No.(2) Steel Mill (Pang Pet)


26 October, 2020

ပင်းပက်သံမဏိစက်ရုံသည် ပန်ငိုကျေးရွာအနီး၊ ပင်းပက်၊ တောင်ကြီးမြို့နယ်၊ ရှမ်းပြည်တောင်ပိုင်းတွင် တည်ရှိပြီး မြေဧက  ၅၁၆၀.၅၀ ပေါ်တွင် တည်ဆောက်ထားသည်။

လက်ရှိတွင် စက်မှုဝန်ကြီးဌာနမှ ထိုစက်ရုံ အကောင်အထည်ဖော်ရေးကို စီမံခန့်ခွဲလျှက်ရှိသည်။

ပင်းပက်သံမဏိစက်ရုံကိုတောင်ကြီးမြို့နှင့် ရှစ်မိုင်ခန့်ဝေးသောနေရာတွင် တည်ဆောက်လျှက်ရှိပြီး လက်ရှိတွင် မပြီးဆုံးသေးကြောင်းသိရသည်။

သံမဏိစက်ရုံသည် ဘူမိဗေဒတိုင်းတာချက်များအရ သံရိုင်းပါဝင်မှု ၅၆.၄% ပါဝင်သော Hematite သံရိုင်း ၁၀.၇  သန်းနှင့် သံရိုင်းပါဝင်မှု ၄၂.၆% ပါဝင်သော Lemoniteသံရိုင်း ၅၉.၃ သန်း စုစုပေါင်းသံရိုင်း ပမာဏတန်ချိန် သန်း ၇၀ ထွက်နိုင်သည့် သံရိုင်းမိုင်းအနားတွင် ကပ်ပြီးတည်ဆောက်ထား ပါသည်။

ရုရှားနိုင်ငံမှ စမ်းသပ်တီထွင်ထားသည့် Romelt Process ထုတ်လုပ်မှုစနစ်နှင့် ထုတ်လုပ်မည်ဖြစ်ပြီး ရုရှားနိုင်ငံမှ ကုမ္ပဏီတစ်ခုနှင့် ၂၀၀၄ ခုနှစ်တွင် စာချုပ်ချုပ်ဆိုခဲ့ပြီးစာချုပ်တန်ဖိုးသည် ယူရိုသန်း ၁၃၇.၅ ဖြစ်ပါသည်။

နိုင်ငံတော် သမ္မတကြီး ဦးထင်ကျော်၏ ရုရှားခရီးစဉ်တွင် ရုရှားမှ တာဝန်ရှိသူများက မြန်မာနိုင်ငံတွင်ရှိသော သံမဏိစက်ရုံကို အကူအညီပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရပါသည်။

Production and supply chain

တစ်နှစ်လျှင် pig iron ထုတ်ကုန် တန်ချိန် ၂ သိန်း ခန့်နှင့် Hematite iron ore ထုတ်ကုန် တန်ချိန် ၇ သိန်း နှစ်သောင်း ခန့်မှန်းထားကြောင်း သိရသည်။

ပင်းပက်စက်ရုံတွင်  သံရိုင်း pig iron တစ်နှစ်တန်ချိန် ၂ သိန်း ထုတ်လုပ်ရန်လိုအပ်သည့် ကျောက်မီးသွေးကို ပင်းပက်ကမိုင် ၁၅၀ ကျော် ကျေးသီးမြို့အနီးရှိ ဝမ်ဟုတ်ကျောက်မီးသွေးမိုင်းမှ ကျောက်မီးသွေးတစ်နှစ်တန်ချိန် ငါးသိန်း တစ်ရက်တန်ချိန် ၁၆၀၀ ခန့် သယ်မည်ဟု ရည်မှန်းထားကြောင်း သိရသည်။

ပင်းပက်သံမဏိစက်ရုံမှ ထွက်ရှိသည့် pig iron များကို အဓိကအားဖြင့်   မြင်းခြံသံမဏိစက်ရုံကို သံမဏိကုန်ကြမ်း billets နှင့် slab များ ထုတ်လုပ်နိုင်ရန်အတွက် ပို့ဆောင်ပေးမည်ဖြစ်သည်။

အဆိုပါ pig iron ထုတ်ရန်အတွက် လိုအပ်သော ကုန်ကြမ်းများဖြစ်သည့် သံသတ္တုရိုင်းများနှင့် ကျောက်မီးသွေး များတွင် ကာဗွန်ဓာတ် ၄၀%၊ ဆာလဖာဓာတ် ၂% ပါမည်ဟု သိရသည်။  

သံမဏိစက်ရုံ ပြီးသွားပါက အရာရှိ ၈၁ ဦး နှင့် အခြားဝန်ထမ်း ၉၇၀ ဦး၊ စုစုပေါင်း ၁၅၀၁ ဦး ခန့်မည်ဟု ရည်မှန်းထားပါသည်။

Source: Myanma Alinn Daily, Ministry of Industry

Factory and Industrial Plant Read 215 times