‌ညောင်နှစ်ပင်စခန်းကို ကိုရီးယားစက်မှုဇုန် ထူထောင်ရေးစတင်ရန် ခွင့်ပြု


09 December, 2019

‌ညောင်နှစ်ပင်စခန်းကို ကိုရီးယားစက်မှုဇုန် ထူထောင်ရေးစတင်ရန် ခွင့်ပြုခဲ့ကြောင်း ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ဖေဖော်ဝါရီ ၂၇ ရက်တွင် ထုတ်ပြန်သည်။

         အဆိုပါစီမံကိန်းအပိုင်း (က) ကို ရင်းနှီးမြှုပ်နှံမှုကော်မရှင်က ကန်ဒေါ်လာ သန်း ၅၀ ခန့်ဖြင့် စတင်ခွင့်ပြုခြင်းဖြစ်သည်။ ယခုမှသာ ခွင့်ပြုချက်ရရှိခြင်းဖြစ်၍ လုပ်ငန်းများဆက်တိုက် ဆောင်ရွက်ရန် စီစဉ်ထားပြီး မကြာမီ ပြည်ထောင်စုအစိုးရနှင့် အကျိုး တူပူးပေါင်းဆောင်ရွက်ခြင်း သဘောတူစာချွန်လွှာရေးထိုးမည် ဟု ကိုရီးယားကုမ္ပဏီက ပြောသည်။
 
        ‘‘ညှိနှိုင်းစရာတွေ လုပ်ရဦးမယ်။ စီမံကိန်းဒီဇိုင်းရေးဆွဲသွားမယ်။ ဒီနှစ်ကုန်လောက်မှာ မြေပြင်တည်ဆောက်ရေးလုပ်ငန်းတွေ စနိုင်မယ်’’ ဟု ကိုရီးယား LH ကော်ပိုရေးရှင်း မြန်မာနိုင်ငံဆိုင်ရာ တာဝန်ခံရုံးတာဝန်ရှိသူတစ်ဦးက ပြောသည်။

 
        ကန်ဒေါ်လာတစ်ဘီလီယံ တန်ဖိုးရှိ ညောင်နှစ်ပင်မြို့ပြစီမံ ကိန်းသည် မြန်မာနိုင်ငံက ရှယ်ယာ ၄၀ ရာခိုင်နှုန်း၊ ကိုရီးယား အစိုးရက ၆၀ ရာခိုင်နှုန်းပိုင်ဆိုင်မည်ဖြစ်ပြီး စီမံကိန်းအတွက် ဆောက်လုပ်ရေးဝန်ကြီးဌာနမြို့ ပြနှင့် အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာနနှင့်ကိုရီးယားအစိုးရပိုင် LH (Korea Land and Housing Corporation) ကော်ပိုရေးရှင်းတို့ အကျိုးတူပူးပေါင်းဆောင်ရွက်ခြင်း ဖြစ်သည်။

        အဆိုပါစီမံကိန်းသည် LH ကော်ပိုရေးရှင်း၏ ပြည်ပနိုင်ငံများ တွင် Smart City အဖြစ် တာဝန် ယူတည်ဆောက်နေသည့် စီမံ ကိန်းများအနက်တစ်ခုဖြစ်သည်။ အကောင်အထည်ဖော်မည့် စီမံ ကိန်းများ၌ စက်မှုလုပ်ငန်းဧရိယာ၊ သုတေသနနှင့် ဖွံ့ဖြိုးရေးစင်တာ၊ သင်တန်းကျောင်း၊ အိမ်ရာနှင့် စီး ပွားရေးဆိုင်ရာ အဆောက်အအုံ များ ပါဝင်မည်ဟု ဆောက်လုပ် ရေးဝန်ကြီးဌာန ဒုဝန်ကြီးဦးကျော် လင်းက လွှတ်တော်တွင် ပြော ကြားထားသည်။

 လှည်းကူးမြို့နယ် မြေဧက ၆၀၀ ပေါ်တွင် အဆိုပါစီမံကိန်းကို အကောင်အ ထည်ဖော်ရန် ကိုရီးယားဘက်က စီစဉ်ခြင်းဖြစ်သည်။

        သို့သော် အမျိုးသားညီလာခံ ကျင်းပခဲ့သည့် သမိုင်းဝင်အ ဆောက်အအုံအပါအဝင် မြေဧက ၃၀ ကျော်ကို အစိုးရထံ ပြန်လည် ပေးအပ်ရ၍ ဧက ၅၅၀ ကျော်သာ ပြုလုပ်ခွင့်ရခဲ့သည်ဟု LH ကော် ပိုရေးရှင်းရန်ကုန်ရုံးခွဲ မန်နေဂျာ မစ္စတာကင်ဂမ်ဝူးက ပြောကြား သည်။ ကိုရီးယားနိုင်ငံနှင့် အစိုးရ ချင်းပူးပေါင်းဆောင်ရွက်မည့် ကိုရီးယား-မြန်မာ မြို့ပြစက်မှုဇုန် စီမံကိန်း (KMIC) အကောင်အ ထည်ဖော်ရန် ၂၀၁၇ ဇွန်လ ၁၆ ရက်က ကိုရီးယားနိုင်ငံ ဂျယ်ဂျူး ကျွန်းတွင် နှစ်နိုင်ငံလက်မှတ်ရေး ထိုးခဲ့သည်။

Region Read 68 times