၎င်း Apartment သည်အမှတ်(၁၁၈) ၊ ငါးထပ်ကြီးဘုရားလမ်း ၊ ဗိုလ်ချို(၂)ရပ်ကွက် ၊ ဗဟန်းမြို့နယ် ၊ ရန်ကုန်မြို့တွင်ဆောက်လုပ်နေခြင်းဖြစ်သည်။
ယင်းပရောဂျက်ကို ၂၀၁၈ ခုနှစ်ဇွန်လတွင်စတင်၍ ၂၀၁၉ ဇွန်လတွင်ပြီးစီးမည်ဟုခန့်မှန်းထားကြောင်းသိရပါသည်။
ယင်းပရောဂျက်ကို Sun Myat Tun Construction မှတာဝန်ယူဆောက်လုပ်သည်ဟုသိရပါသည်။
အထပ်ပေါင်း ရ ထပ်ရှိ၍တစ်လွှာ ၄ ခန်းပါ၀င်မည်ဖြစ်သည်။
Penthouse တစ်ခန်းလည်းပါ၀င်ကြောင်းသိရပါသည်။
အခန်းများဧ။်အကျယ်အဝန်းမှာ ၃၆ ပေ ၆ လက်မ x ၄၂ ပေ ၂ လက်မဖြစ်ကြောင်းသိရပါသည်။
Penthouse ဧ။်အကျယ်အဝန်းမှာစတုရန်းပေ ၁၈၅၃ ပေဖြစ်ကြောင်းသိရပါသည်။
တစ်ခန်းလျှင်တစ်စီးရပ်နားနိင်သောကားပါကင်ကိုမြေညီထပ်တွင်ထားရှိမည်ဖြစ်သည်။
၈ ယောက်စီးဓာတ်လှေခါး(၂)စင်း ၊ Pile Foundation ၊ ကိုယ်ပိုင်မီတာ ၊ ကိုယ်ပိုင်မော်တာ ၊ အရံမီးစက်နှင့်ထရန်စဖော်မာတစ်လုံး ၊ တိုက်ခန်းလုံခြုံရေးစနစ် စသည့် Facilities များပါ၀င်ကြောင်းသိရပါသည်။
အခန်းစျေးနှုန်းများမှာ ကျပ်သိန်း ၁၈၀၀ မှ ၂၅၀၀ ဖြစ်ကြောင်းသိရပါသည်။
ငွေပေးချေမှုစနစ်မှာ 30 % Cash Down ပေးချေရမည်ဖြစ်ပြီးကျန်ရှိငွေကို KBZ Bank သို့မဟုတ် CB Bank နှင့်ချိတ်ဆက်၍ ၅ နှစ်အရစ်ကျပေးချေရမည်ဖြစ်ကြောင်းသိရပါသည်။