်ရှိ ၂၃၀ ကေဗွီ ဓာတ်အားလိုင်းဖြင့် သွယ်တန်းယူပြီး ၂၃၀/၃၃/၁၁ ကေဗွီ (၈၅ အမ်ဗွီအေ) ထရန်စဖော်မာဖြင့် ရယူသုံးစွဲနေကြောင်း သိရသည်။
သံမဏိစက်ရုံမှ နေ့စဉ် လိုအပ်သော သဘာဝဓာတ်ငွေ့ပမာဏ ကုဗပေ ၂.၅ သန်း၊ ဖိအား ၆ မှ ၉ bar ကို စက်ရုံအနီးမှ ဖြတ်သန်းထားသည့် မကွေး၊ ကျောက်ဆည် သဘာဝဓာတ်ငွေ့ပိုက်လိုင်းမှ ရယူ သုံးစွဲကြောင်း သိရသည်။
လုပ်ငန်းတွင် နေ့စဉ် ရေဂါလံ ၂ သောင်း ခန့် လိုအပ်သည့်အတွက် ၄ လက်မ စက်ရေတွင်းတစ်တွင်း၊ ၁၀ လက်မ စက်ရေတွင်း ၄ တွင်း စုစုပေါင်း စက်ရေတွင်း ၅ တွင်းမှ ၁ နာရီဂါလန် ၆၄၀၀၀ ထွက်ရှိရယူ သုံးစွဲနေကြောင်း သိရပါသည်။
မြင်းခြံသံမဏိစက်ရုံတွင် ဒေသခံပြည်သူများအတွက် မြင်းခြံခရိုင်အတွင်းရှိ မြင်းခြံ၊ နွားထိုးကြီး၊ တောင်သာနှင့် ဝဲလောင်ဒေသမှ ဝန်ထမ်း ၆၀၂ ဦး၊ မန္တလေးတိုင်းဒေသကြီးအတွင်းမှ မန္တလေး၊ မိတ္ထီလာ၊ ညောင်ဦးနှင့် ဝမ်းတွင်းဒေသမှ ဝန်ထမ်း ၁၇၈ ဦး နှင့် အခြားဒေသများမှ ဝန်ထမ်း ၁၀၉ ဦး စုစုပေါင်း ဝန်ထမ်း ၈၉၀ အား နည်းပညာဘွဲ့၊ အခြားသက်ဆိုင်ရာဘွဲ့များကိုလည်း အလုပ်အကိုင်များ ပေးလျှက်ရှိကြောင်းသိရသည်။
တိုးချဲ့စီမံကိန်းလုပ်ငန်းများပြီးဆုံးပါက ဝန်ထမ်း ၂၃၁၆ ဦး အထိ ဖြစ်လာနိုင်ဖွယ်ရှိသည်ဟု သိရပါသည်။
Source: Ministry of Industry, Ministry of Information