ပခုက္ကူ လေဆိပ်ကိုသာ နိုင်ငံတကာလေဆိပ်အဖြစ် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး Boeing 737-800 လေယာဉ်များအထိ ဆင်းသက်နိုင်ရန် အဆင့်မြှင့်တင်သွားမည်ဖြစ်ပြီး ပုဂံ-ညောင်ဦးလေဆိပ်ကိုမူ အဆင့်မြှင့်တင်ဦးမည်မဟုတ်သေးကြောင်း ပို့ဆောင်ရေးနှင့်ဆက်သွယ်ရေးဝန်ကြီးဌာနမှ သိရသည်။
ပုဂံယဉ်ကျေးမှု အမွေအနှစ်ဒေသအား ကမ္ဘာ့အမွေအနှစ်စာရင်းဝင်အဖြစ် သတ်မှတ်ခံရပြီးဖြစ်၍ နိုင်ငံတ ကာခရီးသွားများပိုမိုဝင်ရောက်လာနိုင်ပြီး အထူးသဖြင့် လေယာဉ်ဖြင့် လာရောက်မည့်ခရီး သည်အရေအတွက် တိုးတက်များပြားလာနိုင်သည့်အပေါ် ပုဂံ-ညောင်ဦးလေဆိပ်သို့ လေယာဉ်ကြီးများ ဆင်း/တက်ခြင်းကိုခွင့်မပြုဘဲ လက်ရှိ ပြည်တွင်းလေကြောင်းလိုင်းများတွင် အသုံးပြုနေသော လေယာဉ်များဖြစ်သည့် Embraer-190 နှင့် ATR-72 လေယာဉ်များကိုသာ ဆက်လက်ဆင်းသက်အသုံးပြုသွားစေမည်ဖြစ်ကြောင်း သိရသည်။
ထို့ကြောင့် လေဆိပ်၏ဝန်ဆောင်မှုလုပ်ငန်းများကို ကောင်းမွန်စွာဆောင်ရွက်မည်ဖြစ်ပြီး လေဆိပ်အဆောက်အအုံကို အကြီးစားမွမ်းမံပြင်ဆင်မည်ဖြစ်ကြောင်း သိရသည်။
ပုဂံ-ညောင်ဦးလေဆိပ်နှင့် (၂၂) မိုင်ခန့်ကွာဝေးသော ပခုက္ကူလေဆိပ်အား Master Plan ရေးဆွဲ၍ ရေရှည်စီမံကိန်းအနေဖြင့် နိုင်ငံတကာမှ Boeing 737-800 လေယာဉ်များအထိ ဆင်းသက်အသုံးပြုနိုင်ရေးအတွက် နိုင်ငံတကာလေဆိပ်အဖြစ်အဆင့်မြှင့်တင်ခြင်းလုပ်ငန်းကို ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
ပခုက္ကူလေဆိပ်သည် မြေဧရိယာ စုစုပေါင်းမှာ ( ၉၆၅ ဒသမ၃၅) ဧကရှိပြီး ပင်လယ်ရေမျက်နှာပြင်အထက် အမြင့်ပေ ၃၅၀ တွင်ရှိသည်။လေယာဉ်ပြေးလမ်း ၈၅၀၀ ပေ၊အကျယ် ပေ ၁၀၀ ရှိပြီးနိုင်လွန်ကတ္တရာအမျိုးအစားပြေးလမ်းဖြစ်ကြောင်း၊ ၂၀၁၅ခုနှစ် မတ်လ၃ရက်နေ့တွင် ၎င်းလေဆိပ်အတွက် လျော်ကြေးပေးချေရမည့် ယာမြေ စုစုပေါင်း (၉၃၅ဒသမ၉၃) ဧကအတွက်တိုင်းဒေသကြီး မြေအသုံးချမှုစီမံခန့်ခွဲရေးကော်မတီမှအတည်ပြုသတ်မှတ်နှုန်းထားအတိုင်း စုစုပေါင်းလျော်ကြေးငွေကျပ် ၁၄၀၃ ဒသမ ၈၉၅ သန်းအား တောင်သူများအားပေးလျော်ပြီး ဖစ်ကြောင်းလည်း သိရသည်။