မန္တလေး မြို့သာ စက်မှုဥယျာဉ် မြို့တော်ရှိ လုပ်ကိုင်လျက်ရှိနေသော လုပ်ငန်းများ


23 November, 2020

မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှုကော်မရှင်၏ ခွင့်ပြုချက်အရ ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၃၁၃၅၇ သန်း(US $ ၈ ဒသမ ၃၈ သန်းအပါအဝင်)ဖြင့် ၂ဝ၁၉ ခုနှစ်မေလတွင် အပြီးတည်ဆောက်မည့်

SNG Myanmar Limited မှ အထပ် ၁၆ထပ်ပါ အဆင့်မြင့် ဈေးဝယ်စင်တာအား စီးပွားရေး လုပ်ငန်းများ ဆောင်ရွက်ရန် နိုင်ငံတကာအဆင့်မီ ရုံးခန်း တည်ဆောက်၍ ငှားရမ်းခြင်းနှင့် ဆိုင်ခန်းများ ငှားရမ်းခြင်း ဝန်ဆောင်မှု လုပ်ငန်းများ တည်ဆောက်နေခြင်းအား

လည်းကောင်း၊မြစ်ငယ်မြို့ ဒုဠဝတီ မြစ်ကမ်းဘေးရှိ ရင်းနှီးမြှုပ်နှံမှုပမာဏ ငွေကျပ် ၃၃၄၁၇ ဒသမ ၉ဝ သန်း (US$ ၃ဒသမ ၉၉၆ သန်းအပါအဝင်) Resources Group Logistics Limited မှ BOT စနစ်ဖြင့်

ကုန်းတွင်း ဆိပ်ကမ်းဝန်ဆောင်မှု လုပ်ငန်း (Smart Dry Port)တည်ဆောက်နေခြင်းနှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ အမေရိကန် ဒေါ်လာ ၁၁ဒသမ ၃၆၉ သန်းဖြင့် ဆောင်ရွက်နေသည့် KM Terminal and Logistics Limited မှ BOT စနစ်ဖြင့်ကုန်းတွင်းဆိပ်ကမ်း ဝန်ဆောင်မှု လုပ်ငန်းတည်ဆောက်နေခြင်းများအား ကြည့်ရှုစစ်ဆေး ၍ ကုန်စည်များ စနစ်တကျ ထိန်းသိန်းသိုလှောင်နိုင်ရန် အတွက် လုံခြုံရေး စနစ် လေဝင်လေထွက် စနစ်၊ဝန်ထမ်းများ လုပ်ငန်းခွင်အတွင်း

ပျော်ရွှင်စွာ လုပ်ကိုင်နိုင်ရေး၊ဝန်ထမ်း အိမ်ရာနှင့် ရုံးခန်းများ စနစ်တကျ ထည့်သွင်းတည်ဆောက်နိုင်ရေးအတွက်ဖြစ်ကြောင်းသိရသည်။

ထို့နောက် Europe & Asia Beverages Co.,Ltd မှ နို့၊ပဲနို့ရည်အမျိုးမျိုး၊ရေသန့်နှင့် အချိုရည်အမျိုးမျိုး ထုတ်လုပ်ခြင်း လုပ်ငန်း၏ တည်ဆောက်ရေးလုပ်ငန်းခွင်နှင့် ရင်းနှီးမြှုပ်နှံမှု ပမာဏ

ငွေကျပ် ၃၂၃၈၈ ဒသမ ၉၅ သန်းဖြင့်ဆောင်ရွက်နေသည့် တောင်သမန်သစ္စာကုမ္ပဏီလီမိတက်မှ မြန်မာ့ရိုးရာယဉ်ကျေးမှုနှင့် တောင်သမန်ကျေးလက်ခရီးသွား အပန်းဖြေစခန်း (Resort) ဝန်ဆောင်မှု

လုပ်ငန်းတည်ဆောက်နေခြင်း တို့ဖြစ်သည်။

မန္တလေးတိုင်းဒေသကြီး ငါန်းဇွန် မြို့နယ်မန္တလေး မြို့သာ စက်မှုဥယျာဉ် မြို့တော်ရှိ စုစုပေါင်း ရင်းနှီးမြှုပ်နှံမှု အမေရိကန်ဒေါ်လာ ၈ ဒသမ ၉၅ဝသန်း ဖြင့်လုပ်ငန်းဆောင်ရွက်နေသော Japfa Comfeed Myanmar Pte.,Ltd နှင့်

ရင်းနှီးမြှုပ်နှံမှုပမာဏ အမေရိကန် ဒေါ်လာ ၁၄ ဒသမ ၅၉၉ သန်းဖြင့် လုပ်ငန်းဆောင်ရွက်နေသည့် De Huse Myanmar Co.,Ltd တို့မှ တိရစ္ဆာန်အစာ ထုတ်လုပ်ခြင်းနှင့် ရောင်းဝယ်ဖြန့်ဖြူးခြင်း လုပ်ငန်းတို့ ရှိသည်။

မြို့သာစက်မှုမြို့တော် စီမံကိန်း လုပ်ငန်းတွင် ၂ဝ၁၆ ခုနှစ် မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီခြောက်ခုဖြင့် မြေဧက ၁၁၄ဝ၄ပေါ်တွင် အကောင်အထည်ဖော် ဆောင်ရွက်လျက်ရှိပြီး နိုင်ငံတကာအဆင့်မီ ဂေါက်ကွင်း တစ်ကွင်း၊

စက်ရုံများ သိုလှောင်ရုံများ၊ဘဏ်များ၊ဆေးရုံ၊စာသင်ကျောင်း၊ဈေးနှင့် လူနေအိမ်ရာအဆောက်အအုံများ ပါဝင်ဆောင်ရွက်နေကြောင်းနှင့် ထပ်မံ၍ ပြည်တွင်းပြည်ပ ရင်းနှီးမြှုပ်နှံမှု ကုမ္ပဏီများကို ဖိတ်ခေါ်၍

ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

Infrastructure and Zones Read 193 times