MyCO တွင် ဆိုင်းငံ့စာရင်း (Suspended) စတင်ဖော်ပြခံရသည့်နေ့မှ ၆ လအတွင်း နှစ်စဉ်အစီရင်ခံစာ (Annual Return) မတင်ပြခဲ့သော ကုမ္ပဏီများအား မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) ပြုလုပ်သွားမည် ဖြစ်ကြောင်း သိရသည်။
၂၀၁၇ ခုနှစ် မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေပါပြဋ္ဌာန်းချက်များနှင့်အညီ အီလက်ထရောနစ် မှတ်ပုံတင်စနစ် MyCO တွင် ၁.၈.၂၀၁၈ မှ ၁၅.၁.၂၀၂၀ ရက်နေ့ထိ မှတ်ပုံတင်ခဲ့သည့် ကုမ္ပဏီ စုစုပေါင်း ၆၇,၃၆၇ ခုတွင် ကုမ္ပဏီ ၇,၆၃၇ ခုသည် ဆိုင်းငံ့ (Suspended) အခြေအနေတွင် ရောက်ရှိလျက်ရှိသည်။
အဆိုပါဆိုင်းငံ့ ကုမ္ပဏီများအား မြန်မာနိုင်ငံကုမ္ပဏီများ ဥပဒေ ပုဒ်မ ၄၃၀ (စ) အရ MyCO တွင် ဆိုင်းငံ့စာရင်း (Suspended) စတင်ဖော်ပြခံရသည့် နေ့မှ ၆ လအတွင်း နှစ်စဉ်အစီရင်ခံစာ (Annual Return) မတင်ပြပါက System မှ Company Status တွင် မှတ်ပုံတင်စာရင်းမှ ပယ်ဖျက်ခြင်း (Struck Off) အဖြစ် ပြောင်းလဲဖော်ပြသွားမည့် အသိပေးကြေညာချက် ထုတ်ပြန်လိုက်ကြောင်း သိရသည်။