လွန်ခဲ့သော နှစ်ပေါင်း ၅ဝဝဝကျော်ခန့်က မိုဟန်ဂျိုဒရိုဆိုသောမြို့ကြီးတစ်မြို့အိန္ဒိယအနောက်ပိုင်း(ယနေ့ခေတ် ပါကစ္စတန်နိုင်ငံအတွင်း)အိန္ဒူမြစ်ဝှမ်းတွင်ရှိခဲ့ဖူးသည်။အီဂျစ်၊မက်ဆိုပိုတေးမီးယားယဉ်ကျေးမှုများနှင့် ခေတ်ပြိုင်ဖြစ်သည်။
မိုဟန်ဂျို ဒရိုဆိုသည့် နာမည်သည် အခုခေတ်မှပေးထားသော နာမည်ဖြစ်ပြီး”မရဏဘုံသားတို့၏ စံမြန်းရာ”ဟုအဓိပ္ပာယ်ရသည်။ထိုမြို့ကြီး၏ မူလနာမည်ရင်းအား မည်သူမျှမသိကြပါ။ဒီမြို့ကြီးတွင်ဘယ်လူမျိုးများ နေသွားကြသည်ကိုတော့ အတိအကျ မှန်းဆ၍ မရပါ။
နှစ်ပေါင်းလေးထောင်နီးပါးခန့် စွန့်ပစ်ထားသော ထိုမြို့ကြီးအား ၁၉၁၉ခုနှစ်တွင် အိန္ဒိယရှေးဟောင်း သုတေသနပညာရှင် ဘနာဂျီ မှ စတင်ရှာဖွေတွေ့ရှိခဲ့သော မြို့ကြီး တစ်ခုလုံးပေါ်လာရရန် နှစ်ပေါင်း ၄ဝကြာတူးဖော်ခဲ့ရကြောင်း သိရသည်။
ထိုမြို့ဟောင်းကြီးအား တူးဖော်တွေ့ရှိခဲ့ခြင်းသည်ရှေးဟောင်းသုတေသန လောကအတွက် အဖိုးမဖြတ်နိုင်သော တွေ့ရှိချက် ကြီးတစ်ခုလည်း ဖြစ်ရုံမက နှစ် ၅ဝဝဝကျော်မှ လူ့အဖွဲ့အစည်းတစ်ခု၏
အလွန်အဆင့်အတန်းမြင့်သော မြို့ပြနေထိုင်မှုအကြောင်း လူသားများ သိခွင့်ရလိုက်ခြင်းဖြစ်သည်။
ထိုမြို့ကြီးသည် ပျက်လိုက်ပြန်တည်လိုက်နှင့် တစ်နေရာတည်းတွင် အကြိမ်ကြိမ်အခါခါ ပြန်လည်တည်ဆောက်ထားခဲ့သော လက္ခဏာများကိုလည်းတွေ့ရသည်။ထိုသို့အကြိမ်ကြိမ် ပြန်တည်ရခြင်းသည့် အိန္ဒူမြစ်ဝှမ်းရေလွှမ်းမိုးမှုများကြောင့်ဖြစ်နိုင်သည်။
***သင်စိတ်ဝင်စားနိုင်သော ဆောက်လုပ်ရေးတွင် မရှိမဖြစ်လိုအပ်သော ကွန်ကရစ်အကြောင်း တစေ့တစောင်း***
ဘီစီ ၁၉ဝဝခန့်က လုံးဝလူသူနေထိုင်ခြင်းမရှိတော့သည့် မြို့ပျက်ကြီးဖြစ်သွားခဲ့ပြီးနောက် လူများ၏အမှတ်သညာထဲတွင်ပျောက်ဆုံးသွားခဲ့သော ပြန်လည်တွေ့ရှိသည့် အေဒီ ၁၉၁၉ ခုနှစ်အထိပင်။
ထိုအဆင့်အတန်းမြင့်သော ယဉ်ကျေးမှုကြီးအား ပျက်သုဉ်းစေခဲ့သူများသည်မြောက်ပိုင်းကဝင်ဗရာက်လာခဲ့သည့် အာရိယန်များဖြစ်လိမ့်မည်ဟု ယူဆကြသည်။
ရှေးဟောင်းမြို့တော်ကြီးတွင် အလွန်ခေတ်မီသော Planning ကောင်းသော မြို့ပြ ဖွဲ့စည်းပုံစနစ် မျိုးရှိခဲ့သည့် အကြောင်းပင်ဖြစ်သည်။
ပညာရှင်များ၏လေ့လာတွေ့ရှိချက်များအရ သမိုင်းမတိုင်မီ BC 2500 နှင့် BC 1900 အတွင်း နှစ်ပေါင်းခြောက်ရာခန့် အဓွန့်ရှည်စွာစည်ပင်သာယာ ဝပြောခဲ့သော မိုဟန်ဂျို ဒရိုမြို့ကြီး ၏ မြို့ပြဖွဲ့စည်းပုံစနစ်များသည် ရင်သပ်ရှုမောဖွယ်ဖြစ်နေသည်။
အဆင့်အတန်းမြင့်မာ ပုံမှာယခုခေတ်ဘယ်မြို့မှာ မှ ထိုလောက်ကောင်းသော မြူနီစပယ်စနစ်မျိုးမရှိသေးကြောင်းပြော၍ရသည်။
မြန်မာပြည်တွင် ဘယ်မြို့မှလည်း စနစ်ကျသော Town Planning မရှိသေး။ရှေးဟောင်းမြို့ပျက်နေရာကြီးတွင် တူးဖော်တွေ့ရှိသော အဆောက်အဦများ ပစ္စည်းများကို
ပညာရှင်များလေ့လာချက်အရ သမိုင်းမတိုင်မီ လွန်ခဲ့သော နှစ် ၅ဝဝဝအလွန်က ထွန်းကားခဲ့သော ထိုမြို့ကြီးသည် Urban Planning နှင့် အသေအချာတည်ဆောက်ထားခြင်းဖြစ်ကြောင်း အံ့အားသင့်ဖွယ်သိရသည်။
နေထိုင်သူ လေးသောင်းကျော်ရှိသာ မြို့ကြီးတွင် လေးထောင့်စပ်စပ်အိမ်များကို အုတ်အင်္ဂတေနှင့်ဆောက်လုပ်ထားကြပြီးလမ်းများကိုလည်း
ကျယ်ပြန့်ဖြောင်းဖြူးကြသည်။မြို့လယ်ကောင်တွင် ဈေးနေရာတွင်လုပ်ထားပြီး လူရာပေါင်းများစွာဆန့်သော ညီလာခံခန်းမမျိုး အများပြည်သူနှင့် ဆိုင်သော အဆောက်အဦများ မြို့လည်တွင်ရှိသည်။အိမ်တိုင်းတွင် ရေချိုးခန်းများရှိကြသည်။
ရေချိုးခန်းများကိုကြွေပြားကပ်ထားကြသည်။ရေပူရေအေးစနစ်များရှိသည်။ရေပူရရန်အတွက် ရေချိုးခန်းအောက်တွင် မြေအောက်မီးဖိုကြီးများ ရှိသည်။မြို့လည်တွင်အများသုံးရေကူးကန်ကြီး
တစ်ခုကိုလည်း တွေ့ရသည်။ရေကူးကန်ကြီးဘေးပတ်ပတ်လည်တွင် အဝတ်လဲခန်း၊ရေချိုးခန်းငယ်များရှိပြီး ရေကန်ကိုရေဖြည့်သော စနစ်နှင့် ရေထုတ်သော စနစ်များလည်းရှိသည်။
အိမ်များကိုသောက်သုံး ရေပေးရန်ရေပေးဝေရေးစနစ်များရှိသည်။ထိုအတွက် ရေတွင်းများကို မြို့အနှံ့ တူထားပြီး တမြို့လုံးအား စဉ့်ရေတန်လျှောက်များနှင့် သွယ်တန်းထားပြီးရေပေးဝေသည်။
အိမ်များမှ ထွက်လာသည့်ရေဆိုးများထုတ်ရန်အတွက်လည်း လမ်းဘေးများတွင် ရေဆိုးထုတ်မြောင်းများ ရှိသည်။
ထိုမြောင်းများကိုမြောင်းဖုံးများနှင့် အကျအန ဖုံးအုပ်ထားသည်။တမြို့လုံး အနှံ့ ကွန်ယက်သဖွယ်ရှိသော မိလ္လာ မြောင်းများနှင့် မြို့ပြင်အား စနစ်တကျ စွန့်ထုတ်ကြသည်။
Source:Thuta Zone