ပခုက္ကူနှင့် မကွေးတိုင်းဒေသရှိ အဆောက်အအုံတည်ဆောက်ရန် အိတ်ဖွင့်တင်ဒါခေါ်ယူ


09 November, 2020

၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာရေးနှစ် ပြည်ထောင်စုငွေလုံးငွေရင်းရန်ပုံငွေဖြင့်မကွေးတိုင်းဒေသကြီးအတွင်း ပညာရေးဝန်ကြီးဌာန၊အဆင့်မြင့်ပညာဦးစီးဌာန၊ပခုက္ကူတက္ကသိုလ်တွင် အဆောက်အအုံတစ်လုံးနှင့် မကွေးတိုင်းဒေသကြီး စာရင်းစစ်ချုပ်ရုံးလက်အောက်ရှိ မြို့သစ်မြို့နယ်တွင် စာရင်းစစ်ရုံးဝန်ထမ်းအိမ်ရာတစ်လုံးဆောက်လုပ်ရန်အတွက် ကုမ္ပဏီများထံမှ အိတ်ဖွင့်တင်ဒါတင်သွင်းရန် ဖိတ်ခေါ်ထားကြောင်းသိရသည်။

ညွှန်ကြားရေးမှူး(မြို့ပြ)ရုံး၊လမ်းဦးစီးဌာန၊မကွေးတိုင်းဒေသကြီး၊မကွေးမြို့တွင် တင်ဒါလျှောက်လွှာများကို ရယူနိုင်သည်ဖြစ်ကြောင်းသိရသည်။

တင်ဒါလျှောက်လွှာပုံစံများကို ၁၈.၉.၂ဝ၁၇(တနင်္လာနေ့)နံနက် ၉နာရီခွဲ တွင် စတင်ရောင်းချမည်ဖြစ်သည်။

တင်ဒါအာမခံ စပေါ်ငွေပေးသွင်းသည့် PO-Cheque အပ်နှံရမည့် နောက်ဆုံးရက်မှာ ၂၈.၉.၂ဝ၁၇(ကြာသပတေးနေ့) ညနေ ၄နာရီခွဲဖြစ်သည်။

စာအိတ်(A) တင်သွင်းရမည့် နောက်ဆုံးရက်မှာ ၂၉.၉.၂၀၁၇(သောကြာနေ့)ညနေ ၄နာရီခွဲဖြစ်ပြီး ၁၂.၁ဝ.၂၀၁၇ (ကြာသပတေးနေ့)နံနက် ၉နာရီတွင် တင်ဒါဖွင့်မည်ဖြစ်ကြောင်းသိရသည်။

မြို့တော်ခန်းမ၊မကွေးမြို့တွင် တင်ဒါဖွင့်မည် ဖြစ်ကြောင်းသိရသည်။

တင်ဒါ အကြောင်း အရာများအား အသေးစိတ်သိရှိလိုပါက မကွေးတိုင်းဒေသကြီး၊ လမ်းဦးစီးဌာန၊ ဖုန်းနံပါတ်-(၀၆၃-၂ဝ၂၃၀၁၈၊ ၀၆၃-၂ဝ၂၅၁၈၇) တို့အား ရုံးချိန်အတွင်း ဆက်သွယ်စုံစမ်းနိုင်ကြောင်း သိရသည်။

Myanmar Alinn

Office Read 177 times