နိုင်ငံတကာ သုတေသနနှင့် အတိုင်ပင်ခံ လုပ်ငန်း အောက်စဖို့ဒ် စီးပွားရေး လုပ်ငန်းစုမှ မြန်မာနိုင်ငံ အကြောင်း နှစ်စဉ်ထုတ်ပြန်သည့် စီးပွားရေးနှင့် ရင်းနှီးမြှုပ်နှံရေး အစီရင်ခံစာကို ယခုနှစ်ကုန်တွင် ထုတ်ပြန်သွားမည်ဖြစ်ပြီး
ယင်းအစီရင်ခံစာသည် ပြည်တွင်းသို့ လာရောက်ရင်းနှီးမြှုပ်နှံလိုသူများအတွက် အထောက်အကူကောင်း ဖြစ်စေမည်ဟု မျှော်လင့်ထားကြောင်းသိရသည်။
အစီရင်ခံစာအတွင်း ယမန်နှစ် ဒီဇင်ဘာလက အတည်ပြုထားသည့် ကုမ္ပဏီများ ဆိုင်ရာ ဥပဒေအကြောင်းနှင့် ရင်းနှီးမြှုပ်နှံသူများအပေါ် အဆိုပါဥပဒေ အကျိုးသက်ရောက်နိုင်မှုများ ပါဝင်မည်ဖြစ်သည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများသည် ပြည်တွင်း ကုမ္ပဏီ တစ်ခု၏ ရှယ်ယာ ၃၅%အထိ ပိုင်ဆိုင်နိုင်ခွင့် ရှိမည့် သမိုင်းဝင် နည်းဥပဒေရေးရာ အပြောင်းအလဲများနှင့် စပ်လျဉ်း၍ အဓိက ဖော်ပြထားကြောင်း သိရှိရပြီး
ယင်းအပြောင်းအလဲ များကြောင့် နိုင်ငံခြားမှ ရင်းနှီးမြှုပ်နှံသူများသည် မြန်မာနိုင်ငံတွင် စီးပွားရေး လုပ်ငန်းများ ပိုမို လုပ်ဆောင်နိုင်မည်ဟု လည်း ယင်းအစီရင်ခံအတွင်းဖော်ပြသွားမည်ဖြစ်ကြောင်းသိရသည်။
နိုင်ငံခြား ရင်းနှီးမြှုပ်နှံသူများ ရှယ်ယာအရောင်းအဝယ် ပြုလုပ်နိုင်စေရန် အတွက် ရန်ကုန်စတော့ အိပ်ချိန်း၏ အရောင်းအဝယ်ဆိုင်ရာ စည်းမျဉ်းများ အားဖြေလျှော့ပေးခဲ့သည့် ဆုံးဖြတ်ချက်နှင့် ပတ်သက်၍လည်း အစီရင်ခံစာ အတွင်း ခန့်မှန်းထည့်သွင်း ဆွေးနွေးပေးမည်ဖြစ်သည်။
နည်းဥပဒေပိုင်းဆိုင်ရာ ရှုထောင့်များအဖြစ် လုပ်ငန်းရှင်များသည် ယင်းတို့လုပ်ငန်းများ အား နိုင်ငံခြားသားပိုင်ကုမ္ပဏီအဖြစ်မှ ပြည်တွင်းကုမ္ပဏီအဖြစ်ပြောင်းလဲရာ တွင် နှင့် ပြည်တွင်းကုမ္ပဏီများမှ
နိုင်ငံခြားသားပိုင်အဖြစ် ပြောင်းလဲရာတွင် ပိုမိုလွယ်ကူနိုင်မည့် နည်းလမ်းမာျးနှင့် စည်းမျဉ်းဥပဒေသစ်များအကြောင်း ကိုလည်းဖော်ပြပေးသွားမည်ဖြစ်သည်။
မြန်မာတွင် စည်းမျဉ်းဥပဒေအသစ်များ ထပ်မံပြဋ္ဌာန်းခဲ့သော်လည်းနိုင်ငံ၏ အခြေခံ တရားမူဘောင် တည်ဆောက်ပုံသည် ဆက်လက်ခိုင်မာနေသည်။
လတ်တလော ပြဋ္ဌာန်းထားသည့် ကုမ္ပဏီများ ဥပဒေနှင့် ကွန်ဒို ဥပဒေများသည် နိုင်ငံခြားရင်းနှီးမြှုပ်နှံမှုများ ပိုဝင်လာစေရန် ရည်ရွယ်ပြီး ပြဋ္ဌာန်းထားခြင်းဖြစ်သည်။
The Report:Myanmar 2019 တွင် အောက်စဖို့ဒ်စီးပွားရေးလုပ်ငန်းစုမှ သုတေသန အဖွဲ့၏ ခြောက်လခန့်ပြုလုပ်ထားသည့်ဆန်းစစ် လေ့လာချက်များ ပါဝင်မည်ဖြစ်ပြီး
ထုတ်ပြန်ချက်တွင် မေခရိုစီးပွားရေး၊အခြေခံအဆောက်အအုံ၊ဘဏ်လုပ်ငန်း နှင့် အခြား သော ကဏ္ဍအလိုက် တိုးတက်မှုများ အပါအဝင် စီးပွားရေးကဏ္ဍတစ်ခုလုံး၏ ဦးတည်ချက်များနှင့်
ဖွံ့ဖြိုးတိုးတက်မှုများအပေါ် ခန့်မှန်းချက်များ ပါဝင်သည်။
အစီရင်ခံစာအား မြန်မာနိုင်ငံ ရင်းနှီးမြှုပ်နှံမှု ကော်မရှင်နှင့် ပူးတွဲထုတ်ပြန်မည်ဖြစ်သည်။