Ohnmar Dani Housing


27 October, 2020

Ohnmar Dani အိမ်ရာစီမံကိန်းကို အမှတ်(၁၄) ရပ်ကွက်၊ ပုသိမ်မြို့တွင်ဆောက်လုပ်ထားကြောင်းသိရသည်။

ထိုစီမံကိန်းကို ၂၀၁၅ ခုနှစ်တွင် စတင်ဆောက်လုပ်ခဲ့ပြီး ၂၀၁၆-၂၀၁၇ ခုနှစ် အတွင်းအပြီးသတ် ဆောက်လုပ်ရန်လျာထားခဲ့ကြောင်းသိရသည်။

ယင်းစီမံကိန်းကိုမြေဧရိယာ ၉ ဧကကျော်ပေါ်တွင်တည်ဆောက်လျှက်ရှိပြီး နိုင်ငံတော် အစိုးရ၏ ပံ့ပိုးငွေကျပ် သန်း ၂ဝဝဝ ဖြင့် KHINE THIT Co.Ltd အပါဝင်ဆောက်လုပ်ရေးကုမ္ပဏီ ခုနှစ်ခုက တာဝန်ယူ ဆောက်လုပ် ပေးထားပါသည်။

ထိုစီမံကိန်းတွင် အဆောက်အအုံ ၂၇ လုံးပါဝင်တည်ဆောက်ထားပြီး အခန်းပေါင်း ၄၀၀ ပါဝင်ကြောင်း သိရသည်။

ယင်းစီမံကိန်းတွင် ပါဝင်သော လေးခန်းတွဲ ငါးထပ် အဆောက်အအုံ သုံးလုံးနှင့် ရှစ်ခန်းတွဲ လေးထပ် အဆောက်အအုံတစ်လုံး ဖြင့် စုစုပေါင်းအဆောက်အအုံလေးလုံး အခန်းပေါင်း ၉၂ ခန်း ကို ဆောက်လုပ် ပြီးစီးနေပြီ ဖြစ်ကြောင်းသိရသည်။

ထိုစီမံကိန်းတွင် ပြီးစီးသွားသည့် အဆောက်အဦးများကို အငှားအိမ်ရာချထားရာတွင် ငါးနှစ် ငှားရမ်း နေထိုင်ခွင့်ရမည် ဖြစ်သည်။

လေးခန်းတွဲငါးထပ်အဆောက်အဦးတွင် အခန်းအကျယ်အဝန်းစတုရန်းပေ ၆၅၀ အတွက် တစ်လလျှင် ကျပ် ၄ သောင်းကျော်၊ အခန်းအကျယ်အဝန်း ၅၂၂ စတုရန်းပေရှိသော ရှစ်ခန်းတွဲလေးထပ်အဆောက်အအုံအတွက် တစ်လလျှင် ကျပ် ၃ သောင်းကျော် နှင့် ရှစ်ခန်းတွဲလေးထပ်အဆောက်အအုံတွင် စတုရန်းပေ ၄၈၄ ပေအတွက် တစ်လလျှင် ကျပ် ၃ သောင်းကျော် ရှိကြောင်းသိရသည်။

ငှားရမ်းခွင့်လျှောက်ထားရာတွင် တစ်လဝင်ငွေ တစ်သိန်းမှ ၃သိန်း ကြားရှိသူများနှင့် ပုသိမ်မြို့ နယ်နိမိတ်အတွင်း ကိုယ်ပိုင်နေအိမ်၊ မြေကွက်ပိုင်ဆိုင်ခြင်းမရှိမှသာ လျှောက်ထား နိုင်ကြောင်းသိရသည်။

This is an original writing of Myanmar Builders Guide based on information sourced from democracy newspaper, timeayeyar and Myawady’s facebook.

Public Housing Read 107 times