ဒီဇိုင်းစိတ်ကြိုက်ရွေးချယ်ပြီး ကိုယ်ပိုင်အိမ်ကို အရစ်ကျဖြင့် တည်ဆောက်ပေးမည်


02 October, 2019

ကိုယ်ပိုင်ဂရန်မြေ အမည်ပေါက်မြေပေါ်တွင် ဘဏ်ချေးငွေ ကနဦးပေးသွင်းငွေ ၃ဝရာခိုင်နှုန်း ဖြင့် မိမိကြိုက်နှစ်သက်သည့် ဒီဇိုင်းများ များကို MyanmarArt Construction &Development ကုမ္ပဏီကဆောက်လုပ်ပေးမည်ဖြစ်ကြောင်း ယင်းကုမ္ပဏီက သိရသည်။

အဆိုပါကိုယ်ပိုင်အိမ်များကို အနိမ့်ဆုံးတစ်လလျှင် ကျပ်တစ်သိန်းခွဲပေးသွင်းရုံဖြင့် တည်ဆောက်နိုင်သည့် အိမ်များအပြင် ဘဏ်နှင့် တည်ဆောက် သူ၏ ဝင်ငွေခွင့်ပြုချက်အရ တန်ဖိုးမြင့်အိမ်များကိုလည်း ဆောက်လုပ်ပေးမည်ဖြစ်ကြောင်း အဆိုပါကုမ္ပဏီမှ တာဝန်ရှိသူကပြောသည်။

“မြန်မာပြည်မှာ အခြေခံလူတန်းစားတက်နိုင်အောင်လုပ်ပေးမှာပါ။ တစ်လကိုတစ်သိန်းခွဲလောက်သွင်းပြီး အိမ်ဆောက်လို့ ရအောင်လုပ်ပေးမှာပါ။မြေပိုင်ရှိတယ်။အဆောက်အအုံဆောက်ချင်တယ်ဆိုရင်ကုန်ကျစရိတ်ရဲ့ ၃ဝရာခိုင်နှုန်းကို ပေးသွင်းရမှာဖြစ်ပါတယ်”ဟု MyanmarArt Construction &Development ကုမ္ပဏီ မန်နေဂျင်းဒါရိုက်တာ ဦးကျော်စွာဟိန်းကပြောသည်။

ကိုယ်ပိုင်မြေပေါ်တွင် ပိုင်ဆိုင်မှုအခိုင်အမာရှိသူများအနေနှင့် အိမ်ရာဆောက်လုပ်ခွင့်ချေးငွေကို KBZဘဏ်တွင် လျှောက်ထားနိုင်ပြီး MyanmarArt Construction &Development ကုမ္ပဏီက တာဝန်ယူဆောက်လုပ်မည်ဖြစ်သည်။

အိမ်ဆောက်လုပ်ရန်လျှောက်ထားရာတွင် မြေပေါ်တွင်ပိုင်ဆိုင်မှုခိုင်မာမှုနှင့် ဝင်ငွေရလမ်းနှစ်ခုသာ တင်ပြရမည်ဖြစ်ပြီး ကုမ္ပဏီကဘဏ်သို့တင်ပြ၍ ဘဏ်ကစိစစ်မှုများကို ဆောင်ရွက်ပြီးစီးချိန်တွင်မြေပိုင်ရှင်က ကုမ္ပဏီနှင့် အိမ်ဒီဇိုင်းကိုညှိုနှိုင်း ရမည်ဖြစ်ကြောင်း ဦးကျော်စွာဟိန်းကဆိုသည်။

လပေးစနစ်ဖြင့် အိမ်ဆောက်လုပ်ရန် လျှောက်ထားလိုသူများအနေဖြင့် imyanmar House.comတွင် လျှောက်ထားနိုင်ပြီး ကနဦးပေးသွင်းငွေ ၃ဝရာခိုင်နှုန်းပေးသွင်း၍ ကျန် ၇ဝရာခိုင်နှုန်းကို ၃နှစ်မှ ၂၅နှစ် အထိ အရစ်ကျဖြင့် လျှောက်ထားနိုင်ကြောင်း၊လျှောက်ထားရန်ကြာချိန်မှာ စာရွက်စာတမ်းပြည့်စုံပါက အချိန်နှစ်ပတ်မှ လေးပတ်အထိ ကြာမြင့် နိုင်သည်။

Myanmar Builders Guide

Local Read 49 times