No.(33) Heavy Industry Cement Plant (Alpha Cement)


26 October, 2020

အမှတ်(၃၃) အကြီးစားစက်ရုံ(ကျောက်ဆည်) သည် ဘိလပ်မြေ တစ်နေ့တန် ၅၀၀၀ ထုတ်နိုင်စွမ်းရှိသည့် စက်ရုံတစ်ရုံဖြစ်ပါသည်။

ထိုစက်ရုံသည် ၁၉၈၃ ခုနှစ်တွင် စတင်တည်ထောင်ခဲ့ပြီး စက်မှုဝန်ကြီးဌာနမှ စီမံခန့်ခွဲသည့် တစ်နေ့တန် ၃၀၀ ထွက်ရှိခဲ့သော စက်ရုံတစ်ရုံဖြစ်ပါသည်။ အစိုးရသစ်လက်ထက်တွင် မြန်မာပြည်တွင် ဆောက်လုပ်ရေးလိုအပ်ချက်အတွက် ပြည်တွင်းဘိလပ်မြေ ထုတ်လုပ်ရေးကို မြှင့်တင်ရန် လုပ်ဆောင်ခဲ့ပါသည်။

၂၀၁၃ ခုနှစ်တွင် စက်မှုဝန်ကြီးဌာနမှ အစိုးရပိုင် ဘိလပ်မြေထုတ်စက်ရုံများကို အဆင့်မြှင့်တင်ရန်အတွက် ပုဂ္ဂလိကနှင့်ပူပေါင်းရန်အတွက် တင်ဒါခေါ်ယူခဲ့ပါသည်။ ထိုသို့တင်ဒါခေါ်ယူရာတွင် ပြည်တွင်းကုမ္ပဏီ ၁၃ ခု အနက် Myint Investment Group က အမှတ် (၃၃) အကြီးစားစက်ရုံ ကျောက်ဆည်ကို တင်ဒါအနိုင်ရရှိခဲ့သည်ဟု ဆိုသည်။

Investment and Ownership

ထို့နောက် MIG သည် တရုတ်နိုင်ငံမှ ဘိလပ်မြေထုတ်လုပ်သည့် ကုမ္ပဏီတစ်ခုဖြစ်သော Anhui Conch Cement နှင့်ပူးပေါင်း၍ Myanmar Conch Cement ဟု ခေါ်သော ပြည်တွင်းပြည်ပ ဖက်စပ်ကုမ္ပဏီတစ်ခုဖြစ်သည့် ကုမ္ပဏီကို တည်ထောင်ကာ စက်ရုံအဆင့်မြင့်တင်ရေးလုပ်ငန်းအတွက် ရှေ့ဆက်ရန်လုပ်ဆောင်ခဲ့ပါသည်။

စက်ရုံအဆင့်မြှင့်တင်ရေးအတွက် တရားဝင် build, operate and transfer (BOT) စာချုပ်ချုပ်ဆိုမှုကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာလ ၁၄ ရက်နေ့တွင် စက်မှုဝန်ကြီးဌာနနှင့် Myanmar Conch Cement တို့ ရေးထိုးခဲ့ကြောင်းသိရပါသည်။

အကျိုးတူပူးပေါင်းမှုအစီအစဉ်အရ စက်မှုဝန်ကြီးဌာနမှ ပထမနှစ်တွင် ထုတ်လုပ်မှုအကျိုးအမြတ်၏ ၂.၇ ရာခိုင်နှုန်းကို ရရှိမည်ဖြစ်ပြီး နောက် ၁၉ နှစ် တောက်လျှောက် ထုတ်လုပ်မှုအကျိုးအမြတ်၏ ၅ ရာခိုင်နှုန်းရရှိမည်ဖြစ်သည်။

အဆင့်မြှင့်တင်ရေးအတွက် လူငှားခ၊ စက်ပစ္စည်းဝယ်ခ စသည့် ကုန်စရိတ်များကို ကုမ္ပဏီဘက် အကုန်အကျခံရသည်ဟု သိရသည်။

တရားဝင်ရင်းနှီးမြှပ်နှံခွင့်ကို မြန်မာရင်းနှီးမြှပ်နှံမှုကော်မရှင်မှ ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီလတွင် ပေးအပ်ခဲ့ပါသည်။

Production and Utility

အဆင့်မြှင့်တင်ရေးကို တရုတ်ကုမ္ပဏီတစ်ခုဖြစ်သည့် Sinoma မှလုပ်ဆောင်ခဲ့ပါသည်။

အဆင့်မြှင့်တင်ရေးလုပ်ငန်းများကို ၂၀၁၅ ခုနှစ်၊ ဇန်နဝါရီလတွင် စတင်လုပ်ဆောင်ခဲ့ပြီး ၂၀၁၆ ခုနှစ်၊ ဧပြီလတွင် စီးပွားရေးဖြစ် ထုတ်လုပ်မှုများ စတင်လုပ်ဆောင်ခဲ့ကာ ၂၀၁၆ ခုနှစ်၊ ဇွန် ၂၈ ရက်နေ့တွင် စက်ရုံကို တရားဝင်စက်ခလုတ်နှိပ်၍ ဖွင့်လှစ်ခဲ့ပါသည်။

ထိုစက်ရုံမှ ထုတ်လုပ်သည့် တံဆိပ်နှစ်မျိုးရှိပါသည်။ ၎င်းကောင်းတို့မှာ Alpha Cement နှင့် မြင်းနှစ်ကောင်တံဆိပ်တို့ဖြစ်ပါသည်။

လက်ရှိအခါတွင် တစ်နေ့တန် ၅၀၀၀ ထိ ထုတ်လုပ်နိုင်သည်ဟု ဆိုသည်။ လိုအပ်ပါက တစ်နေ့တန် ၅၅၀၀ အထိ ထုတ်လုပ်နိုင်ရန်အတွက်လည်း စက်ပစ္စည်းများ အဆင်သင့်ရှိသည်ဟု သိရသည်။

ထို့အပြင် စွန့်ပစ်အပူဓာတ်မှ လျှပ်စစ်ဓာတ်အား 48MW ထုတ်လုပ်နိုင်မည်ဖြစ်ပြီး 33MW ကို စက်ရုံအတွက် သုံမည်ဖြစ်ကာ 15MW ကို မဟာဓာတ်အားလိုင်းသို့ လွှဲပေးမည်ဖြစ်သည်။

Source: Ministry of Information, Eleven Myanmar, Global Cement

Factory and Industrial Plant Read 406 times