ပုသိမ်မြို့ရှိ ဝန်ထမ်းအိမ်ရာများအတွက် အိတ်ဖွင့်တင်ဒါခေါ်ယူ


09 November, 2020

ဧရာဝတီတိုင်းဒေသကြီးလွှတ်တော် ၂ဝ၁၇-၂ဝ၁၈ဘဏ္ဍာရေးနှစ်ခွင့်ပြုရန်ပုံငွေဖြင့် အောက်ပါလုပ်ငန်းများဆောင်ရွက်ရန်အတွက် အိတ်ဖွင့်တင်ဒါတင်သွင်းသွားရန် ဖိတ်ခေါ်ထားကြောင်း သိရသည်။

လွှတ်တော်ကိုယ်စားလှယ်မျး တည်းခိုဆောင်(၁)ဆောင်၊ဝန်ထမ်းအိမ်ရာ(၂)ခန်းတွဲ RC နှစ်ထပ် (၁)လုံး၊ဝန်ထမ်းအိမ်ရာ(၄)ခန်းတွဲ RC နှစ်ထပ်(၂)လုံး ဆောက်လုပ်ရန်တင်ဒါခေါ်ယူထားကြောင်း သိရသည်။

တင်ဒါစည်းကမ်းများနှင့် အိတ်ဖွင့်တင်ဒါလျှောက်လွှာပုံစံများကို ၆.၁ဝ.၂ဝ၁၇ ရက်မှ စပြီး ဧရာဝတီတိုင်းဒေသကြီး လွှတ်တော်ရုံးတွင် ရုံးချိန်အတွင်း ဝယ်ယူနိုင်ပြီး ၂၆.၁ဝ.၂ဝ၁၇ နေ့လည် ၁နာရီတွင် နောက်ဆုံးထားပြီး ပြန်လည်တင်သွင်း ရမည်ဖြစ်ကြောင်း သိရသည်။

၂၆.၁ဝ.၂ဝ၁၇ နေ့လည် ၂နာရီတွင် တင်ဒါဖွင့်လှစ်သွားမည်ဖြစ်ကြောင်း သိရသည်။

လုပ်ငန်းရှင်များသည် တင်ဒါ အဆိုပြုလွှာနှင့်အတူ အဆောက်အဦးဆောက်လုပ်ခွင့် လိုင်စင်ကုမ္ပဏီမှတ်ပုံတင်မိတ္တူနှင့်အတူ

အဆောက်အဦ ဆောက်လုပ်ခွင့်လိုင်စင်ကုမ္ပဏီမှတ်ပုံတင် မိတ္တူနှင့် ကုမ္ပဏီ Profile တို့ကို ပူးတွဲတင်ပြရမည်ဖြစ်ကြောင်းသိရသည်။

တင်ဒါပုံစံနှင့် အသေးစိတ်အချက်အလက်များကို ဖုန်းနံပါတ်(၀၄၂-၂၃၆၃၇၊ ဝ၄၂-၂၃၆၇၇၊ ဝ၄၂-၂၃၉၈၂)သို့ရုံးချိန်အတွင်း ဆက်သွယ်နိုင်ကြောင်း သိရသည်။

Source: The Mirror

Public Housing Read 183 times