OakLand Villas မြေကွက်များကို သိန်း ၁၆၀ ကျော်မှစတင် အရောင်းဖွင့်မည်


16 September, 2019

OakLand Villas မြေကွက်အရောင်းပြပွဲကြီးကို iMyanmarHouse.com မှကြီးမှူး၍ ရှမ်းပြည်နယ်အစိုးရနှင့် က္ကစ္ဆိတန်ကုမ္ပဏီတို့ ပူးပေါင်းအကောင်အထည်ဖော်ဆောင်ရွက်တာဖြစ်ပါတယ်။

ညောင်ရွှေမြို့ရှိ OakLand Villas စီမံကိန်း၏ မြေကွက်များအရောင်းပြပွဲကြီးကို စက်တင်ဘာလ (၁၄၊ ၁၅) ရက် (စနေ၊ တနင်္ဂနွေ) နေ့များတွင် ၊ နံနက် (၉) နာရီ မှ ညနေ (၅) နာရီ အထိ ရန်ကုန်မြို့ ၊ ရန်ကင်းမြို့နယ် ၊ Sedona Hotel ၊ (၂) လွှာ ၊ ရန်ကင်းခန်းမမှာ ပြုလုပ်ကျင်းပသွားမည် ဖြစ်ကြောင်းသိရပါတယ်။

OakLand Villas စီမံကိန်းသည် ညောင်ရွှေမြို့ ၊ ရွှေညောင်-ညောင်ရွှေကားလမ်းမကြီးပေါ် White Orchid Hotel အနီးတွင်တည်ရှိသည်။ ယင်းစီမံကိန်းကြီးသည် စုစုပေါင်းဧက (၆၀) ကျော်အကျယ်အဝန်းရှိပြီး ၃,၀၀၀ ကျော် စတုရန်းပေ မှ ၁၀,၀၀၀ ကျော် စတုရန်းပေအထိ ရွေးချယ်ဝယ်ယူနိုင်မည်ဖြစ်ပါတယ်။
အဆောက်အဦးဆောက်လိုပါက (1) Storey 1170 sqft နှင့် (2) Storey 1648 sqft နှစ်မျိုးရွေးချယ်နိုင်မည်ဖြစ်ပါတယ်။
ဒါ့အပြင် ဝယ်ယူသူအမည်ပေါက် ဂရန်ရရှိမည်ဖြစ်ပါတယ်။

OakLand Villas အိမ်ရာစီမံကိန်းတွင် ကလေးကစားကွင်း ၊ ပန်းခြံ ၊ အုပ်ချုပ်ရေးရုံး ၊ မီးသတ်ရုံ ၊ Security ၊ ကိုယ်ပိုင် Transformer ၊ ကိုယ်ပိုင် မီတာ ၊ Centralized System ဖြင့် ရေပေးဝေစနစ် စသည့် Facilities များ ပါဝင်နေမည်ဖြစ်ပါတယ်။

OakLand Villas စီမံကိန်းမှ မြေကွက်များကို ဝယ်ယူထားသူများအနေဖြင့် White Orchid Hotel တွင် ရှိနေမည့် Facilities များ ဖြစ်ကြသည့် Spa ၊ Swimming Pool နှင့် Gym တို့ကို member Card ဖြင့် အသုံးပြုခွင့်များ ရရှိမည်ဖြစ်ပြီး ဟိုတယ်အခန်း နှင့် စားသောက်ဆိုင်များအတွက် 10% Discount ရရှိမည်ဖြစ်ပါတယ်။

“ OakLand Villas စီမံကိန်းဟာဆိုရင် ညောင်ရွှေကားလမ်းမကြီးပေါ်ရှိ White Orchid Hotel နဲ့ ကပ်လျက်တည်ရှိနေတာပါ။ ဒီစီမံကိန်းအတွင်းရှိ infrastructure များဖြစ်တဲ့ လမ်း နဲ့ လမ်းမီးတိုင်များလည်း ၁၀၀% ပြီးစီးနေပါပြီ။ OakLand Villas စီမံကိန်းမှ မြေကွက်ဝယ်ယူထားသူများဟာ စီမံကိန်းထဲမှာ ပါဝင်မဲ့ Facilities တွေအပြင် White Orchid Hotel ရှိ Facilities တွေကိုပါ အသုံးပြုနိုင်မှာပါ။ အခုလို အရောင်းစတင် ဖွင့်လှစ်ချိန်မှာ ၁ပေပတ်လည်နှုန်းထား ကျပ်ငွေ ထောင်ဂဏ္ဍန်းဖြင့် ရောင်းချမှာ ဖြစ်လို့ အလွန်တန်တဲ့ ဈေးနှုန်းနဲ့ ဝယ်ယူနိုင်မှာပါ။ နောက်ပြီး အခုကျင်းပတဲ့ ပြပွဲရက် (၂) ရက်အတွင်း ဝယ်ယူမယ်ဆိုရင်တော့ ၂၄ လအရစ်ကျ စနစ်ဖြင့် ဝယ်ယူနိုင်မှာ ဖြစ်ပါတယ်။ Cash Down Plan နဲ့ ဝယ်ယူမယ်ဆိုရင်တော့ ခြံစည်းရိုး Free ခတ်ပေးမှာ ဖြစ်ပါတယ်။ ဒါ့အပြင် Developer ဘက်မှ အငှားဝန်ဆောင်မှုကိုလည်း စီစဉ်ပေးသွားမှာ ဖြစ်ပါတယ် ” ဟု ပြပွဲစီစဉ်ကျင်းပသည့် iMyanmarHouse.com ၏ မန်နေဂျင်းဒါရိုက်တာဖြစ်သူ ဦးနေမင်းသူမှ ပြောကြားသွားပါတယ်။

Region Read 190 times