ပလက်ဝစက်မှုဇုန်တည်ထောင်ရန်စက်မှုဝန်ကြီးဌာနစီစဉ်နေ


02 November, 2020

ချင်းပြည်နယ်၊ပလက်ဝမြို့၌ပလက်ဝစက်မှုဇုန်တည်ထောင်ရန်အတွက် စက်မှုဝန်ကြီးဌာနအနေဖြင့် စီစဉ်နေကြောင်းပြည်ထောင်စုဝန်ကြီးကမေလ ၂၅ ရက်နေ့တွင်ပြောကြားလိုက်သည်။


ချင်းပြည်နယ်အတွင်း အရည်အသွေးတိုးမြှင့် ထုတ်လုပ်နိုင်သောအသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများ SME ကို ပြန်လည် စိစစ်ပြီးချင်းရိုးရာယက်ကန်း ထုတ်ကုန်များ၊ ဂျင်း၊ 'ဝ'ဥ၊ကော်ဖီ အစရှိသည့် လုပ်ငန်းအသီးသီးက SME လုပ်ငန်းများဖွံ့ဖြိုးစေရန် ရည်ရွယ်ချက်ဖြင့်စက်မှုဇုန်တည်ထောင်ရန် စီစဉ်ရခြင်းဖြစ်ကြောင်းလည်းပြောကြားခဲ့သည်။

SME လုပ်ငန်းများဖွံ့ဖြိုးရေးရရှိရေးအတွက်ကူညီဆောင်ရွက်ပေးနေသည့်အခါတွင်နိုင်ငံတကာအဆင့်မီ ထုပ်ပိုးမှုပုံစံကအစအဆင့်မြှင့်တင်ပေးဖိုလိုအပ်နေသည်ကိုတွေ့ရှိရပါသည်။

ယခုကဲ့သို့ဒီဇိုင်းအသစ်အဆန်းများတီထွင်ရန်အတွက်လိုအပ်သည့်လူ့စွမ်းအားအရင်းအမြစ် ရရှိရေးအတွက်လည်းချင်းပြည်နယ်တွင်ပလက်ဝစက်မှုဇုန်တည်ထောင်ရန်အစီအစဉ်ရှိကြောင်းလည်းပြောကြားသည်။

ထိုသို့စက်မှုဇုန်တည်ထောင်သည့်အခါအသေးစားနှင့်အလတ်စားစက်မှုလုပ်ငန်းများဖွံ့ဖြိုးရေးအတွက် မရှိမ ဖြစ်လိုအပ်သောလူ့စွမ်းအားအရင်းအမြစ်များကို လေ့ကျင့်သင်ကြားပေးရန်သက်မွေးသင်တန်းကျောင်းတစ်ခုကို ထည့်သွင်းတည်ဆောက်သွားမည်ဟု၎င်းကဆိုသည်။

စက်မှုဇုန်တည်ထောင်ပြီး ထုပ်ပိုးမှုပုံစံအပြင်ဈေးကွက်ရှာဖွေခြင်းလုပ်ငန်းများကိုလည်းကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်ရန်လိုအပ်သည့် ချေးငွေများရရှိရေးအတွက်ဆောင်ရွက်နေကြောင်း ၎င်းက ထည့်သွင်းပြောကြားခဲ့သည်။

imyanmarhouse

Region Real Estate & Properties Read 62 times